လူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေ ဘော်ဒါဘော်ကျွတ်တွေဆိုတာရှိကြပေမယ့် အတွဲညီတဲ့ဘော်ဒါကောင်းသူငယ်ချင်း ကောင်းကတော့ ရှားပါတယ်။အကယ်၍သင့်မှာသာအခုပြော ပြမယ့်အချက်တွေနဲ့ ကိုက်ညီတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပိုင်ဆိုင်ထားပြီဆိုရင်တော့ အဲ့ဒီသူငယ်ချင်းနဲ့ခင်မင်မှုကိုတန်ဖိုးထားလိုက်ပါတော့နော်။
Photo : Freepik
ဘော်ဒါအရင်းအချာတွေဆိုတာ သွေးသားအရင်းတွေလိုယုံကြည်ရတဲ့သူတွေဖြစ်ဖို့လိုပါတယ်။တစ်ယောက်နဲ့ တစ်ယောက်မှာလျို့ဝှက်ချက်တွေသိပ်မထားဘူး။အရာအားလုံးပွင့်ပွင်းရှိ တယ်။အလုပ်အကြောင်း မိသားစုအကြောင်း ချစ်သူအကြောင်း နောက်ဆုံးငွေရေးကြေးရေးကအစ စိတ်ချယုံကြည်ရတယ်။ကိုယ့်အပေါ်ဘယ်တော့မှ သစ္စာဖောက်သွားမယ့်လူမျိုးမဟုတ်ဘူး။တစ်ယောက်နဲ့တစ်ယောက်စောင့်ထိန်းသင့်တဲ့ စည်းတွေကိုလည်းစောင့်ထိန်းတယ်ဆိုရင်တော့ အဲ့ဒီလူဟာသင့်အတွက်ဘော်ဒါကောင်းကြီးပါပဲ။
တစ်ချို့လူတွေက သူငယ်ချင်းလို့သာပြောနေကြပေမယ့် သာပေါင်းညာစား အကျော်အခွဇယားတွေနဲ့ ကိုယ်အတွက်အမြတ် မကျန်ရင်မပေါင်းသင်းတော့ပါဘူး။ကိုယ်မှာရေလျှံနေချိန် အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် ပြတ်လပ်နေပြီဆိုရင် အမြှီးတောင်ဖမ်းလို့မမိတော့တဲ့သူမျိုးတွေအများကြီးပါ ။ဒီလိုလူတွေကဘယ်လိုနည်းနဲ့မှ ဘော်ဒါကောင်းမဖြစ်နိုင်ပါဘူး။မရှိအတူရှိအတူ ပျော်လဲအတူတူဝမ်းနည်းလဲအတူတူ အရာအားလုံးဝေမျှခံစားနိုင်မှ ဘော်ဒါကောင်းတို့ရဲ့ အရည်းအချင်းနဲ့ ကိုက်ညီတာဖြစ်ပါတယ်။
Photo : Freepik
ဘုရားပဲသွားမလား ကလပ်ပဲတက်မလား ကောင်းတာလုပ်မလား မကောင်းတာပဲလုပ်မလားဘားမှသိပ်ညှိနှိုင်း နေစရာမလိုတဲ့ ဘော်ဒါမျိုးကြုံဖူးပါသလား။လူတစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းမတူ စိတ်ချင်းတူနိုင်ဖို့ဆိုတာခက်ခဲ ပေမယ့်လည်း မတူညီတဲ့လူတွေများစွာထဲကမှ စိတ်တူကိုယ်တူ ဝါသနာတူနေပြီဆိုရင်တော့ အဲ့လိုလူကသင့်အတွက် အကောင်းဆုံး ဘော်ဒါတစ်ယောက်လို့ သတ်မှတ်လို့ရပါပြီ။
တစ်ယောက်အတွက် တစ်ယောက်အမြဲအသင့်ရှိနေပေးတဲ့ ဘော်ဒါမျိုးဆိုတာရှားပါတယ်။ဘော်ဒါကောင်းသူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ညစ်နေလို့ ဖုန်းဆက်ခေါ်ရင် ချက်ချင်းရောက်လာတာမျိုး အရက်သောက်ဖို့ခေါ်ရင် အမြည်းပါဝယ်လာတက်တာမျိုး ရန်ဖြစ်လို့အကူညီတောင်းရင်ကိုယ့်ထက်အရင်ဆော်ထည့်လိုက်တာမျိုး စသည်ဖြင့်တစ်ယောက်ကိုတစ်ယောက် ကူညီဖို့အမြဲအသင့်ရှိနေမှာဖြစ်ပါတယ်။
Featured Image Photo : Freepik