ဆံပင်ဒီဇိုင်းတွေဟာ ခေတ်အလိုက် အဆန်းအသစ်တွေ ပေါ်နေကြတာ ဆိုပေမယ့် ဆံပင်တို Short Haircuts တွေကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်ဒီဇိုင်းအဖြစ် ရှင်သန်နေဆဲပါ။ ယောင်္ကျားတစ်ယောက်အတွက် အခြေခံအကျဆုံး Haircut ဒီဇိုင်းတစ်ခုက ဘေးနဲ့နောက် ပါးတဲ့ Short Back & Sides ဒီဇိုင်းပါပဲ။ Short Haircut ဒီဇိုင်းဟာ ယောင်္ကျားတစ်ယောက်ရဲ့ လေးစားလောက်တဲ့ အမှတ်အသားတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
ဆံပင်တိုဒီဇိုင်းဟာ မျက်နှာအတော်များများနဲ့ အဆင်ပြေပြီး အဝတ်အစားဝတ်ဆင်ရာမှာလည်း အများကြီး Support ပေးပါတယ်။ Short Haircut တွေထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကြီးတဲ့ စတိုင်တွေ ရှိပါတယ်။ ဒီထဲကမှ သပ်ရပ်ပြီး လူကြီးလူကောင်းဆန်ဆန် ပုံစံလိုချင်တဲ့ အမျိုးသားတွေအတွက် ထားပေးသင့်တဲ့ Short Haircut ပုံစံတချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) The Buzzcut

Photo: Ape To Gentleman
Buzzcut တွေဟာ အရင်တုန်းကတော့ ထောင်ထွက်ကေဆိုပြီး အထင်အမြင်သေးခံခဲ့ရတဲ့ ဆံပင်ဒီဇိုင်း ဖြစ်ပါတယ်။ နောက်တော့ ကမ္ဘာကျော်အမျိုးသားတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း ၊ ဒရိတ်ခ် ၊ ဘရတ်ဒ်ပစ် ၊ ဇေးရ်မယ်လစ်ခ်တို့ ထားလာပြီးတဲ့နောက် Buzzcut ဖက်ရှင်ဟာ Mainstream ဖက်ရှင် ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာလည်း Instagram လို Social Media တွေပေါ်မှာ Buzzcut ကေညှပ်နည်းဟာ ခေတ်စားနေဆဲပါပဲ။
(၂) The Drop-Fade Pompadour

Photo: Ape To Gentleman
၁၉၅၀ ပြည့်လွန်နှစ်တွေက Rock ‘n’ Roll ခေတ်မှာ The Drop-Fade Pompadour ဒီဇိုင်းဟာ လူကြိုက်များခဲ့ပါတယ်။ ဒီဖက်ရှင်ဟာ ဒီနေ့ခေတ်မှာလည်း တကျော့ပြန်လူကြိုက်များလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ပေါ့ပေါ့ပါးပါး သိပ်ဆံပင်ကို အချိန်ပေးပြီး Care မလုပ်နိုင်တဲ့လူတွေအကြားမှာ သပ်ရပ်ပြီး ပြုပြင်ထိန်းသိမ်းရလွယ်ကူတဲ့ Pompadour Cut ဒီဇိုင်း ခေတ်စားလာပါတယ်။
ဘေးနှစ်ဖက်အပါးသား အပေါ်မှာ အုံခပ်ထူထူထားပြီး သပ်သပ်ရပ်ရပ် ဘေးခွဲနောက်လှန်ထားနိုင်လို့ ပွဲတက်လေ့ရှိတဲ့အမျိုးသားတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပဲ။ Pomade နည်းနည်းနဲ့ ဆံပင်ကို ပုံသွင်းပြီး ဘီးနဲ့ သပ်သပ်ရပ်ရပ် ဖြီးထားလိုက်ရင် အတော်ကြီး သပ်ရပ်သားနားသွားမှာပါ။
(၃) The Crew Cut

Photo: Ape To Gentleman
Buzzcut ပြီးရင် Crew Cut ဟာ Short Haircut ထားတဲ့ အမျိုးသားတွေ အနည်းဆုံးတစ်ခါလောက် ထားဖူးတဲ့ နာမည်ကျော်ဒီဇိုင်းပါပဲ။ အပေါ်မှာ ပြောခဲ့သလို Short Back & Sides ဖက်ရှင်ဖြစ်ပြီး မျက်နှာကို အချိုးပိုကျစေသလို အရိုးဖွဲ့စည်းမှုကိုလည်း ပိုပြီး ဟန်ချက်မှန်စေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Classic ဒီဇိုင်း ဖြစ်ပြီး မျက်နှာပုံစံအများစုနဲ့ လိုက်ဖက်တဲ့ဆံပင်ပုံစံပါပဲ။ မျက်နှာဝိုင်းတဲ့လူတွေဆို သွယ်သယောင်ပုံပေါက်စေတာကြောင့် Face Shapes မရွေး ထားနိုင်တယ်လို့ ဆိုချင်ပါတယ်။
(၄) The Textured Crop

Photo: Ape To Gentleman
Textured Crop ဒီဇိုင်းကို Peaky Blinders ရုပ်ရှင်မှာ တွေ့နိုင်ပါတယ်။ စီလီယမ်မာဖီရဲ့ ဆံပင်ပုံစံဟာ ရုပ်ရှင်ကနေ ပြင်ပလောကထဲအထိ Peaky Blinders Haircut ဆိုပြီး နာမည်ကြီးလာပါတယ်။ Textured Crop ကေလိုချင်ရင်တော့ သင့်ဆံပင်ညှပ်ဆရာကို Peaky Blinders ရုပ်ရှင်ထဲက ဒီဆံပင်ပုံစံ ဇာတ်ဝင်ခန်းတစ်ခုဓါတ်ပုံကို ပြလိုက်ရုံပါပဲ။
Featured Photo: Mens Hairstyles Today
