မိတ်ဆွေတွေဆိုတာ ကျွန်တော်ဘဝရဲ့ တစ်ထောင့်တစ်နေရာကနေ အရေးပါတဲ့သူတွေလို့ဆိုရင် မမှားနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေရှိသလို မိတ်ဆွေအတုအယောင်းတွေလည်းအများကြီးရှိပါတယ်။ ဒီနေ့မှာတော့ မိတ်ဆွေအဖြစ်မပေါင်းသင်းအပ်တဲ့အဆိပ်လိုလူတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။

(၁) လိုအပ်ချိန်ကျရှောင်ဖယ်တတ်သူ

Source : blognosh

ကိုယ်တကယ်အခက်အခဲနဲ့ကြုံလာတဲ့အခါ ကိုယ်အနားရှိသူတွေက တကယ်ပဲ မိတ်ဆွေကောင်းဟုတ်မဟုတ် ရုပ်လုံးပေါ်လာတက်ပါတယ်။ မိတ်ဆွေမစစ်မှန်သူတွေဟာ အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ်ဒုက္ခရောက်နေချိန်မှာ ကူညီမယ့်အစား အကြောင်းပြချက်အမျိုးမျိုးပြပြီးရှောင်သွားတက်ပါတယ်။ ဒီလိုလူတွေသင့်အနားရှိရင် အခုပဲလက်လွတ်လိုက်ပါ။ သူတို့ကသင့်အတွက်မိတ်ဆွေကောင်းဖြစ်မလာနိုင်ပါဘူး။မိတ်ဆွေကောင်းတွေက တစ်ယောက်အခက်အခဲဖြစ်ချိန်က တစ်ယောက်ကကူညီဖို့ မတွန့်ဆုတ်တက်ကြပါဘူး။

(၂) အကျိုးအမြတ်အတွက်အသုံးချသူ

Source : MOSAIC

မိတ်ဆွေဆိုတဲ့ခင်မင်မှုရဲ့ နောက်ကွယ်မှာအကျိုးအမြတ်တွက်ချက်တာတွေပါလာရင် စစ်မှန်တဲ့မိတ်ဆွေလို့ ပြောလို့မရပါဘူး။ သင်ပေါင်းနေတဲ့ မိတ်ဆွေကသင့်စီကနေ အကျိုးအမြတ်တစ်စုံတစ်ရာကိုမျှော်လင့်ပြီး ပေါင်းသင်းနေတာဆိုရင် အကယ်၍သင့်စီကနေ သူလိုချင်တဲ့ အကျိုးအမြတ်တွေမရတော့တဲ့အခါ ဘယ်လောက်ရင်းနှီးပါတယ်ပြောပြောသင့်ကို ပစ်ချသွားဖို့ဝန်လေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုမိတ်ဆွေမျိုးကိုလည်း မပေါင်းလူသင့်တဲ့အထဲမှာထည့်ထားသင့်ပါတယ်။

(၃) ဟန်ဆောင်တတ်သူ

Source : The Catholic Weekly

မိတ်ဆွေဆိုတာ တကယ်တော့ အရင်းနှီးဆုံး မိသားစုဝင်တွေထဲက တစ်ဦးပါပဲ။ သို့သော်လည်း သင့်အပေါ်ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းဆက်ဆံနေမယ်ဆိုရင်တော့ သင့်ရဲ့အနီးဆုံးက ရန်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သင်အောင်မြင်မှုတစ်စုံတစ်ခုရတဲ့အခါ အပေါ်ယံမှာဝမ်းသာသလိုနဲ့ စိတ်ထဲမှာတော့ကြိတ်ပြီးမနာလိုစိတ်တွေမွေးနေသူ သင့်အပေါ်စိတ်ရင်းစေတနာအမှန်မပါပဲ ဟန်ဆောင်ခြင်းသက်သက်ပေါင်းသင်းသူ သင့်ကိုချီးကျူးသလိုနဲ့ မြှောက်ပင့်ပေးတက်သူ ဒီလိုဟန်ဆောင်ခြင်းတွေက သင့်အတွက်မိတ်ဆွေကောင်းမဖြစ်နိုင်ဘူးဆိုတာသေချာပါတယ်။

(၄) ပျက်စီးရာပျက်စီးကြောင်းသွေးဆောင်သူ

Source : Daily Mail

မိတ်ဆွေအတုတွေအများစုဟာ သူတို့ပတ်ဝန်းကျင်က လူတွေထက်အမြဲသာလွန်ကောင်းမွန်ချင်တဲ့စိတ် သူများကျရှုံးရင် သူတို့အလိုလိုအောင်မြင်တယ်ဆိုတဲ့ အတ္တစိတ်အစွဲတွေထားတက်ကြပါတယ်။ ဒါကြောင့် သင့်ဘဝမှာရှုံးနိမ့်မှုတွေ ပျက်စီးခြင်းတွေဖြစ်လာစေဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သင့်ကိုသွေးဆောင်ဖျားယောင်းတက်ကြပါတယ်။ ဒီလိုမိတ်ဆွေတွေက သင့်ဘဝအတွက် အမြဲတမ်းအဆိပ်လို လူတွေဖြစ်နေမှာဖြစ်တာကြောင့် မပေါင်းတာအကောင်းဆုံးပါပဲ။