Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်ရှေ့သွားနောက်လိုက်ညီပြီး ထပ်တူကျနေခြင်းဟာ ကံကောင်းခြင်းတစ်ခုပဲ မဟုတ်လားဗျ။ ကွီးတို့လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးကရော တကယ်ပဲ လိုက်ဖက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်ကြည့်ချင်ပါသလား။ အခုပြောပြတဲ့အချက်လေးတွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ကွီးတို့ချစ်သူနှစ်ယောက်က တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဆိုတာ သိနိုင်ပါပြီ။

(၁) ဖေးမကူညီ ချင်စိတ်ရှိတယ်

Happy Couple

Photo : Healthline

အခက်အခဲတွေ ကြုံလာချိန်မှာ အနားကထွက်မသွားပဲ ဖေးမကူညီချင်တဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထားပြီလား။ ဒါဆိုရင် သေချာပါတယ် အချစ်ရေးမှာသင်ဟာ ကံကောင်းတဲ့ လူတစ်ယောက်ပါ။ ဘဝအနိမ့်အမြင့် အတက်အကျအလိုက် အောင်မြင်ချိန်/ကျရှုံးချိန် စသည်ဖြင့် ဘယ်လိုအခြေအနေမျိုး ဖြစ်နေပါစေ လက်တွဲမဖြုတ်တဲ့ ချစ်သူမျိုးကသာ လက်ဖက်ညီတဲ့ စုံတွဲလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

(၂) ပြဿနာတွေ ချက်ချင်းဖြေရှင်းတယ်

 Happy Couple
Photo : NBC News

လူနှစ်ပေါင်းဖက်ကြတဲ့ အချစ်ခရီးလမ်းဟာ အချိန်တိုင်းအဆင်ပြေချောမွေ့နေဖို့တော့ သိပ်မလွယ်လှပါဘူး။ တစ်ခါတစ်လေမှာ သဘောထားကွဲလွဲတာတွေ ၊ ရန်ဖြစ်စကားများရတာတွေလည်း ရှိကြပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ကိုယ်မကျေနပ်တာကို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ပါပဲ။ ဘယ်လောက်ပဲ ရန်ဖြစ်စကားများများ ပြဿနာကိုပြေလည်အောင်ဖြေရှင်းတယ် အမှားလုပ်တဲ့သူကအမှားကို ဝန်ခံတယ် အငြိုးအတေးတွေမရှိဘူးဆိုရင် သင်တို့အချစ်ရေးက စိတ်ချမ်းသာပျော်ရွှင်ရပြီး လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲ ဖြစ်နေမှာအသေချာပါပဲ။

(၃) အချိန်ပေးဖြစ်ကြတယ်

 Happy Couple
Photo : Lifehack

စုံတွဲတွေအတွက် နှစ်ဦးသားသီးသန့်အချိန်ဆိုတာလည်း လိုအပ်တယ် မဟုတ်လား။ အားလပ်ချိန်တွေကို နှစ်ယောက်အတူတူဖြတ်သန်းကြတယ် ၊ အမှတ်တရကောင်းလေးတွေအတူတူ ဖန်တီးတယ်ဆိုတာ အချစ်တွေခိုင်မြဲဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်လေးတွေပဲ ဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးဖြစ်ကြတယ် ၊ မအားလို့ မတွေ့ဖြစ်ကြတဲ့အချိန်တွေမှာတောင် ဖုန်းပြောတာ စာတိုလေးတွေ မှန်မှန်ပို့တာမျိုး လုပ်ကြပါတယ်။

(၄) သစ္စာရှိကြတယ်

 Happy Couple
Photo : Family Life Share

သစ္စာတရားဆိုတာ ချစ်သူစုံတွဲတွေအတွက်တော့ အကြီးမားဆုံး စောင့်ထိန်းရမယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူအပေါ် သစ္စာရှိရှိနဲ့ အချိန်တွေဘယ်လောက်ပဲ ကြာကြာ လက်တွဲမဖြုတ်တဲ့ သူတွေဟာ နတ်ဖတ်တဲ့ စုံတွဲတွေပါ။ အခုခေတ်လို ဖောက်ပြန်ဖို့လွယ်တဲ့ အခြေအနေတွေကြားမှာ ကိုယ့်ရဲ့ လက်ကိုခိုင်ခိုင်တွဲထားတဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်တို့စုံတွဲဟာ ရေရှည်လက်တွဲခိုင်မြဲမယ့် လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။