လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိရုံနဲ့ လုံလောက်တယ်လို့ သတ်မှတ်လို့မရနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်း မရှိမဖြစ်အရေကြီးပါတယ်။ ဒါဆို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေမှာ ဘယ်လိုအမူအကျင့်တွေ တွေ့ရတက်လဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်

Source : Freepik
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှု ၊ ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တန်ဖိုးထားတက်ကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေက တခြားသူတွေအတွက် လှောင်ရယ်စရာ ၊ အနိုင်ပိုင်းစရာတစ်ခု လုံးဝအဖြစ်မခံပါဘူး။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်လည်း နှိမ့်ချလေ့မရှိသလို ကိုယ့်ကိုနှိမ့်ချချင်တဲ့ ပတ်ဝန်းကျင်မှာလည်း ရှင်သန်လေ့မရှိကြပါဘူး။
(၂) အခက်အခဲတွေကို ကျော်ဖြတ်ပြီးရှေ့ဆက်နိုင်တယ်

Source : Freepik
လူတိုင်းလူတိုင်း ဘဝမှာအမြဲတမ်းအဆင်ပြေချောမွေ့နေတယ်ဆိုတာမရှိပါဘူး။ ဘဝရဲ့ အချိုးအကွေ့တစ်ခုစီတိုင်းမှာ ကြုံလာရနိုင်တဲ့ အခက်အခဲအတားအဆီးတွေများစွာရှိပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာတိုင်းမှာ အားလျော့လိုက်တာ ၊ အရှုံးပေးလိုက်တာမျိုးတွေ မလုပ်ကြပါဘူး။ ကျရှုံးမှုတိုင်းက အကောင်းဆုံးသင်ခန်းစာဆိုတာကို နားလည်ပြီး ကြုံလာတဲ့အခက်အခဲအတားအဆီးတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကျော်ဖြတ်ကာ ရှေ့သို့ဆက်တက်ကြပါတယ်။
(၃) ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတယ်

Source : Freepik
လူအများစုဟာ ခံစားချက်တွေနောက်လိုက်ရင်း ဆုံးရှုံးမှုတွေ ၊ ကြောက်ရွံ့စိတ်တွေ ၊ စိတ်ဓာတ်ကျမှုတွေ ဖြစ်လာကြတာပါ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ မိမိရဲ့ခံစားချက်တွေကို အကောင်းဆုံး ကိုင်တွယ်ထိန်းချုပ်ထားနိုင်ကြပါတယ်။ စိတ်ခံစားချက်နဲ့ ဆင်ခြင်တုံတရားကို အမြဲချိန်ဆပြီး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာကြတာ ဖြစ်ပါတယ်။
(၄) အပြောင်းအလဲတွေကိုကြိုဆိုလေ့ရှိတယ်

Source : Freepik
စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့ ဘဝရဲ့အတွေ့အကြုံတွေ ၊ အပြောင်းအလဲတွေကနေပဲ တဖြည်းဖြည်းချင်း ပုံသွင်းလာပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဘဝတစ်လျောက်လုံးမှာ နောက်ထပ်ကြုံတွေ့ရနိုင်တဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့ရှောင်ပြေးမနေတော့ပဲ သတ္တိရှိရှိ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်လေ့ရှိကြပါတယ်။ အပြောင်းအလဲတွေက ဘဝအတွက်အကောင်းဆုံး သင်ခန်းစာတွေဆိုတာကိုလည်း လက်ခံထားလေ့ ရှိသူတွေဖြစ်ပါတယ်။
