နိုင်ငံခြားခရီးသွားရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံသွားလည်တဲ့အခါ မမေ့မလျော့ သွားလည်သင့်တဲ့ လှပတဲ့နေရာများကို ဖော်ပြပေးချင်ပါတယ်။

Fushimi Inari Taisha

Fushimi Inari Taisha

Source : Japan Web Magazine

ဒီနေရာသည် ကျိုတိုမြို့တွင် တည်ရှိပြီး ဝင်ကြေးကလည်း အခမဲ့ဖြစ်တဲ့အပြင် ၂၄ နာရီလုံးလည်း ဖွင့်ထားတာဖြစ်ပါတယ်။ Fushimi Inari ဘူတာကနေ ၅ မိနစ်လမ်းလျှောက်ရုံနဲ့ အရောက်သွားနိုင်ပါတယ်။

ဟီရိုရှီးမား အထိမ်းအမှတ်ပြတိုက်

 Memorial Museum

Source : Thousand Wonders

ဒီအထိမ်းအမှတ်ပြတိုက်ကတော့ ၁၉၅၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီပြတိုက်သည် ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် နယူးကလီးယားဗုံးဒဏ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူများကို အမှတ်တရအနေနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

Itsukushima ဗိမာန်

itsukushima shrine

Source : Fravel

ဒီဗိမာန်ကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများဖြင့် အမြဲတမ်းစည်ကားနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီဗိမာန်ရဲ့ ဂိတ်တံခါးဟာဆိုရင် ဒီရေတက်လာသည်နှင့်အမျှ ရေထဲတွင် ဘောလောပေါ်နေသယောင် တွေ့မြင်ရပါတယ်။ ရှေးယဉ်ကျေးမှုအမွေအနှစ်များကို တွေ့မြင်ရမှာဖြစ်သလို သားယဉ်တိရိစ္ဆာန်များကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

Shinjuku ပန်းခြံ

Shinjuku Gyoen

Source : Japan Guide

ဒီပန်းခြံလေးသည် ၁၉၀၆ ခုနှစ်တုန်းက တော်ဝင်မိသားစုများအတွက်သာ သီးသန့်ဆောက်လုပ်ထားတဲ့ ဥယျာဉ်တစ်ခုဖြစ်ပါတယ်။ တိုကျိုမြို့တွင်တည်ရှိပြီး ပန်းခြံထဲတွင် သစ်ပင်အမျိုးပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ သဘာဝအလှအပမြတ်နိုးသူများအဖို့ အသင့်တော်ဆုံးနေရာတစ်ခုပါ။

Himeji ရဲတိုက်

himeji castle

Source : Remote Lands

ဒီရဲတိုက်သည် ဂျပန်နိုင်ငံရှိ ရဲတိုက်ပေါင်း ၁၀၀ ကျော်အနက်မှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရတဲ့ ရဲတိုက်တစ်ခုဖြစ်ပါတယ်။ ၁၆၀၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ရဲတိုက်အပေါ်ကနေ လှမ်းကြည့်လိုက်မယ်ဆိုရင် တစ်မြို့လုံးရဲ့အလှကို ရင်သပ်ရှုမောစွာ ခံစားရမှာဖြစ်ပါတယ်။

Nara ပန်းခြံ

Nara Park

Source : GaijinPot Travel

ဒီပန်းခြံလေးထဲမှာတော့ သမင်လေးတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ မိတ်ဆွေဖွဲ့နိုင်မှာဖြစ်ပါတယ်။ ၁၈၈၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ပန်းခြံဖြစ်ပြီး တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၃ သန်းခန့်ကို ဆွဲဆောင်နေတဲ့ ပန်းခြံတစ်ခုပါ။

ထိုပန်းခြံသို့ အလည်သွားတဲ့အခါမှာတော့ သမင်များအား စနောက်ခြင်း၊ ရိုက်ခြင်းစတဲ့ အပြုအမူများကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ကလေးငယ်များ ခေါ်သွားပါကလည်း ကိုယ့်မျက်စိအောက်က အပျောက်မခံရလေအောင် သေချာဂရုစိုက်ရမှာဖြစ်ပါတယ်။

Source: Tsunagujapan.com

Featured Image Source: KimKim