တစ်နေ့နေ့တစ်ချိန်ချိန်မှာ သင့်ဘဝထဲက ဘယ်အရာအပေါ်မှာမှ စိတ်အားထက်သန်မှုမရှိတော့ကြောင်း သိလိုက်ရတာမျိုး မဖြစ်ချင်ဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ပေးပါ။ ပြီးတော့ တချို့သော အလေ့အကျင့်ဆိုးတွေကို ရှောင်ရှားလိုက်ပါ။
မိမိကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်းခြင်း

Source: Psychology Today
နှိုင်းယှဉ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားသူတွေရဲ့အားသာချက်တွေနဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကိုပဲ နှိုင်းယှဉ်နေတယ်ဆိုရင်တော့ ဒါကပြဿနာပါ။ ဒီလိုနှိုင်းယှဉ်မှုတွေကနေ ဂုဏ်သိက္ခာတွေ၊ စိတ်အားထက်သန်မှုတွေကိုသာ ဆုံးရှုံးလိုက်ရတက်ပါတယ်။ ကျွန်တော်တို့က တခြားသူတွေနဲ့ အမြဲနှိုင်းယှဉ်နေတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကလည်း ကျွန်တော်တို့ကို မကူညီနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့စွမ်းအင်တွေကိုလည်း ကျွန်တော်တို့ ဖြုန်းပစ်မိတယ်။ နှိုင်းယှဉ်လိုက်လို့လည်း ကျွန်တော်တို့ မပျော်ရဘူး။ လူတစ်ယောက်ချင်းစီက တန်ဖိုးရှိပါတယ်။ မတူကွဲပြားတဲ့လူတွေကို နှိုင်းယှဉ်လို့မရပါဘူး။
အတိတ်ကအမှားတွေကို ခွင့်မလွှတ်နိုင်တာ

Source: Everyday Power
ကျွန်တော်တို့ဘဝမှာ ပြန်မတွေးချင်တဲ့ အတိတ်တစ်ချို့ရှိပါတယ်။ သစ္စာဖောက်ခံရတာ၊ စော်ကားခံရတာ စသည်ဖြင့်ပေါ့။ အဲဒီအတိတ်ဆိုးတွေကြောင့် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို မထိခိုက်ပါစေနဲ့။ အဲဒါက သင့်ကိုယ်သင် ဖျက်ဆီးနေတာပါပဲ။ မေ့ပစ်လိုက်ပါ၊ခွင့်လွှတ်လိုက်ပါ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားခဲ့ပါ။ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်ပေးပါ။
ခံစားချက်တွေကို မဖော်ပြတာ

Source: Dr. Jamie Long
လူအများစုဟာ ဘဝမှာ အခက်အခဲတွေ ကြုံလာခဲ့ရပြီးရင် တည်ငြိမ်သွားတတ်ကြတယ်။ လူသစ်တွေနဲ့ ကြုံရတဲ့အခါလည်း တစ်ခုခုပြောလိုက်လို့ အမှားအယွင်းဖြစ်သွားမှာစိုးလို့ မပြောကြတော့ဘူး။ ခံစားချက်တွေကို ဖော်ပြတဲ့အခါ အားငယ်တယ်လို့ အထင်ခံရမှာ ကြောက်ကြတယ်။ တကယ်တော့ အားငယ်တယ်ဆိုတာဟာလည်း မကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ လူတွေဆီကို ရင်ဖွင့်ဖို့ မကြောက်ရွံ့ပါနဲ့။ ချစ်လိုက်ပါ။ အချစ်မှာ သတ္တိတွေ လိုအပ်ပါတယ်။ တကယ်တော့ သင့်ခံစားချက်တွေဟာ ဖော်ပြဖို့ ထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။
မှားယွင်းတဲ့လူတွေကို အနားမှာထားထားတာ

Source: Patch
ကျွန်တော်တို့က တစ်ယောက်တည်းနေရမှာကို ကြောက်ကြတယ်။ တကယ်တော့ တစ်ယောက်တည်းနေခြင်းက အရမ်းကို အကျိုးရှိတယ်ဆိုတာ မသိကြသေးလို့ပါ။ မိမိအနားမှာ အရေးမပါတဲ့လူတွေ ဝိုင်းရံနေမယ့်အစား တစ်ယောက်ထဲနေကြည့်ပါ။ တစ်ယောက်တည်းနေခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပိုသိလာတယ်။ ကျွန်တော်တို့ ဘာကို အမှန်တကယ်လိုချင်သလဲဆိုတာကိုလည်း သိလာတယ်။ အရာရာတိုင်းမှာကတော့ အကျိုးနဲ့အပြစ်ရှိတာပဲ။ အထီးကျန်ခြင်းလည်း အတူတူပဲပေါ့။
