လူတစ်ယောက် ကိုယ့်ကို သဘောကျမကျဆိုတာ ချက်ချင်း ဆုံးဖြတ်ဖို့ မလွယ်ပါဘူး။ ပြောရင်းဆိုရင်း ရလာတဲ့ သဲလွန်စလေးတွေကို ဆက်ပြီးမှ သိရတာမျိုးပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားနေသလားဆိုတာကတော့ ပိုပြီး ခန့်မှန်းရ ခက်ပါတယ်း ကိုယ်နဲ့ အရောတဝင်ရှိတိုင်း ကိုယ့်ကို ကြိုက်နေတယ် မှတ်လို့ မရပါဘူး။ တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ သင့်ကို သဘောကျနေတယ်ဆိုရင် တစ်နည်းနည်းနဲ့ သိအောင် အချက်ပြပါတယ်။အဲဒီ အချက်ပြမှုလေးတွေထဲမှာ အခုပြောမယ့် အချက်လေးတွေလည်း ပါတတ်ပါတယ်။
(၁) သင်ပြောတာ စိတ်ဝင်တစားရှိတယ်

Photo: inspirationfeed
မိန်းကလေးတစ်ယောက်ဟာ သူနှစ်သက်သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အားလုံးကို သိချင်တယ်။ ဒီတော့ သူ့အကြောင်းကို မေးခွန်းတွေ အများကြီး မေးတယ်။ တစ်ဘက်က မေးတာတွေကိုလည်း စိတ်ဝင်တစား ဖြေတယ်။ မိန်းကလေးတစ်ယောက်ဟာ သူစိမ်းယောင်္ကျားလေးတစ်ယောက်ကို အတွင်းကျကျ မေးခွန်းတွေ မေးနေပြီဆိုရင် ဒါဟာ အဲ့ဒီလူအကြောင်းကို ပိုသိချင်တယ်ဆိုတဲ့ သင်္ကေတလည်း ဖြစ်တတ်ပါတယ်။
(၂) မျက်လုံးတွေက စကားပြောနေတယ်

Photo: urbanette
လူတစ်ယောက်ရဲ့ မျက်လုံးတွေဟာ သူ့ရဲ့ အတွင်းစိတ်ကို ထုတ်ပြနေတဲ့ ပြတင်းပေါက်တွေလို့ ဆိုကြပါတယ်။ စိတ်ခံစားချက်တွေဟာ မျက်လုံးကနေ လာတတ်တဲ့ အတိုင်း သူမရဲ့ ကိုယ့်အပေါ် စိတ်ဝင်စားမှုကို အဲ့ဒီမျက်လုံးတွေမှာ အဖြေရှာလို့ ရပါတယ်။ အရမ်းကြီးလည်း သွားပြီး စိုက်မကြည့်မိဖို့ အကြံပေးချင်ပါတယ်။
(၃) စကားလုံးတွေကနေ သိနိုင်တယ်

Photo : Irreverent Gent
သုံးလိုက်တဲ့ စကားအသုံးအနှုန်း ၊ ပြောလိုက်တဲ့ လေယူလေသိမ်းတွေထဲမှာ ကိုယ့်အပေါ် ထားတဲ့ သဘောထားတွေ ရိပ်ဖမ်းသံဖမ်း ပါဝင်နေပါတယ်။ သင့်ဟာသတွေကို စိတ်ပါလက်ပါ လိုက်ရယ်တယ်။ သင်နဲ့ ပြောတဲ့ စကားတွေထဲမှာ သူမရဲ့ နူးညံ့မှုနဲ့ လိုလိုလားလား နွေးထွေးတဲ့ စကားလုံးတွေ ထည့်ထားရင် သင့်ကို စိတ်ဝင်စားနေတာ ဖြစ်ဖို့ များပါတယ်။
(၄) ကိုယ်နေဟန်ထားက စကားပြောတယ်

Photo: Daily Mail
ကောင်မလေးတစ်ယောက်ဟာ သင်နဲ့ သူ့အကြားက ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ဖယ်ထားတယ်။ သင့်ကို ရေလာမြောင်းပေးနေတဲ့ အမူအယာရှိပပြီး သင့်ကို စကားဖွင့်ပေးနေတဲ့ အပြုအမူတွေ လုပ်နေမယ်။ နောက်ဆုံး သင်နဲ့ နီးနီးကပ်ကပ်မှာ တိုးထိုင်လာတယ်ဆိုရင် သင့်ကို သဘောကျနေတာ သေချာသလောက် ရှိပါတယ်။
(၅) သင်နဲ့ အပြင်လျှောက်လည်ဖို့ သဘောတူတယ်

Photo: PinkyCloud
ဒီအနေအထားက အတော်လေး အခြေအနေကောင်းတဲ့ အဆင့်ပါ။ သင်နဲ့ အတူ လျှောက်လည်ဖို့ ၊ အပြင်မှာ တွေ့ဖို့ လက်ခံတယ်ဆိုတာ သင့်အတွက် လမ်းဖွင့်ထားတာ ဖြစ်ပြီး ဒီအခြေအနေဟာ တစ်ယောက်နဲ့ တစ်ယောက် အရင်းနှီးဆုံးလူတွေ ဖြစ်အောင် တွန်းပို့နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
