နည်းပညာတိုးတက်မြင့်မားလာခြင်းနဲ့အတူ လုပ်ငန်းခွင်တွေမှာ ထိုင်ပြီးအလုပ်လုပ်ရတာက ပိုများလာကြပါတယ်။ ကွန်ပြူတာတွေနဲ့ အလုပ်လုပ်ရတဲ့လူဟာ တစ်နေ့ကို ပျမ်းမျှ (၁၀) နာရီခန့် စာပွဲရှေ့မှာ ထိုင်နေကြရပါတယ်။ အများသိထားတဲ့အတိုင်းပဲ လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိစေပါတယ်။ ဒီနေ့တော့ အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။

ဝိတ်တက်လာမယ်

Source: Shakarasquare

လှုပ်ရှားတက်ကြွမှုမရှိတဲ့ လူနေမှုဘဝဟာ ဝိတ်တက်လာစေတယ်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ အထိုင်များခြင်းဟာ အဆီတွေလောင်ကျွမ်းမှုအပေါ် အများကြီးသက်ရောက်စေပါတယ်။ အထိုင်များခြင်းကြောင့် မလိုအပ်တဲ့ အဆီပိုတွေ ခါးမှာစုလာတက်ပါတယ်။ ဒါ့ကြောင့် အစာအများကြီးမစားတာတောင် ဝိတ်တက်လာတာပါ။

သွေလည်ပတ်မှု အားနည်းလာမယ်

Source: Plus 100years

လှုပ်ရှားမှုမရှိခြင်းရဲ့ ထင်ရှားတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ သွေလည်ပတ်မူ အားနည်းလာခြင်းပါပဲ။ အထိုင်များခြင်းကြောင့် ခြေထောက်နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သွေးလည်ပတ်မှုကို နှေးကွေးသွားစေပြီး အခန့်မသင့်ပါက သွေကြောပိတ်တာတွေ ဖြစ်ပွားနိုင်ပါတယ်။

နှလုံးရောဂါ

Source: The Pinge – blogger

ခန္ဓာကိုယ်က အဆီတွေလောင်ကျွမ်းမှုနည်းလာတဲ့အခါ ပြီးတော့ သွေးလည်ပတ်မှု အားနည်းလာတဲ့အခါမှာ နှလုံးသွေးကြောထဲမှာ fatty အက်ဆစ်တွေ တိုးပွားလာပြီး သွေကြောပိတ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အကျိုးဆက်ကတော့ ကိုလက်စထရောပမာဏ မြင့်တက်လာပြီး သွေးတိုးတာ ပြီးတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

ဆီးချိုရောဂါ

Source: Uncaged Ergonomics

(၂၀၁၇) ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထိုင်များခြင်းဟာ ဆီးချိုရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။ တက်ကြွလှုပ်ရှားမှုမရှိတဲ့လူတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားကြပါတယ်။

ကိုယ်နေဟန်ထားမမှန်ခြင်း

Source; Better Health Channel

အဆက်မပြတ်ထိုင်နေတဲ့အခါ ကျွန်တော်တို့ရဲ့ ပခုံးမှာ အားစိုက်မှုပမာဏများလာပြီး ကိုယ်နေဟန်ထားပိုင်းမှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ သင်က ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ကုန်ဆုံးရတဲ့ သူဆိုရင် ကိုယ်နေဟန်ထားပိုင်းမှာ အားနည်းလာနိုင်ပါတယ်။