လူတိုင်းသည် မိမိကိုယ်ကို မယုံကြည်မှုများ၊ စိတ်မလုံခြုံမှုများ ကိုယ်စီကိုယ်စီရှိကြပါတယ်။ လူတိုင်းသည် ဘဝရဲ့အနိမ့်အမြင့်အတက်အကျများကို ကြုံတွေ့နေရတာဖြစ်ပြီး သင့်ကောင်မလေးသည် အကြောင်းအမျိုးမျိုးကြောင့် စိတ်မလုံခြုံမှုများ၊ အားငယ်မှုများ ကြုံတွေ့နေရတယ်ဆိုရင်တော့ သင့်အနေနဲ့ ထိုခံစားချက်ကို ကူညီဖျောက်ဖျက်ပေးဖို့လိုအပ်ပါပြီ။

ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုလက္ခဏာမျိုးက သူ(မ)ရဲ့ စိတ်မလုံခြုံမှုကို ဖော်ပြနေတာလဲ။

ပုံမှန်ထက်ပိုပြီး သဝန်တိုလွန်းခြင်း

tips for men who have to deal with their insecure girlfriend

သဝန်တိုခြင်းကတော့ သူသူငါငါ သဝန်တိုတတ်ကြတာပါပဲ။ ဒါပေမဲ့ သာမန်သဝန်တိုမှုများကို ကျော်လွန်တဲ့ သဝန်တိုမှုများ ခံစားနေရပါသလား။ ဒါဆိုရင်တော့ သင့်ကောင်မလေးက သင့်ကို မယုံကြည်သေးလို့လည်း ဖြစ်နိုင်သလို သူ(မ)ကိုယ် သူမလည်း ယုံကြည်ချက်မရှိသေးပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့အပြုအမူကို ပြန်လည်သုံးသပ်ပြီးနောက် သူ(မ)အတွက် စိတ်အေးရအောင် သက်သေပြလိုက်ပါ။

အခြားကောင်မလေးများနဲ့ သူ(မ)ကိုယ် သူ(မ) နှိုင်းယှဉ်ခြင်း

tips for men who have to deal with their insecure girlfriend

ကောင်မလေးများသည် သူတို့ကိုယ်သူတို့ အခြားသောသာမန်မိန်းကလေးတွေနဲ့လည်း နှိုင်းယှဉ်တဲ့အခါမျိုး  နာမည်ကြီးဆယ်လီများနဲ့လည်း နှိုင်းယှဉ်တဲ့အချိန်မျိုးသည် သူ(မ)ရဲ့Confidence ကို ပျောက်ဆုံးစေတယ်ဆိုတာ မသိကြပါဘူး။ သင့်အနေနဲ့ ထိုအခြေအနေမျိုးမှာ ကူညီပေးဖို့လိုအပ်ပါတယ်။ လူတိုင်းမှာ အလှကိုယ်စီရှိကြောင်း၊ တစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ် ဖွဲ့စည်းပုံခြင်းမတူကြောင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိသင့်ကြောင်း အားပေးစကားပြောလိုက်ပါ။

သင့်ကို ထိန်းချုပ်နေခြင်း

tips for men who have to deal with their insecure girlfriend

မိမိကိုယ်ကို စိတ်မလုံခြုံဖြစ်နေတဲ့ချစ်သူကောင်မလေးသည် သူ့ချစ်သူကောင်လေးရဲ့တစ်နေ့တာလုပ်ဆောင်မှုအရာအားလုံးကို စိတ်တိုင်းကျ ထိန်းချုပ်ချင်ကြပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ ပြုလုပ်ခြင်းကို ချစ်လွန်းလို့ လုပ်နေတာလို့ အထင်မှားတတ်ကြပြီး အခြားသူရဲ့အခွင့်အရေးကို ပိတ်ပင်တယ်လို့ မမြင်မိတတ်ကြတော့ပါဘူး။ သင့်အနေနဲ့ ထိုအခြေအနေမျိုး ကြုံတွေ့လာပါက ပွင့်ပွင့်လင်းလင်းပြောဆိုကာ နှစ်ယောက်သားတိုင်ပင်သင့်ပါတယ်။

သင့်ရဲ့ဖုန်းကို စစ်ဆေးခြင်း

tips for men who have to deal with their insecure girlfriend

သူသာ သင့်ကိုယုံကြည်တယ်ဆိုရင် သင့်ဖုန်းကို စစ်စရာအကြောင်းမရှိပါဘူး။ တကယ်လို့ သင့်ကောင်မလေးက သင့်ရဲ့ဖုန်းကို ဟိုကြည့်ဒီကြည့်နဲ့ စစ်ကြည့်နေတာမျိုး၊ သင့်ဖုန်းကို သူ(မ)ဆီ ပေးကြည့်ဖို့ပြောနေတာမျိုးဆိုရင် အခြေအနေမကောင်းပါဘူး။ သင်တို့နှစ်ဦးကြား ယုံကြည်မှုတစ်ခု သေသေချာချာတည်ဆောက်ဖို့လိုအပ်ပါပြီ။

သင့်အပေါ်တွင် တွယ်ကပ်လွန်းခြင်း

tips for men who have to deal with their insecure girlfriend

ပုံမှန်ဆိုရင် ယုံကြည်ချက်ရှိတဲ့ ကောင်မလေးက သင်နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ သင့်အပေါ် မှီခိုလွန်းခြင်း၊ တွယ်ကပ်လွန်းခြင်း စတဲ့အပြုအမူမျိုး ပြုလုပ်နေပါသလား။ ဒါဆိုရင်တော့ သင့်ဘက်က သူ(မ)ကို သေချာလမ်းပြပေးဖို့လိုအပ်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကူညီပေးနိုင်ပါတယ်။ ရန်ဖြစ်နေရုံနဲ့ သူ(မ)ရဲ့စိတ်အားငယ်မှုကို ဖြေရှင်းမပေးနိုင်ပါဘူး။

Source: Lovepanky.com

Featured Image Source: Lovepanky.com