လေ့လာမှုတွေအရ အရွယ်ရောက်ပြီးသူ ၃၃ ရာခိုင်နှုန်းက စိတ်ဖိစီးမှုများတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ စိတ်ဖိစီးမှုတွေဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေနဲ့ ဆက်စပ်နေပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ စိတ်ဖိစီးမှုအလွန်များနေတယ်ဆိုရင်ခန္ဓာကိုယ်မှာ အောက်ဖော်ပြပါ လက္ခဏာရပ်တွေကိုဖြစ်ပေါ်ခံစားနေရပါလိမ့်မယ်။ ခန္ဓာကိုယ်က ဖော်ပြလေ့ရှိတဲ့ စိတ်ဖိစီးမှုများခြင်းရဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။
(၁) ဝက်ခြံတွေထွက်လာမယ်

Source : Shutterstock
ဝက်ခြံဟာ စိတ်ဖိစီးမှုများနေခြင်းကို ဖော်ပြလေ့ရှိတဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့လူတွေဟာ မျက်နှာကိုလက်နဲ့မကြာခဏ ပွတ်သပ်ကိုင်တွယ်လေ့ရှိပြီး အဲ့ဒီကနေတဆင့် ဘက်တီးရီးပိုးမွှားတွေပျံနှံ့စေကာ ဝက်ခြံထွက်လာစေတာဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေကြောင့်ခန္ဓာကိုယ်ဟော်မုန်းအပြောင်းအလဲတွေမှ တဆင့်လည်း ဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်။
(၂) ခေါင်းကိုက်စေတယ်

Source : Shutterstock
ဖျားနာခြင်း အိပ်ရေးမဝခြင်း ရေဓာတ်ခမ်းခြောက်ခြင်း အရက်အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် ခေါင်းကိုက်ဝေဒနာခံစားရနိုင်သလို စိတ်ဖိစီးမှုများခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါပဲ။ လေ့လာမှုစစ်တမ်းတွေအရ နာတာရှည်ခေါင်းကိုက်သူတွေ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၆၇ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုအလွန်များကြသူတွေပဲ ဖြစ်ပါတယ်။
(၃) မကြာခဏဖျားနာလာမယ်

Source : Shutterstock
စိတ်ဖိစီးမှုတွေဟာ သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ရောဂါကူးစက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းက ကူးစက်ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်းသို့အလွယ်တကူဝင်ရောက်လာနိုင်တာကြောင့် မကြာခဏဖျားနာခြင်း နေမကောင်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
(၄) ဆံပင်ကျွတ်လာမယ်

Source : Shutterstock
စိတ်ဖိစီးမှုများခြင်းရဲ့ နောက်ထပ် လက္ခဏာတစ်ခုက ဆံပင်ကျွတ်လာတာဖြစ်ပါတယ်။ ဓာတုဆေးပါဝင်တဲ့ ဆံပင်အတွက် ထုတ်ကုန်ပစ္စည်းတွေ ဆံပင်ဆိုးဆေးတွေနဲ့ ဓာတ်မတည့်တဲ့ ခေါင်းလျော်ရည်တွေကြောင့် ဆံပင်ကျွတ်နိုင်ပေမယ့် ဒီလိုပစ္စည်းတွေကို မသုံးပါပဲ ခေါင်းဖြီးတိုင်းဆံပင်တွေကျွတ်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ စိတ်ဖိစီးမှုအလွန်များနေတယ်ဆိုတာကို သတိပြုနိုင်မှာဖြစ်ပါတယ်။
