ကွီးတို့ စီးနေတဲ့ Shoes တွေကို ပိုပြီး အမြင်ဆန်းသစ်တဲ့ စတိုင်မျိုး ပြောင်းလဲချင်ပါသလား။ ဒါဆိုရင်တော့ Shoes တွေရဲ့ ဒီဇိုင်းကာလာကို အိမ်မှာပဲကိုယ်တိုင် ပြောင်းနိုင်မယ့် DIY နည်းလမ်းလေးတွေ ရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်ပါ။

(၁) Spray Paint စတိုင် DIY အိုင်ဒီယာ

Photo : art ltd. magazine

ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနဲ့ လူတိုင်းလုပ်ကြည့်လို့ အဆင်ပြေပါတယ်။ Spray မှုတ်ဆေးဗူးရှိရုံနဲ့ ကွီးတို့ရဲ့ Shoes တွေကို စတိုင်အသစ်တစ်ခု ပြောင်းလဲနိုင်မှာပါ။ Spray မထင်ချင်တဲ့ နေရာတွေကို တိပ်နဲ့ ကပ်ပြီး ဆေးမှုတ်နိုင်ပါတယ်။ အရောင်တောက်တောက် ဘလင်းဘလင်းတွေ ကြိုက်ရင် ရွှေရောင် ဒါမှမဟုတ် ငွေရောင် Spray တွေ သုံးနိုင်ပါတယ်။ မတူတဲ့ အရောင်ကွဲ ၂ ရောင် ၃ ရောင် ပေါင်းစပ်ပြီးလည်း ဖန်စီကျကျ ဖန်တီးလို့ရပါတယ်။

(၂) Abstract စတိုင် DIY အိုင်ဒီယာ

Photo : Crafting News

Abstract ဒီဇိုင်းကတော့ လူငယ်ပိုင်းတွေ တော်တော်လေး ကြိုက်နှစ်သက်ကြပါတယ်။ အနည်းငယ်ရှုပ်ထွေးတဲ့ ဒီဇိုင်းကိုမှ စိတ်ထဲရှိသလို ကိုယ့်စိတ်ကြိုက် ဖန်တီးရတာမျိုးပါ။ Shoes ရဲ့ Sole ၊ အတွင်းဘက်နဲ့ တခြား ကိုယ်ဆေးမခြယ်ချင်တဲ့နေရာတွေကို တိတ်နဲ့ကပ်ပြီး ဖိနပ်ရဲ့ကျန်အစိတ်အပိုင်းအားလုံးကို Neon ဆေးရောင်တွေနဲ့ ခပ်ကြမ်းကြမ်း ခပ်လန်းလန်းပုံစံ ဆေးခြယ်ပေးရမှာ ဖြစ်ပါတယ်။

(၃) Tie Dye စတိုင် DIY အိုင်ဒီယာ

Photo : Farfetch

Tie Dye စတိုင်က ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ အပြင် ပြုလုပ်ရတာလည်း လွယ်ကူပါတယ်။ Shoes ပေါ်မှာ အရောင်မတူတဲ့ရောင်စုံ Marker Pens ၂ မျိုး ၃ မျိုးလောက်ကို အရက်ပျံနဲ့ တွဲပြီး သုံးနိုင်သလို အရောင်တင်ဆေးမှုန့်ကို အရည်ဖျော်ပြီး စုတ်တံနဲ့ စိတ်ကြိုက် Tie Dye ပြုလုပ်လို့ ရပါတယ်။ ဝါသနာပါတယ်ဆိုရင် Marker Pens နဲ့ ကြိုက်နှစ်သက်တဲ့ Design ပုံလေးတွေလည်း ကိုယ်တိုင်ရေးဆွဲလို့ ရပါသေးတယ်။

Featured Photo : Farfetch