တစ်ခါတစ်လေ မိမိနဲ့အတူတူကြီးပြင်းလာတဲ့လူတွေဟာ ငယ်ရွယ်တယ်လို့ထင်နေရသေးပေမယ့် သူတို့တွေဟာ အသက်အရွယ်အားဖြင့် (၃၀၊ ၄၀ သို့ ၅၀) အတွင်းမှာရှိနေတက်ပါတယ်။ လူတော်တော်များများက အသက်အရွယ်ရလာပေမယ့် မိမိကိုယ်ကို ငယ်နေသေးတယ်လို့ ထင်နေတက်ကြတယ်။
အသက်အရွယ်တိုင်းမှာ သူ့အပိုင်းအခြားနဲ့သူ အားသာချက်တွေအားနည်းချက်တွေရှိပါတယ်။ ဒီနေ့ kwee page က သင်အသက်အရွယ်ရလာပြီဆိုတာ သိနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။
ခေတ်ပေါ် သီချင်းတွေ မကြိုက်တက်တော့ဘူး

ခေတ်ဟောင်း ရုပ်ရှင်တွေကို ပိုပြီးနှစ်သက်လာလိမ့်မယ်

အိမ်မှာပါတီပွဲတွေ ကျင်းပဖြစ်ရင် အိမ်နီးနားချင်တွေတောင် သတိမထားမိလာတော့ဘူး

ပြီးတော့ ပါတီပွဲထဲရောက်နေတာတောင် အိပ်ချင်လာတက်ပြီး အိမ်ကိုသာပြန်ချင်လာလိမ့်မယ်

သင့်ရဲ့အကြိုက်ဆုံးသီချင်းတွေက လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းကသီချင်းတွေဖြစ်နေမယ်

ထိုင်နေရင်းနဲ့ ကျောတွေခါးတွေ နာလာတက်ပြီ

အိမ်ကြီးကြီးတွေကို မြင်ရင် ကုန်ကျစရိတ်တွေ တွက်တက်လာမယ်

သင်သိတဲ့လူတော်တော်များများက ကလေးယူဖို့ပြင်နေကြပြီ

မိမိကိုယ်မိမိ သန့်ရှင်းမူကို ပိုမိုဂရုစိုက်လာမယ်

အချိန်တိုင်းနီးပါး အိပ်ချင်နေမယ်

သင့်မှာ အကြိုက်ဆုံး ကုန်စုံဆိုင်ရှိလာမယ်

Source: Bright Side
