ဘောင်းဘီတွေကို ကိုယ်တိုင်ဝယ်တော့မယ်ဆိုရင် ဘယ်လိုအမျိုးအစားထဲကပဲ ဝယ်ဝယ် ကိုယ်နဲ့လည်း Fit ဖြစ်ပြီး အမှားအယွင်းမရှိအောင် ရွေးချယ်တတ်ဖို့ အသုံးဝင်ပြီး သိသင့်တဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်။

 

Source: Medical News Today

ပထမအချက်အနေနဲ့ ဘောင်းဘီဝယ်ရင် ဦးစားပေးအနေနဲ့ သတိထားသင့်တာက ဆိုဒ်ပါ။ ဆိုဒ်ကိုရွေးချယ်တဲ့နေရာမှာ ခါးဆိုဒ်ကိုပဲကြည့်လို့မရပါဘူး။ ဘောင်းဘီအရှည်ဆိုဒ်ကိုလည်း သတိထားဖို့လိုပါတယ်။ တကယ်လို့ သင့်ခါးရဲ့ဆိုဒ်က ၃၂ ဆိုရင် အရှည် ၃၄ ရှိတဲ့ဘောင်းဘီမှ သင့်အတွက် သင့်တော်မှာပါ။ ဒီလိုကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်မယ့်ဆိုဒ်ကို ရွေးချယ်စေတတ်ဖို့ဆို ကိုယ့်အတိုင်းအတာကို သိထားအရင်သိထားဖို့လိုပါတယ်။ အတိအကျမသိသေးဘူးဆိုရင်တော့ မဝယ်ခင် ပေကြိုးနဲ့ တိုင်းထားစေချင်ပါတယ်။ ဒါမှလည်း ကိုယ့်အတွက် Perfect ဖြစ်စေမယ့် ဘောင်းဘီကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

 

ဒုတိယအချက်အနေနဲ့ သတိပြုသင့်တာက အကယ်၍ Online ကနေ ဘောင်းဘီမှာတော့မယ့်အခါ မမှာခင်ကိုယ့်အတိုင်းအထွာကို သေချာစွာစစ်ဆေးပြီးမှ မှာယူသင့်ပါတယ်။ ဖိနပ်ဆိုဒ်တောင် နိုင်ငံတကာဆိုဒ်နဲ့ ကိုယ်နိုင်ငံမှာဝယ်ဝတ်နေကျဆိုဒ်ရဲ့ အတိုင်းအတာကမတူလို့ ကိုယ်မှာယူမယ့်ဘောင်းဘီဟာ စင်တီမီတာနဲ့တိုင်းတာလား လက်မနဲ့တိုင်းတာလား စတဲ့မတူညီတဲ့ အတိုင်းအတာကို သေချာစဉ်းစားပြီးမှာ မှာသင့်ပါတယ်။

Source: buzzfeed.com

နောက်ဆုံးအချက်အနေနဲ့ဆိုရင်တော့ ဘောင်းဘီတွေဟာ Cutting တစ်ခုနဲ့တစ်ခုကွာလို့ ကိုယ်နဲ့ တော်မတော်ဆိုတာကို ဒီဇိုင်းပေါ်မူတည်ပြီး ခွဲခြားသင့်ပါတယ်။ Skinny ဆိုအကျပ်ဆုံး ပြီးတော့ Slim Tight နောက်ပြီး Regular ဆိုပြီး ဝတ်လိုက်ရင် Fit ဖြစ်စေတဲ့ ဘောင်းဘီသုံးမျိုးရှိသလို အပွအတွက်ဆိုရင် Relaxed က နေ Loose Baggy ဆိုပြီး ဒီဇိုင်းပေါ်မူတည်၍ ခွဲခြားနိုင်ပါတယ်။

ကဲ…ဒီအချက်တွေနဲ့ဆိုရင်တော့ ကိုယ်ဘောင်းဘီဝယ်တဲ့အခါ ကွီးတို့သတိပြုလို့ရပြီပေါ့။