ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ အသက်အရွယ်ပြောင်းလဲမှု ကြုံတွေ့ရမယ့်ဘဝအတွေ့အကြုံတွေများစွာကို ကျော်ဖြတ်ကြရပါတယ်။ လူတစ်ယောက် ရင့်ကျက်လာပုံချင်းတော့မတူနိုင်ပေမယ့် တဖြေးဖြေးချင်း ရင့်ကျက်လာတဲ့အခါမှာ အခုပြောပြမယ့် အရာလေးတွေပြောင်းလဲလာပါလိမ့်မယ်။

(၁) ဝန်ခံတတ်လာတယ်

man thinking at work place

Photo : Terrence Murtagh

ကိုယ်မှားတဲ့ အခါမှာ မှားကြောင်း ဝန်ခံခြင်းဟာ ရင့်ကျက်ခြင်းရဲ့ လက္ခဏာ ဖြစ်သလို တစ်ခြားသူတွေရဲ့ အခွင့်အရေးနဲ့ ရပ်တည်မှုပေါ် အသိအမှတ်ပြုခြင်းဟာလည်း ရင့်ကျက်လာတဲ့ စိတ်အခြေအနေကို ပြနေတာပါ။

(၂) အပြောင်းအလဲကို လက်ခံတက်လာတယ်

smiling man at office

 

Photo : Experian

အောင်မြင်ရှုံးနိမ့်ခြင်း ပျော်ရွှင်ဝမ်းနည်းခြင်း စတဲ့စတဲ့ ဘဝအနိမ့်အမြင့် ပြဿနာတွေနဲ့ ကြုံချိန်မှာ အရင်တုန်းကလို ကလေးဆန်ဆန် ငိုညည်းတာမျိုး မလုပ်တော့ပါဘူး။ ဒေါင်ကျပြားကျ ရင်ဆိုင်မယ်ဆိုတဲ့ တင်းထားတဲ့ စိတ်မာန်မျိုးနဲ့ အပြောင်းအလဲကို လက်ခံလာပါတယ်။

(၃) ခံစားချက်တွေ ထိန်းချုပ်လာနိုင်တယ်

man looking away

Photo : Her Way

အရင်ကလို စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး အလျင်စလို စိတ်လိုက်မာန်ပါ မဆုံးဖြတ်တော့ဘူး။ အကြောင်းရင်းကို ခေါင်းအေးအေးနဲ့ ရှာပြီး ပိုပြီး အဓိပ္ပါယ်ရှိရှိနဲ့ ဂရုတစိုက် တုန့်ပြန်လာတတ်ပါတယ်။

(၄) တာဝန်ယူတတ်လာတယ်

man deep thinking on sofa

Photo : Verywell Mind

ရင့်ကျက်လာတဲ့သူဟာ ကိုယ့်အမှားတွေ ၊ စိတ်ခံစားချက်တွေ ၊ လိုချင်ဆန္ဒတွေနဲ့ တုန့်ပြန်မှုတွေကို တာဝန်ယူတတ်တဲ့ စိတ်မွေးလာပါတယ်။ တစ်ခြားသူပေါ် အပြစ်ဖို့တာထက် ဒါကို ဘယ်လို ပြင်လို့ ရမလဲ ဆိုတဲ့ဘက်က စဉ်းစားလာပါတယ်။

Featured Photo : One Country