ရုံးတက်ရုံးဆင်းဖက်ရှင်များကို စမတ်ကျကျ ဝတ်ဆင်ချင်တဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ တီရှပ်၊ စတိုင်လ်ဘောင်းဘီတို့ကို နက်ခ်တိုင်နဲ့ တွဲဖက်ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။

နက်ခ်တိုင်သည် မြန်မာနိုင်ငံရှိ အမျိုးသားများ ဝတ်ဆင်နေကျမဟုတ်တဲ့အတွက်ကြောင့် နက်ခ်တိုင် ရွေးချယ်တဲ့အခါ မှန်ကန်တဲ့ နက်ခ်တိုင်မျိုး ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။

ဒါဆိုရင် နက်ခ်တိုင်ကို ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်သင့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အဖြူရောင် တီရှပ်နဲ့ အစင်းကျား နက်ခ်တိုင်ကို တွဲဖက်ဝတ်ဆင်ပါ

Shirt and Tie Combinations for men

တီရှပ်နဲ့  ပတ်သက်လာရင်တော့ အဖြူရောင် တီရှပ်သည် Basic အကျဆုံး တီရှပ်တစ်မျိုးဖြစ်ပါတယ်။

Shirt and Tie Combinations for men

မည်သည့်ဘောင်းဘီအရောင်နဲ့မဆို လိုက်ဖက်တာကြောင့် နံပါတ်တစ်ဦးစားပေးအနေနဲ့ ရွေးချယ်သင့်ပါတယ်။

ပန်းရောင်တီရှပ်နှင့် ဝိုင်နီရောင် ဗြောင်နက်ခ်တိုင်

Shirt and Tie Combinations for men

ပန်းရောင်တီရှပ်သည် အမျိုးသားများ ဝတ်ဆင်ရမှာ ကြောက်ရွံ့ကြတဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။

Shirt and Tie Combinations for men

ဒါပေမဲ့ တကယ်တမ်း ဝတ်ဆင်ကြည့်တဲ့အခါ ဘယ်လောက်တောင် ဖက်ရှင်ကျစေသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းတွေ့မြင်သွားပါလိမ့်မယ်။

အပြာနုရောင် တီရှပ်နှင့် ခရမ်းရောင် နက်ခ်တိုင်

Shirt and Tie Combinations for men

အပြာနုရောင်တီရှပ်ကတော့ အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်တစ်မျိုးဖြစ်ပါတယ်။

Shirt and Tie Combinations for men

ထိုတီရှပ်ကို ခရမ်းရောင် နက်ခ်တိုင်နဲ့ တွဲဝတ်ရင်တော့ အလိုက်ဖက်ဆုံးဖြစ်သွားပါလိမ့်မယ်။

အစင်းကျား နက်ခ်တိုင်နှင့် ဒေါင်လိုက် အစင်းကျား ရှပ်အင်္ကျီ

Shirt and Tie Combinations for men

အစင်းကျားရှပ်အင်္ကျီများကို နက်ခ်တိုင်နဲ့ တွဲဝတ်တဲ့အခါ အနည်းငယ် သတိထားဖို့တော့လိုအပ်ပါလိမ့်မယ်။ အမှားအယွင်း မရှိချင်ဘူးဆိုရင်တော့ အရောင်ရင့်ရင့် ဗြောင်နက်ခ်တိုင်မျိုးကို ရွေးချယ်သင့်ပါတယ်။

Shirt and Tie Combinations for men

ဒါပေမဲ့ သင့်အနေနဲ့ အစင်းကျားရှပ်ပေါ်မှာ အစင်းကျားနက်ခ်တိုင်လ်မျိုး ရွေးချယ်ချင်တယ်ဆိုရင်တော့ ထောင့်ဖြတ်အစင်းကျားမျိုးကို ရွေးချယ်သင့်ပါတယ်။

အပြာရောင်ရှပ်အနှင့် အပြာရောင် နက်ခ်တိုင်

Shirt and Tie Combinations for men

စမတ်ကျကျနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်ချင်သူများအတွက် အပြာရောင်သည် အလိုက်ဖက်ဆုံးပါပဲ။

Shirt and Tie Combinations for men

ရှပ်ကို အပြာနုရွေးမယ်ဆိုရင် နက်ခ်တိုင်ကို အပြာရင့်ရွေးပါ။ ရှပ်ကို အပြာရင့် ဝတ်မယ်ဆိုရင်တော့ နက်ခ်တိုင်ကို အပြာနု ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

မီးခိုးရောင်ရှပ်နှင့် အနက်ရောင် နက်ခ်တိုင်

Shirt and Tie Combinations for men

မီးခိုးရောင်နဲ့ အနက်ရောင်သည်လည်း လိုက်ဖက်တဲ့ အတွက်အစပ်တစ်ခုဖြစ်ပြီး ဝတ်ဆင်သူကို ရင့်ကျက်တည်ငြိမ်တဲ့အသွင် ဖန်တီးပေးပါတယ်။

Source: Fashionhombre.com

Featured Image Source: Fashionbeans