ကျွန်တော်တို့အားလုံးဟာ တချိန်မဟုတ်တချိန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နည်းသွားတဲ့အချိန် ရှိခဲ့ကြဖူးတာပါပဲ။ တကယ်တော့လည်း လူဟာ အတွေးအခေါ်နဲ့ ယုံကြည်မှုဆိုင်ရာ အကန့်အသတ်ရှိကြတာ ဖြစ်လို့ Confidence ကျတတ်တာ ပုံမှန်အခြေအနေလို့ ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာပြီလားဆိုတာကို အခုပြောမယ့်အချက်တွေနဲ့ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။

(၁) အလွယ်တကူ လက်လျှော့ချင်လာတယ်

picture-tired-young-male-translator-with-thick-beard-wavy-hair-touching-head-closing-eyes-feeling-absolutely-exhausted-keyboarding-laptop-translating

Photo: Freepik

ရည်မှန်းချက်တို့ အိပ်မက်တို့ဆိုတာ အမြင့်မှာ တင်ထားရတဲ့ အရာတွေ ဖြစ်ပါတယ်။ ပုံမှန်စိတ်ဓါတ်ကြံ့ခိုင်မြင့်မားနေချိန်မှာ ရည်မှန်းချက်နောက် မလျှော့တမ်း လိုက်ခဲ့ကြပေမယ့် ကိုယ့်အရည်အချင်းကို သံသယဝင်လာတဲ့အခါ ကိုယ်ယုံကြည်ခဲ့တဲ့ အိပ်မက်တွေဟာ သိပ်ဝေးကွာလှတယ်လို့ ထင်မှတ်လာတတ်ပါတယ်။

(၂) သူစိမ်းတွေနဲ့ စကားမပြောချင်ဘူး

two-guys-are-shaking-each-other-s-hands-tey-are-happy-meet-barbershop

Photo: Freepik

Confidence နည်းတဲ့သူဟာ ကိုယ်နဲ့ မရင်းနှီးတဲ့သူတွေနဲ့ စကားပြောရမှာ လန့်တတ်ပါတယ်။ အရင်က မျက်နှာစိမ်းတွေနဲ့ စကားပြောရတာ ပြဿနာမရှိတဲ့သူတစ်ယောက် အခုနေမှာ ကိုယ်နဲ့ စိမ်းနေတဲ့သူတွေနဲ့ စကားမပြောချင်တော့ဘူးဆိုရင် ဒါဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းလာတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၃) တွေဝေနေမိတယ်

young-asian-hipster-man-sitting-cafe-with-laptop-gazing-away

Photo: Freepik

တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ ဆုံးဖြတ်ချက်ချဖို့ နဲ့ လွယ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေမှာ တွေဝေလာပြီး ကိုယ့်အနားက လူတွေဆီက ထောက်ခံမှုကို အမြဲတောင်းဆိုနေမိရင် Self-Esteem နည်းလာတဲ့အချက် ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူဟာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချပြီး ကိုယ့်ဘာသာ တာဝန်ယူတတ်ပါတယ်။

(၄) “ငါမလုပ်နိုင်တော့ဘူး” စိတ်ဝင်နေတယ်

asian-man-was-contemplating-by-glass-door

Photo: Freepik

“ငါနဲ့ မဖြစ်ပါဘူး ။ ငါလုပ်နိုင်မှာ မဟုတ်ပါဘူး” ဆိုတဲ့ စိတ်ပဲ ကြီးစိုးနေရင် ဘယ်လိုလုပ် ယုံကြည်ချက်ရှိရှိနဲ့ ရပ်တည်နိုင်မှာတဲ့လဲ။ ဒီလိုစိတ်မျိုးဟာ ဆက်တိုက်ဆိုသလို အမှားတွေ လုပ်မိနေတဲ့သူတွေ ၊ အရှုံးတွေနဲ့ပဲ တွေ့နေသူတွေမှာ အဖြစ်များပါတယ်။ ယုံကြည်မှုတွေ နည်းသွားတဲ့အခါ အရှုံးသမားအတွေးမျိုး တွေးမိတာ မဆန်းပါဘူး။

အရှုံးသမားတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ခံစားနေရရင် ကိုယ့်အရင် အောင်မြင်မှုတွေ ရသွားတဲ့ လူတွေရဲ့ ဘဝခရီးကို ပြန်လေ့လာကြည့်ပါ။ ရှုံးတာဟာ ရှက်စရာမဟုတ်ပါဘူး။ ချန်ပီယံတွေဟာ အရှုံးကနေ အမြဲကိုယ့်ကိုယ်ကိုယ် ဆွဲထူနေတဲ့သူတွေဆိုတာ သဘောပေါက်ပါ။ ယုံကြည်မှုပြန်တင်ပြီး ဆက်ကြိုးစားပါ။ နည်းလမ်းသစ်တွေနဲ့ ကြိုးစားပါ။ ကိုယ့်မှာ ကိုယ်ကိုယ်တိုင်တောင် မမြင်ရသေးတဲ့ ပါရမီဗီဇကောင်းတွေ ရှိတယ်ဆိုတာ သိအောင် လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။