လူတစ်ယောက် တစ်ချိန်မှာ အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ ပြောရမှာအခက်သားပါ။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ကယကံရှင်ကိုယ်တိုင်ပေါ်မှာပဲ အများကြီးမူတည်နေပြီး အဲ့ဒီလူရဲ့ ခံယူချက် ၊ ကြိုးစားအားထုတ်မှုနဲ့ ဇွဲနပဲတွေအပေါ်မှာပဲ အခြေခံတာ ဖြစ်ပါတယ်။ လူတစ်ယောက် အောင်မြင်မှုရနိုင်မလားဆိုတာကို ရှေ့ဖြစ်ဟောဆရာတစ်ယောက်လို ဟောကိန်းထုတ်လို့မလွယ်ပေမယ့် အခုပြောပြတဲ့ လက္ခဏာရပ်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ တစ်ချိန်မှာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမယ့် လူတစ်ယောက်ဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်မှာ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြတယ်

Handsome smiling bearded man working, writing in note book
Photo : Freepik

ဆိုရိုးစကားတစ်ခုရှိပါတယ် ” သင် ဘယ်လောက်ဝေးဝေးသွားရမလဲဆိုတာ မတွေးပါနဲ့ ၊ ဘယ်လောက်ဝေးဝေး ခရီးပေါက်ခဲ့ပြီလဲဆိုတာကိုပဲ ပြန်ကြည့်ပါ” တဲ့။ ဒီစကားဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးအတွက် အသုံးတည့်စေတဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ဘယ်လိုအခြေအနေမျိုးရှိခဲ့လဲဆိုတာကို ပြန်သုံးသပ်ပါ။

ဘယ်လိုအတွေ့အကြုံတွေ စုဆောင်းခဲ့ပြီးပြီလဲ ၊ ဘာသင်ခန်းစာတွေ ရခဲ့လဲ ၊ ရှေ့ဆက်မယ့် အနာဂတ်ခရီးလမ်းမှာရော ဘယ်အရာတွေ ထပ်ဖြည့်တင်းဖို့လိုမလဲ ၊ ဘာတွေထပ်ပြီး လေ့လာရအုန်းမလဲဆိုတာကို လေ့လာသုံးသပ်ဖို့လိုပါတယ်။ ဒီလိုကိုယ့်ကိုယ်ကို အကောင်းဆုံး သိမြင်နိုင်ခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစလို့ ပြောလို့ရပါတယ်။

(၂) ကောင်းမွန်တဲ့ အလေ့အထတွေကို မွေးမြူကြတယ်

Shot of successful young man writing on office glass board during the meeting with colleagues in the coworking space.

Photo : Bridgehead IT

အလေ့အကျင့်ကောင်းတွေဟာ ကျွန်တော်တို့ဘဝကို ရှေ့ရောက်အောင် တွန်းပို့ပေးနေတဲ့ တွန်းအားတွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ အောင်မြင်မှုပန်းတိုင်တစ်ခုခုကို ရောက်ဖို့ ကြိုးကြိုးစားစားနဲ့ ဇွဲသန်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ဘဝထဲက အလေ့အကျင့်တွေကပဲ သင့်ရဲ့ အောင်မြင်မှုပန်းတိုင်ကို သွားရာလမ်း ခရီးတစ်လျှောက်မှာ ကြိုးစားချင်စိတ် ၊ စိတ်အားထက်သန်မှုတွေ ဖြစ်ပေါ်လာအောင် ကူညီပေးနေတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။

ဒါကြောင့် နေ့စဉ်ဘဝထဲမှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူခြင်းဟာ အောင်မြင်မှု ပန်းတိုင်ကိုတက်လှမ်းဖို့အတွက် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ထက်မြက်ဖို့ ကြိုးစားကြတယ်

successful young businessman
Photo : Freepik

ကျွန်တော်တို့အားလုံး မည်သူတစ်ဦးတစ်ယောက်မှ စိတ်ခံစားချက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ တဖြည်းဖြည်း လေ့ကျင့်ယူလို့ ရနိုင်ပါတယ်။ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်လာတာနဲ့အမျှ တခြားသူတွေထက်ပိုပြီး အောင်မြင်ဖို့ အခွင့်အလမ်းများလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိစိတ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ၊ စိတ်ပိုင်းဆိုင်ရာ ထက်မြက်ဖို့ လေ့ကျင့်ယူခြင်းဟာ အောင်မြင်ဖို့ အတွက် အလားအလာကောင်းတစ်ခုဆိုတာ သိထားဖို့ လိုပါတယ်။

(၄) လက်လျှော့ဖို့ သိပ်မတွေးကြဘူး

Handsome businessman with laptop having his arms with fists raised, celebrating success. Happy freelancer hipster in glasses finished work on project. Man won a lot of money in lottery prize. Business theme.

Photo : iStock

အောင်မြင်မှုရဲ့ အကြီးမားဆုံး သော့ချက်တွေထဲက တစ်ခုက ဇွဲရှိမှုပါပဲ။ ကျွန်တော်တို့ အများစုဟာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သိမြင်နိုင်စေအုန်းတော့ အခက်အခဲအတားအဆီးတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်စွမ်း နည်းကြပါတယ်။ ဒါကြောင့်လည်း ပန်းတိုင်မရောက်ခင်မှာ လက်လျှော့ပြီး အောင်မြင်မှုကို ကျောခိုင်းခဲ့ကြသူတွေ မရေမတွက်နိုင်လောက်အောင် ရှိကြတာပါ။

တကယ်တော့ အခက်အခဲအတားအဆီးတွေ ကြုံလာတိုင်းမှာ ဇွဲရှိရှိနဲ့ နှစ်ဆပိုကြိုးစားရမှာဖြစ်သလို လွယ်လွယ်နဲ့ လက်မလျှော့လိုက်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ချိန်မှာ အောင်မြင်နိုင်မလားဆိုတာကို ဗေဒင်သွားမမေးပါနဲ့။ သင်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုအတားအဆီးမျိုးရှိနေပါစေ ကျော်ဖြတ်မယ် ၊ လက်မလျှော့ဘူးဆိုတဲ့ စိတ်ရှိတယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။

Featured Photo : Chart Attack