ကွီးတို့က ရေမွှေး အနံ့တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲသုံးရတာ နှစ်သက်သူတစ်ယောက်လား? ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ဒီအနံ့ကိုတွဲပြီး မှတ်မိစေတဲ့အထိ Signature Scent တစ်ခုအဖြစ် သုံးချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ရေမွှေး တွေက ကွက်တိကျစေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားသုံး ရေမွှေးတွေ အများကြီး ရှိတဲ့အထဲကမှ အကောင်းဆုံး ရေမွှေးအချို့ကို ရွေးချယ်ပြောပြပေးချင်ပါတယ်။

(၁) Valentino Uomo Yellow Dream Cologne

Photo : Sephora

Valentino Uomo Yellow Dream က တော်တော်လေး ထူးခြားတဲ့ ရနံ့ကိုပေးတဲ့ ရေမွှေးတစ်ခုပါ။ သူ့မှာ ပျော်ရွှင်ခြင်းနဲ့ စွမ်းအားတွေ အများကြီးပေးစွမ်းတဲ့ ရနံ့မျိုး ရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Spices တွေ အားလုံးပေါင်းစပ်ထားပြီး Warm ဖြစ်တဲ့ ရေမွှေးပါ။ အဖွင့်မှာ မန်ဒရင်းလိမ္မော်သီးအမှည့်နဲ့ လတ်ဆတ်တဲ့ နာနတ်သီး ရနံ့တို့နဲ့ စထားပြီး Middle Notes တွေအနေနဲ့တော့ Gingerbread နဲ့ Spices ရနံ့တွေ ဖြည်းဖြည်းချင်း လိုက်လာပါတယ်။ Base Notes တွေကတော့ Cedarwood နဲ့ ဗင်နီလာတို့ ပေါင်းစပ်ထားတဲ့အတွက် Warm ဖြစ် ရနံ့ကို ခံစားရမှာ ဖြစ်ပါတယ်။ ရာသီဥတုအေးတဲ့အချိန်တွေနဲ့ ပိုကိုက်ညီပြီး ကောင်းမွန်မျှတတဲ့ ရနံ့နဲ့ Skin ပေါ်မှာ အချိန်ကြာကြာ စွဲထင်ကျန်စေမှာ ဖြစ်ပါတယ်။

(၂) Yves Saint Laurent La Nuit de l’Homme

Photo : Belvish

ယောကျာ်းလေးတွေကြားမှာ တော်တော်နာမည်ကြီးတဲ့ ရေမွှေးတစ်ခုပါ။ သူရဲ့ရနံ့က Woody ဖြစ်သလို Warm And Spicy လည်း ဖြစ်ပါတယ်။ အဖွင့်မှာ ဖာလာ ၊ လာဗင်ဒါ ၊ သစ်ကတိုး ၊ ဘာဂါမော့ ရနံ့တို့နဲ့ စထားပြီး အရေပြားထဲကို စိမ့်ဝင်သွားချိန်မှာတော့ ကရဝေးနဲ့ မြက်စိမ်းလို ထူးခြားတဲ့ ရနံ့တွေပေါင်းစပ်ပြီး လိုက်လာပါတယ်။ Long-Lasting ဖြစ်တဲ့ ရေမွှေးမျိုး ကြိုက်တယ် ၊ ယောကျာ်းပီသပြီး ဘယ်နေရာမဆို စွတ်လို့အဆင်ပြေတဲ့ ရနံ့မျိုး လိုချင်တယ်ဆိုရင် Yves Saint Laurent La Nuit de l’Homme က အသင့်တော်ဆုံး ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။

(၃) Tom Ford Tobacco Vanille

Photo : Neiman Marcus

Tom Ford ရဲ့ Luxury ရေမွှေးတွေက အထူးတလည် မိတ်ဆက်ပေးဖို့ မလိုအောင် နာမည်ကြီးပြီးသားပါ။ Tom Ford Tobacco Vanille က ဆေးရွက်ကြီး ၊ ဗင်နီလာ နဲ့ ချောကလက်ရနံ့တို့ ပေါင်းစပ်ထားပါတယ်။ Warm ဖြစ်သလို Spicy လည်းဖြစ်ပြီး ဆေးရွက်ကြီးရဲ့ချိုမြိန်ပြင်းရှမှုအဆုံးမှာ လတ်ဆတ်တဲ့ သစ်သီးခြောက်ရနံ့တွေနဲ့ သစ်သားရနံ့တွေ လိုက်လာပါတယ်။ အရေပြားပေါ်မှာ နာရီပေါင်းများစွာ ကြာရှည်ခံပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့ကိုပေးစွမ်းပါတယ်။

(၄) Giorgio Armani Acqua di Giò

Photo : Armani Beauty

ယောကျာ်းလေးတွေ အများစုကြိုက်ကြသလို မိန်းကလေးတွေကြားမှာလည်း အချစ်ဦးကို သတိရစေတဲ့ ရေမွှေးလို့ နာမည်ကြီးပါတယ်။ လတ်ဆတ်တဲ့ ပင်လယ်ရနံ့ကို အခြေခံထားပြီး Clean And Classic ဖြစ်တဲ့ ဖီလင်ကို ပေးစွမ်းပါတယ်။ Calabrian Bergamot ၊ လိမ္မော်ရနံ့တို့အပြင် ပူစီနံနဲ့ သံပုရာရနံ့တို့ ပေါင်းစပ်ထားတဲ့အတွက် တစ်နေ့တာလုံး လန်းဆန်းတက်ကြွတဲ့ သင်းပျံပျံ မွှေးရနံ့ကို ပေးစွမ်းပါတယ်။

Featured Photo : Perfume.com