အိပ်ရာထဲမှာ အသစ်လုပ်ဖို့ စိတ်မပါတော့ဘူးလား။ အရင်လို သန်စွမ်းမှုတွေ ပြန်မလာတော့ဘူးလို့ ထင်နေသလား။ ဒါဆို Testosterone ကျလာပြီလို့ ယူဆနိုင်ပါတယ်။ Testosterone ဆိုတာ အမျိုးသားလိင်အင်္ဂါဖြစ်တဲ့ ဝှေးစေ့က အဓိကထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ကျားသွင်ပြင်နဲ့ လိင်မှုဖွံ့ဖြိုးရေးပေါ် သက်ရောက်မှုရှိပါတယ်။

သုတ်ထုတ်လုပ်မှု ၊ ကျားလိင်စိတ်တက်ကြွမှုနဲ့ ကြွက်သား/အရိုးထု တည်ဆောက်မှုတွေမှာ အထောက်အကူပြုတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။ Testosterone ထုတ်လုပ်မှုကျဆင်းသွားတဲ့အခါ ဘယ်လို လက္ခဏာတွေ ပေါ်လာသလဲဆိုတာကို ပြောပြချင်ပါတယ်။

(၁) အားအင်ကုန်ခမ်းလာတယ်

Man Tired

Photo: Unsplash

သုတေသနတွေအရ Testosterone ကျလာတဲ့ အမျိုးသားတွေဟာ အလွန်အမင်းမောပန်းလွယ်တာ ၊ ညဘက်ချွေးတွေ ထွက်ပြီး စွမ်းအင် Level ကျဆင်းတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ သင်လည်း ညဘက် အိပ်ရေးဝအောင် အိပ်ပါလျက်နဲ့ တချိန်လုံး ပင်ပန်းနေတယ် ၊ ကိုယ်ကာယလှုပ်ရှားဖို့ ခက်နေတယ်လို့ ခံစားရရင် Testosterone Level ကျလာတာ ဖြစ်နိုင်ပါတယ်။

(၂) စိတ်အပြောင်းအလဲ ဖြစ်လာတယ်

Man Depressed

Photo: Unsplash

စိတ်ခံစားချက် Mood ပေါ်ကိုလည်း Testosterone က လွှမ်းမိုးမှုရှိပါတယ်။ Testosterone Level ကျလာတဲ့သူတွေဟာ စိတ်ဓါတ်ကျတာ ၊ စိတ်အင်အားနည်းလာပြီး စိတ်ရှုပ်လွယ်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စိတ်နဲ့ပတ်သက်ပြီး ကောင်းကျိုးများတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ တရားထိုင်တာ ၊ ယောဂလုပ်တာမျိုးနဲ့ မြှင့်တင်သင့်ပြီး ဆေးဖက်ဝင် လက်ဖက်ရည်တစ်ခွက် သောက်ပေးတာမျိုးလည်း လုပ်သင့်ပါတယ်။

(၃) ကြွက်သားဆုံးရှုံးလာတယ်

Measurement

Photo: Unsplash

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအနေနဲ့ ကြည့်ရင် Testosterone Level ကျလာတာကြောင့် လေ့ကျင့်ခန်း လုပ်ဖို့ ခက်လာသလို ကြွက်သားစိုင်တွေလည်း အားနည်းလာတာမျိုး ဖြစ်နိုင်ပါတယ်။ ကြွက်သားဆုံးရှုံးမှုနဲ့အတူ Body Fat တက်လာတတ်ပါတယ်။ Testosterone နဲ့ Estrogen မညီမျှမှုကြောင့် အမျိုးသားတွေမှာ Gynecomastia လို့ခေါ်တဲ့ ရင်သားတွေ ရောင်ရမ်းကြီးထွားတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။

(၄) ဆံပင်ကျွတ်လာတယ်

Hair Loss

Photo: Unsplash

Testosterone ထုတ်လုပ်မှု ကျဆင်းလာခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အမွေးတွေ ကျွတ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နဖူးပြောင်ခြင်းဟာ သဘာဝအလျောက် အရွယ်ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပေမယ့် အမျိုးသားတွေဆို အသက် ၂၀ နောက်ပိုင်းနဲ့ ၃၀ ဆန်းလောက်မှာ ဆံပင် ၊ မုတ်ဆိတ် နဲ့ တခြား Body Hair တွေ ကျွတ်လာတယ်ဆိုရင် Testosterone Level ကျလာတာ ဖြစ်နိုင်ပါတယ်။

(၅) လိင်စိတ်နည်းလာတယ်

Man on The Bed

Photo: Unsplash

လိင်ကိစ္စနဲ့ဆိုင်တဲ့ လက္ခဏာတွေထဲမှာ Testosterone Level ကျလာပြီဆိုရင် လိင်ကိစ္စ စိတ်မပါတော့တာ ၊ လိင်တံအရင်လို မထောင်မတ်နိုင်တော့တာ ၊ လိင်မှုကိစ္စ စွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ပုံမှန် ကြုံသလို ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ဖို့ လိုပြီ ဖြစ်ပါတယ်။

Featured Photo: askmen