အာဆင်နယ်ကြယ်ပွင် နောက်ခံကစားသမား ဂါဘရီရယ်ဟာ ၎င်းရဲ့ ကားဂိုဒေါင်မှ ပေါင် ၄၅,၀၀၀ တန် မာစီဒီးကားကို ခိုးယူရန် ကြိုးစားခဲ့တဲ့ ဘေ့စ်ဘောတုတ်ကိုင်ဆောင်ထားတဲ့ လုယက်သူတစ်ဦးနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း Sportsmail က ဖော်ပြခဲ့ပါတယ်။

Shocking moment Arsenal star Gabriel fights off masked thugs in horror baseball bat attack over his £45k Mercedes

Photo : The Irish Sun

ဂါဘရီရယ်ဟာ သူ့ရဲ သူငယ်ချင်းဖြစ်သူနဲ့ Night Out ထွက်ပြီး အိမ်သို့အပြန်မှာ လုယက်သူနှစ်ဦး နောက်ယောင်ခံလိုက်လာခဲ့ပြီး ဂါဘရီရယ်ရဲ့ ဖုန်း ၊ ကားသော့နဲ့ နာရီတို့ကို အနုကြမ်းစီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

လုယက်သူတွေထဲက တစ်ယောက်ဟာ ဘရာဇီးကြယ်ပွင့်ကို ဘေ့စ်ဘောတုတ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဂါဘရီရယ်က ဝင်လုံးကာ ခုခံတိုက်ခိုက်ခဲ့တာကြောင့် လုယက်သူတွေ ပြန်လည်ထွက်ပြေး သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါရုန်းရင်းဆန်ခတ် ဖြစ်စဉ်မှာ လုယက်သူ ကျကျန်ခဲ့တဲ့ ဦးထုပ်ကို DNA စစ်ဆေးခဲ့ရာမှာတော့ အသက် ၂၆ အရွယ် မြူဇ့်လို့ အမည်ရတဲ့ လူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရပြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ အဆိုပါ အနုကြမ်းသမားကို ဖမ်းဆီးရမိပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

တရားရုံးမှာ သက်သေအဖြစ်တင်သွင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်တဲ့ CCTV သက်သေမှတ်တမ်းမှာတော့ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ဂါဘရီရယ်ရဲ့အိမ်က ကားဂိုထောင်အတွင်းကို လက်နက်ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးဝတ် အနုကြမ်းသမား မြူဇ့်နဲ့ သူရဲ့အပေါင်းအပါတွေ ဝင်ရောက်လာခဲ့ပြီး ဂါဘရီရယ်နဲ့သူငယ်ချင်းဖြစ်သူတို့အား တိုက်ခိုက်ခဲ့တဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့ရှိခဲ့ရပါတယ်။

ဂါဘရီရယ်ဟာ လက်နှစ်ဖက်မြောက်ထားပြီး သူရဲ့ ကားသော့ နဲ့ နာရီတို့ကို အနုကြမ်းသမားထံပေးခဲ့ပြီးနောက် ဘေ့စ်ဘောတုတ်ကိုင်ထားတဲ့ လုယက်သူကိုမထင်မှတ်ပဲ ရုတ်တရက် တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ဂါဘရီရယ်ရဲ့ အိမ်အတွင်းမှ ပြန်လည်ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

Shocking moment Arsenal star Gabriel fights off masked thugs in horror baseball bat attack over his £45k Mercedes

Photo : YoursBulletin

” လုယက်သူတွေက သူတို့ ပစ်မှတ်ထားတဲ့ သူကို နာမည်ကြီးဘောလုံးသမားတစ်ယောက်ဆိုတာ သိဟန်မပေါ်ပါဘူး ၊ သူဌေးသူကြွယ်တစ်ယောက်အထင်နဲ့ပဲ သူ့အိမ်ကို နောက်ယောင်ခံလိုက်သွားခဲ့တာပါ ၊ နာမည်ကြီး ဘောလုံးသမားတစ်ယောက်ဖြစ်လို့ ပစ်မှတ်ထားတာမဟုတ်ပေမယ့် ကားကောင်းကောင်း ၊ အိမ်ကောင်းကောင်း တွေ့တော့ ချမ်းသာလို့ လုယက်ဖို့ ဆုံးဖြတ်ခဲ့တာပါ ၊ ကံဆိုးတာက ၎င်းတို့လုယက်ဖို့ ကြိုးစားလိုက်တဲ့သူက ရဲစွမ်းသတ္တိရှိတဲ့ ကြံ့ခိုင်သူတွေ ဖြစ်နေတာပါပဲ ” လို့ တရားသူကြီးက ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဘရာဇီးကြယ်ပွင့်အနေနဲ့ ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။ လုယက်သူတွေထဲက ဖမ်းဆီးရမိတဲ့ မြူဇ့် ဆိုသူဟာ ၂၀၀၉ ခုနှစ်ကတည်းက တားမြစ်လက်နက် ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရာဇဝတ်မှု မှတ်တမ်းများရှိနေခဲ့သူဖြစ်ပြီး ဘိန်းဖြူသယ်ဆောင်မှုနဲ့ပါ ထောင် ၅၆ လ ပြစ်ဒဏ်ကျခံနေခဲ့ရာမှ အာမခံနဲ့ ပြန်လည်လွှတ်မြောက်လာစဉ် အခုလို လုယက်မှု ထပ်မံကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail