ကျွန်တော်တို့ ခေတ်ကြီးကို Social Media ခေတ်လို့ ခေါ်နေကြပါပြီ။နေ့တိုင်း ကျွန်တော်တို့ ရဲ့ မနက်ခင်းသတင်းစာဟာ Facebook ဖြစ်လာသလို နေ့ စဉ်လူမှုဆက်သွယ်ရေးကြားခံပစ္စည်းဟာလည်း လူမှုကွန်ရက်တွေပါပဲ။Social Media တွေအားကောင်းလာခြင်းဟာ လူတွေရဲ့ ကူးလူးဆက်ဆံမှုနဲ့ အသိအမြင်ဗဟုသုတတွေ ကြီးထွားလာခြင်းအပေါ် အများကြီး အထောက်အကူပြုပေမယ့် လူမှုကွန်ရက်တွေဟာ ကျွန်တော်တို့ အတွက် အနုတ်လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

Social Media ပေါ်မှာပဲ အစွဲအလမ်းကြီးလာပြီဆိုရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာမှာပါ။လူမှုကွန်ရက်စွဲလမ်းမှု ဖြစ်လာပြီလားဆိုတာ သိနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒီအချက်ပြမှုတွေကို ကြည့်ပြီး ကိုယ့်ရဲ့ လူမှုကွန်ရက်အသုံးပြုမှုကိုထိန်းညှိနိုင်ပါတယ်။

 

(၁) အိပ်ရာဝင်အိပ်ရာထ ဖုန်းကိုမခွာတမ်းသုံးမိလာတာ

Source: Freepik

မနက်ခင်းအိပ်ရာထချိန်မှာ သင်ပထမဆုံး လုပ်မိတဲ့အရာက ဘာဖြစ်မလဲ။ မျက်နှာသစ် ၊ ကိုယ်လက်သန့် ရှင်းရေး မလုပ်ခင်မှာကို ဖုန်းပွတ်ပြီး Facebook သုံးမိရင် ၊ Instagram ကြည့်မိနေရင် ၊ နောက်ပြီး ဒါကကိုယ့်ရဲ့ နေ့ စဉ်အလေ့အထတစ်ခုလို ဖြစ်လာနေပြီဆိုရင် ဒါဟာ လူမူကွန်ရက် စွဲလန်းလာနေတာပါပဲ။

 

(၂) လူမှုကွန်ရက်ပေါ်ကပို့ စ်အကုန်လုံးပေါ် ခံစားချက်ဖြစ်လာတာ

Source: Pexels

Facebook မှာ တစ်ချို့ သူတွေ နာမည်ကြီး စားသောက်ဆိုင်မှာ ပျော်ပျော်ကြီး စားနေတဲ့ ပုံတွေ ၊ ကိုယ်မရောက်ဖူးတဲ့ နေရာတွေမှာ ရောက်နေကြောင်းတင်ထားတဲ့ပို့ စ်တွေ မြင်ရင် ဘယ်လိုခံစားရသလဲလို့ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်ပါ။ တကယ်လို့ အဲ့ဒီပို့ စ်တွေနဲ့ ပုံတွေကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ ၊ သူများကိုမနာလို ဖြစ်တာတွေ ရှိလာရင် လူမှုကွန်ရက်ပေါ်စိတ်နှစ်နေမိလို့ ပါပဲ။

 

(၃) Likes တွေ မက်လာတာ

Source: Pexels

ကိုယ်တင်လိုက်တဲ့ ပုံနဲ့ ပို့ စ်တွေမှာ ဘယ်နှစ်ယောက် Like လုပ်သွားသလဲ။ဘယ်သူတွေ Love React ပေးသွားသလဲဆိုတာကို အသည်းအသန်ကြည့်နေမိပြီလား။ နောက်ပြီးပို့ စ်တိုင်းမှာ Likes တွေ ဘယ်လောက်ရတယ်ဆိုတာကို လိုက်ရေတွက်ရင်း ထင်သလောက် Likes မရတဲ့အခါမှာ စိတ်ဓါတ်ကျတာတယ်ဆိုရင် Social Media က ကိုယ့်ရဲ့ စိတ်ကို ဖြည်းဖြည်းချင်း သတ်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။

 

(၄) လူမှုကွန်ရက်ကြောင့်တကယ့်လက်တွေ့ ဘဝနဲ့ ကင်းကွာလာတာ

Source: Pexels

ပုံရိပ်ယောင် Relationship တွေကြားမှာပဲ မွေ့ လျော်ပြီး အပြင်မှာ တကယ့်လူတွေနဲ့ မျက် နှာချင်းဆိုင် စကားမပြောဖြစ်တော့ဘူးဆိုရင် ၊ ကိုယ့်မိသားစု ၊ မိတ်ဆွေနဲ့ ပတ်ဝန်းကျင်အတွက် အချိန်မပေးဖြစ်တော့ဘူးဆိုရင် ကိုယ်ဟာ လူမှုကွန်ရက်နွံထဲမှာ နစ်ဝင်နေပြီလို့ သတိပြုသင့်ပါတယ်။

 

(၅) ဖုန်းနဲ့ မျက်နှာ ခွာမရတော့တာ

Source: Unsplash

တကယ်လို့ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံနေချိန်မှာတောင် ဖုန်းကိုလက်က ချမရတော့တာ ၊ စကားလက်ဆုံပြောဖို့ ထက် ဆယ်ဖီလ်ဆွဲပြီး Facebook ပေါ် ပုံတင်ဖို့ လောက်ပဲ အားသန်တော့တာဆိုရင် ခင်ဗျားဟာ လူမှုကွန်ရက်နဲ့ ခဏလောက် ဖြစ်ဖြစ် အဆက်အသွယ်ဖြစ်ရမယ့်အချိန်ရောက်နေပြီ ဖြစ်ပါတယ်။