အချစ်နဲ့ပတ်သတ်ရင် လူတိုင်းသတ္တိရှိလာတယ်ဆိုပေမယ့်လည်း မိန်းကလေးတွေအတွက်တော့ သူတို့ဘက်နေစပြီး ဖွင့်ပြောဖို့ရာကျ တော်တော်လေးကို စိန်ခေါ်မှုများတဲ့အခြေအနေတစ်ခုဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူတို့သဘောကျတဲ့ ကောင်လေးတစ်ယောက်တွေ့ရင် တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်သောနည်းနဲ့ ဖွင့်ပြောတက်ပါတယ်။ ပါးစပ်ကထုတ်မပြောပေမယ့် ဒီလိုအမူအရာတွေနဲ့တော့ သူတို့အချစ်ကိုဖော်ပြတက်ကြပါတယ်နော်။

(၁) သင်နဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို မှတ်မိနေမယ်

Source : Shutterstock

မိန်းကလေးတစ်ယောက်က သင့်ကိုစိတ်ဝင်စားနေပြီဆိုရင် သူမရဲ့ အလေးထားမှုတွေကနေတဆင့် သူမအချစ်ကို ဖော်ပြနေပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ မွေးနေ့ သင်ကြိုက်တဲ့ကော်ဖီအမျိုးအစား သင့်ဝါသနာ နောက်ဆုံးသင်အမှတ်မထင်ပြောထားတဲ့ စကားလေးတွေတစ်ချို့ကိုတောင် အလေးအနက်ထားပြီး မှတ်သားထားမှာဖြစ်ပါတယ်။ တခြားအရာတွေမှာမေ့မေ့လျော့လျော့နေတက်ရင်တောင် သင့်နဲ့ ပတ်သတ်တဲ့အရာတွေအားလုံးကိုတော့ မှတ်မိနေတက်တာမျိုးပါ။

(၂) သင့်နဲ့အတူရှိတဲ့အချိန်တွေဆို ပျော်ရွှင်တက်ကြွနေမယ်

Source : Shutterstock

မိန်းကလေးတွေဟာ သူတို့ချစ်ရတဲ့သူအနားမှာရှိနေရရင် အလိုလိုပျော်ရွှင်ပြီး တက်ကြွလန်းဆန်းနေတက်ပါတယ်။ သူတို့သဘောကျတဲ့ သူနဲ့ စကားအတူတူပျော်ရင်း ရယ်မောနေရတာဟာ သူတို့အတွက်တော့ အပျော်စရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒါကြောင့် သင့်နဲ့ အတူရှိနေတဲ့အချိန်တွေမှာ သိသိသာသာ ပျော်ရွှင်နေတဲ့ပုံစံမျိုးမြင်နေရမယ်။ ပြုံးနေမယ်။စကားတွေဘယ်လောက်ပဲ ပြောနေပါစေ ပျင်းရိသွားတာ မောသွားတာမျိုးမရှိပဲ အချိန်တွေမေ့ထားပြီး ပျော်ရွှင်နေမယ်ဆိုရင် သင့်ကိုသဘောကျနေတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

(၃) တုန့်ပြန်မှုတွေက မြန်ဆန်နေမယ်

Source : Shutterstock

မိန်းကလေးအများစုရဲ့ သဘာဝကိုက ဖုန်းခေါ်ရင်ဖြစ်စေ စာတိုပို့ရင်ဖြစ်စေ အွန်လိုင်းပေါ်ကစကားပြောရင်ဖြစ်စေ ချက်ချင်းဖုန်းကိုင်တာ စာပြန်တာမျိုးလုပ်လေ့မရှိပါဘူး။ သင့်အနေနဲ့ ဖုန်းခေါ်ရင် ချက်ချင်းကိုင်တာမျိုး သင့်စာပို့ရင်ချက်ချင်းစာပြန်တာမျိုးလုပ်တယ်ဆိုရင်တော့ သင့်ရဲ့ ဆက်သွယ်လာမှုကို လိုလိုလားလားစောင့်မျှော်နေတယ်ဆိုတဲ့ အရိပ်အယောင်ကိုပြသနေတာဖြစ်ပါတယ်။

(၄) သဝန်တိုတဲ့ အရိပ်အယောင်တွေပြမယ်

Source : Shutterstock

သူမမဟုတ်တဲ့တခြားသောမိန်းကလေးတစ်ယောက်နဲ့ သင်ပြောဆိုဆက်ဆံမှုတွေရှိနေရင် သူမအနေနဲ့ အကြောင်းမဲ့သက်သက် သဝန်တိုတဲ့အရိပ်လက္ခဏာမျိုးတွေကို ပြပါလိမ့်မယ်။ သူမကလွဲပြီး တခြားဘယ်မိန်းကလေးနဲ့ မှအရောတဝင်နေတာမျိုး သဘောကျမှာမဟုတ်ပါဘူး။ဒါပေမယ့် သူမအနေနဲ့ သင့်ကိုတရားဝင်တားမြစ်ပိုင်ခွင့်မရှိတာကြောင့် သဝန်တိုတဲ့အရိပ်အယောင်တွေကိုပဲ ပြနေမှာပါ။ ဥပမာ အလိုလိုနေရင်းဒေါသထွက်နေတာမျိုး အပြစ်မရှိတဲ့ ကြောင်လေးတွေခွေလေးတွေကို မဲပြီးဆူနေတာမျိုး စတဲ့အပြုအမူလေးတွေလုပ်ပါလိမ့်မယ်။