ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စတွေကို ဆောင်ရွက်ရာမှာ ခံယူချက်သဘောထား မှန်ကန်မှုက ဦးဆောင်မှ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောင်မြင်ကျော်ကြားသူတွေ ၊ အတွေးအခေါ်ပညာရှင်တွေ ၊ စာရေးဆရာနဲ့ ထက်မြက်တဲ့ခေါင်းဆောင်တွေရဲ့ စကားကို ဦးနှောက်ထဲ ထည့်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းဖို့ ရွှင်မြူးတက်ကြွစေမယ့် စကားစုတွေ မျှဝေလိုက်ပါတယ်။

(၁) မတူကွဲပြားမှုကို လုပ်ဖို့ ဘယ်သူမှ ပါမွှားလေးပါဆိုတာ မရှိပါဘူး

Photo: japantimes

“ကိုယ့်ကိုယ်ကိုယ် ကွဲပြားခြားနားမှုတစ်ခု လုပ်ဖို့ သေးငယ်လွန်းတယ်လို့ ထင်နေရင် ခြင်တစ်ကောင်နဲ့ အိပ်ကြည့်လိုက်ပါ။”- ဒလိုင်းလားမား (တိဘက်ဘာသာရေးခေါင်းဆောင်)

(၂) သင့်ရွေးချယ်မှုသာ ဖြစ်သည်

Photo: Freepik

“ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းကြေကွဲရအောင်လည်း လုပ်နိုင်တယ်။ ကြံ့ခိုင်သန်မာအောင်လည်း လုပ်လို့ရပါတယ်။ လုပ်အားပမာဏချင်းက အတူတူပါပဲ”- ကားလို့စ် ကတ်စ်တီနာဒါ (အမေရိကန် စာရေးဆရာ)

(၃) K.I.S.S မူဝါဒ သုံးပါ

Photo: japantimes

“ဘဝက တကယ်ဆို ရိုးရှင်းပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကိုက ဘဝကို ရှုပ်ထွေးအောင်ကို လုပ်နေကြတာ” – ကွန်ဖြူးရှပ် (တရုတ်အတွေးအခေါ် ပညာရှင်)
(KISS မူဝါဒဆိုတာ ဒီဇိုင်းတစ်ခု ၊ စနစ်တစ်ခုကို ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် လုပ်တဲ့မူပါ။ KISS ဆိုတာ Keep It Simple , Stupid လို့ အဓိပ္ပါယ်ရပါတယ်။)

(၄) အမြော်အမြင်ကောင်းတစ်ရပ်ဆိုတာ အကောင်းဆုံး လက်တုံ့ပြန်မှုပဲ

Photo: Freepik

“အပြုသဘောဆောင်တဲ့ သဘောထား ခံယူချက်တစ်ခုက သင့်ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာတော့ မဟုတ်ဘူး။ ပြဿနာဖြေရှင်းနိုင်လောက်အောင် ထိုက်တန်ကြောင်း ပြပြီး တခြားသူတွေကို ကျလိကျလိဖြစ်အောင် လုပ်နိုင်မယ်”- ဟမ်အယ်လ်ဘရိုက် (ပထမကမ္ဘာစစ်အတွင်း ဗိုလ်မှူးချုပ်)

(၅) တခြားသူတွေ ကြည့်နေသလိုမျိုး ကပါ

Photo: DW

“ဂီတကို မကြားနိုင်တဲ့သူတွေအဖို့တော့ ကနေတဲ့သူတွေကို ကြည့်ပြီး ရူးနေတယ်လို့ပဲ အောက်မေ့ကြတယ်။” – ဖရက်ဒရစ်နစ်ဇ်ချေး (ဂျာမန်တွေးခေါ်ပညာရှင်)