ကွီးတို့ရဲ့ ချစ်သူကောင်မလေးက ကွီးတို့ကိုအမှန်တကယ်ရောချစ်ရဲ့လားလို့ သံသယဝင်မိနေပြီလား။ ဒါဆိုရင်တော့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ်အပေါ် အမှန်တကယ်မြတ်မြတ်နိုးနိုးချစ်နေလားဆိုတာကို စစ်ဆေးလို့ရနိုင်ပါတယ်။ အခုပြောပြမယ့် အချက်လေးတွေကိုသာ လုပ်နေတယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကိုအမှန်တကယ်မြတ်မြတ်နိုးနိုးနဲ့ ရူးရူးမူးမူးချစ်နေတယ်ဆိုတာသိနိုင်ပါပြီ။

(၁) အစားအသောက်တွေကိုဝေမျှစားတယ်

Source : Shutterstock

ကိုယ်ချစ်သူနဲ့ အတူတူမုန့်စားတဲ့အခါ သူမမစားခင်ကိုယ့်ကိုအရင်ဆုံးဦးစားပေးစားခိုင်းတယ် ကိုယ့်ကိုသူမရဲ့ အစားအသောက်တွေကိုဝေမျှပေးတယ်ဆိုရင် ဒါဟာကိုယ့်အပေါ်အလေးထားတယ် ချစ်တယ်ဆိုတာကို သက်သေပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

(၂) သူမရဲ့ဖုန်းကိုပေးထားမယ်

Source : Shutterstock

တစ်ချို့ကောင်မလေးတွေက သူတို့ရဲ့ ဖုန်းတွေကိုင်တာကိုလုံးဝမကြိုက်ကြပါဘူး။ သင့်ကိုတကယ်ချစ်တဲ့ ကောင်မလေးကတော့ သင့်အပေါ်ဘာလျို့ဝှက်ချက်မှထားမှာမဟုတ်သလို သူမရဲ့ဖုန်းကိုလည်းသင့်ထံ စိတ်ချလက်ချနဲ့ ပေးထားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်အပေါ်မရိုးသားချင်းမရှိပဲ မြတ်မြတ်နိုးနိုးချစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။

(၃) သင်နဲ့အတူအတွေ့အကြုံသစ်တွေရတာကြိုက်တယ်

Source : Shutterstock

သင်ချစ်သူကောင်မလေးက သင်နဲ့အတူစိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေ ဘဝမှာတစ်ခါမှမလုပ်ဖူးသေးတဲ့အရာတွေကို လုပ်ရတာကြိုက်တယ်ဆိုရင်တော့ သင့်ကိုတကယ်ပဲ ရူးရူးမူးမူးချစ်နေတာပါ။ ဘာကြောင့်လဲဆိုရင် မိန်းကလေးတွေက သူတို့ဘဝမှာတစ်ခါမှမလုပ်ဖူးသေးတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအရာတွေ ဥပမာ ခရီးသွားတာ ရှိုးပွဲသွားတာ မတက်ဖူးသေးတဲ့သင်တန်းတွေတက်တာ ဝါသနာအသစ်ရှာတာစတဲ့အရာတွေကို ချစ်တဲ့သူနဲ့ အတူတူပြုလုပ်ချင်ကြတာပါ။

(၄) သင့်နဲ့ရှိနေတဲ့အချိန်တွေဆိုအမြဲပြုံးပျော်နေမယ်

Source : Shutterstock

မိန်းကလေးဟာ ကိုယ်ချစ်ရသူနဲ့ အတူတူရှိရတဲ့အချိန်တွေဆိုရင် အပျော်ရွှင်ဆုံးလူသားတွေဖြစ်သွားကြပါတယ်။ သူတို့ရဲ့ မျက်နှာမှာ စစ်မှန်တဲ့ အပျော်နဲ့ ကြည်နူးနေတဲ့အပြုံးတွေကို မြင်ရပါတယ်။ သင့်ချစ်သူကောင်မလေးကလည်း သင့်နဲ့အတူ ရှိနေတဲ့အချိန်တွေမှာ ပြုံးရွှင်ပျော်မြူးနေမယ်ဆိုရင် သင့်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။

(၅) သင်မကြိုက်တဲ့အကျင့်တွေပြင်လာမယ်

Source : Shutterstock

အကယ်၍သင့်ချစ်သူကောင်မလေးမှာ သင်မကြိုက်တဲ့အမူအကျင့်လေးတွေရှိတယ်ဆိုရင် သူမကိုပြောပြလိုက်ပါ။သင်မကြိုက်တဲ့အရာတွေကို ပြုပြင်ပေးတယ်ဆိုရင်တော့ သင့်ကိုတကယ်ချစ်လို့ပါ။တော်ရုံမိန်းကလေးတစ်ယောက်ကသူတို့ အကျင့်စရိုက်တွေကို လူတစ်ယောက်အတွက်ပြုပြင်ပြောင်းလဲကြတာမဟုတ်ပါဘူး။