သင်ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ စဉ်းစားထားတယ်ဆိုရင် သူမကသင့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံးလေ့လာဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ဒါဆို လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်နိုင်မဖြစ်နိုင်ကို ဘယ်လိုခွဲခြားဆုံးဖြတ်ကြမလဲ။ အောက်ပါ အချက်လေးတွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ သင့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ သေချာသလောက်ရှိပါတယ်။

(၁) သင့်အားနည်းချက်ကို လက်ခံပေးနိုင်သူ

american woman and handsome man smiling and hugging in apartment

Photo : Crello

အရင်ဆုံး လေ့လာဆန်းစစ်ရမယ့်အချက်တစ်ခုက သင့်ရဲ့အားသာချက် အားနည်းချက်တွေ အားလုံးကို လက်ခံပေးနိုင်သူဖြစ်ရဲ့လားဆိုတာပါပဲ။ သင့်ရဲ့ အားနည်းချက်တွေကိုသိထားပြီး အကောင်းဆုံးနားလည်ပေးကာ လက်တွဲမဖြုတ်ပဲဆက်ချစ်ပေးနိုင်သူဆိုရင်တော့ သင့်ဘဝအတွက် ကောင်းမွန်တဲ့လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။

(၂) တိုင်ပင်ဆွေးနွေးလို့ရသူ

smiling couple drinking coffee and talking at table at home

Photo : Crello

ဆွေးနွေးညှိနှိုင်းမှုက စုံတွဲတွေကြားမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ တစ်ကိုယ်ကောင်းဆန်စွာ တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ကိုပဲ အမြဲလိုက်ရောနေလို့ မသင့်ပါဘူး။ သင့်ရဲ့ ထင်မြင်ယူချက် အတွေးအခေါ်တွေကို လေးစားတန်ဖိုးထားတက်ပြီး အမြင်မတူတဲ့အရာတွေအပေါ်မှာပါ တိုင်ပင်ဆွေးနွေးလို့ရတယ် ညှိနှိုင်းလို့ရတယ်ဆိုရင် သူမကသင့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

(၃) ခွန်အားဖြစ်စေသူ

young couple holding hands and hugging at home

Photo : Crello

လူတစ်ယောက် ကျရှုံးမှုတွေရှိနေချိန် ၊ အခက်အခဲတွေ့နေချိန်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေက မိတ်ဆွေစစ်ဟုတ်မဟုတ် ပေါ်လွင်လာတက်တယ်လို့ ပြောကြပါတယ်။ အချစ်ရေးမှာလည်း အတူတူပါပဲ။ သင့်ရဲ့အဆိုးဆုံးအချိန်တွေမှာ သင့်အနားကထွက်ခွာမသွားပဲ အခက်ခဲတွေကိုအတူတူကျော်ဖြတ်ဖို့ သတ္တိရှိသူ သင့်အတွက် ခွန်အားသစ်တွေ ပေးစွမ်းသူဆိုရင် သူမဟာရေရှည်အတွက်ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ပါပဲ။

(၄) ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်သူ

cheerful friends chatting in cafe

Photo : Crello

လူနှစ်ယောက် ရေရှည်လက်တွဲပေါင်းသင်းကြတဲ့အခါ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုဆိုတဲ့ အရာတွေကိုလည်း ထည့်မတွက်လို့မရပြန်ပါဘူး။ ကိုယ့်ဘက်သူ့ဘက် ပတ်ဝန်းကျင်အသိုင်းအဝိုင်း မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။ ဒါမှလည်း ရေရှည်မှာသာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်မှာပါ။ ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်သူဆိုရင်လည်း သင့်အတွက်လက်တွဲဖော်ကောင်းတစ်ယောက်လို့ ပြောလို့ရနိုင်ပါတယ်။

Featured Photo Source : Crello