သင်က သူ(မ)ကို ချစ်ပေမယ့် ဘယ်ကနေ စပြောရမှန်းမသိဖြစ်နေပါသလား။ သူ(မ) ဘက်ကရော သင့်ကို စိတ်ဝင်စားသလား၊ မဝင်စားသလားဆိုတာ မတင်မကျဖြစ်နေပါသလား။ ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

သူ(မ)ရဲ့Body Language ကို သတိထားပါ

tips for men to know whether their crush is interested in them or not

သူ(မ)ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ သူ(မ)ရဲ့အမူအရာကိုတော့ ကွယ်ဝှက်မထားနိုင်ပါဘူး။ သူ(မ)အနားမှာ သင် ရှိနေတဲ့အခါ သူ(မ)က အမြဲတမ်းပြုံးရယ်နေပါသလား။ သူ(မ)ရဲ့ဆံကေသာတွေကို မကြာခဏ သပ်တင်တတ်ပါသလား ဒါဆိုရင်တော့ သင့်ကို သူ(မ)သည်လည်း စိတ်ဝင်စားနေတာပါ။

သင့်အတွက် အမြဲတမ်းအဆင်သင့်ရှိနေပေးတယ်

tips for men to know whether their crush is interested in them or not

သင်က သင် ဝင်ပြိုင်ထားတဲ့ ပြိုင်ပွဲတစ်ခုခုမှာ သူ(မ)ကို လာအားပေးဖို့ခေါ်ရင်လည်း သူ(မ)က အမြဲတမ်းအဆင်သင့်ရှိနေပေးတယ်။ သင်အခက်အခဲတစ်ခုခုကြုံလာတဲ့အခါ ဝမ်းနည်းအားငယ်နေချိန်မှာလည်း အားပေးကူညီပေးတယ်ဆိုရင် သူ(မ)သည် သင့်အပေါ် သံယောဇဉ်ရှိနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

အသေးအဖွဲလေးကအစ မှတ်မိနေတယ်

tips for men to know whether their crush is interested in them or not

သင်သည် ဘယ်လိုအစားအစာမျိုးကို ကြိုက်သလဲ။ သင်နဲ့ မတည့်တဲ့အစားအစာတွေရှိသလား။ သင် ကြိုက်နှစ်သက်တဲ့အရာတွေက ဘာတွေဖြစ်မလဲ စတဲ့အသေးအဖွဲလေးတွေကအစ အမှတ်ရနေမယ်ဆိုရင် သေချာပါတယ် သင့်ကို သူ(မ) ကြွေနေပါပြီ။ ကောင်မလေးတွေသည် သူတို့တန်ဖိုးထားတဲ့အရာတွေကိုသာ စိတ်ထဲ ထားတတ်တာပါ။

သင်သည် အခြားကောင်မလေးများနဲ့ အတူရှိနေတဲ့အခါ သဝန်တိုနေမယ်

tips for men to know whether their crush is interested in them or not

ချစ်သူရည်းစားလည်း မဟုတ်သေးဘူးဆိုတော့ တရားဝန် သဝန်တိုလို့ကလည်း မရပြန် ဒါပေမဲ့ သင့်အနားမှာ တခြားကောင်မလေးတွေ ရှိနေတာလည်း မကြိုက်ပြန် ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့သဝန်တိုစိတ်ကို အတင်း ဖုံးဖိထားရပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ မျက်ဝန်းထဲကနေ ဖျတ်ခနဲ တွေ့မြင်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို Follow လုပ်ထားမယ်

tips for men to know whether their crush is interested in them or not

သူသည် သင့်ရဲ့ဓာတ်ပုံတွေ ပို့စ်တွေကို Reaction အမျိုးမျိုး လာပေးနေမယ်၊ သင့်ရဲ့ MyDay ကို ရီအက်အမျိုးမျိုးလာပေးနေမယ်ဆိုရင်တော့ သေချာပါတယ်။ သူ(မ)ကို သတိထားမိအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ သင့်ဘက်ကလည်း သူ(မ)အပေါ်စိတ်ဝင်စားနေတဲ့အချက်ကို ပြန်လည်ပြသပြီး အဆင့်တစ် စဖို့ပဲလိုအပ်တာပါ။

Source: Lovepanky.com

Featured Image Source: Orissapost.com