Depression (စိတ်ကျရောဂါ) ကို (၂၁) ရာစုရဲ့ ပလိပ် ရောဂါလို့တောင် တစ်ချို့လူတွေက တင်စားခေါ်ဝေါ်နေကြပါပြီ။ လေ့လာမူတွေအရ အခြားရောဂေါတွေလိုပဲ Depression ဖြစ်နေတာကို ကုသလို့ရတယ်လို့ ပြောထားကြပါတယ်။

ဒီရောဂါကို ချေမှုန်းနိူင်ဖို့အတွက် အရင်ဆုံး မိမိဟာ Depression ဖြစ်နေလာမဖြစ်နေဘူးလားဆိုတာကို ခွဲခွဲခြားခြားသိဖို့လိုအပ်ပါတယ်။ ဒါကြောင့် kwee page က Depression (စိတ်ကျရောဂါ) ရနေပြီဆိုတာကိုသိနိူင်မယ့် လက္ခဏာတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပင်ပန်းသလို/စိတ်ကျနေသလိုခံစားရမယ်

Source: Medical News Today

နေ့တိုင်းလုပ်နေကျအတိုင်း လုပ်နေပေမယ့် အားအင်မရှိသလို ခံစားနေရမယ်။ ဒီလိုဖြစ်နေတာက ရက်ပေါင်းကြာလာမယ်။ အိပ်ယာနိုးတိုင်း ပင်ပန်းသလို ခံစားနေရမယ်။

တန်ဖိုးမရှိသလို/အသက်ရှင်နေရတာ မထိုက်တန်သလို ခံစားရမယ်

Source: The Good Men Project

မိမိက အသုံးမကျတဲ့ သူတစ်ယောက်လိုမျိုး စပြီးခံစားလာမယ်။ သေကြောင်းကြံစည်လိုတဲ့ စိတ်တွေမကြာခဏပေါ်လာမယ်။ အသက်ရှင်နေထိုင်ဖို့ ရည်ရွယ်ချက်မရှိတော့တာကြောင့် သေမှာလည်းမကြောက်တော့ဘူး။

အာရုံစူးစိုက်မှု/မှတ်ညဏ်ဆိုင်ရာ ပြသာနာရှိလာမယ်

Source: Health Essentials

အရေးကြီးတဲ့ကိစ္စတွေအကြောင်း မေ့တတ်လာမယ်။ နာမည်တွေ ဖုန်းနံပက်တွေ မမှတ်မိနိူင်တော့ဘူး။ အာရုံစူးစိုက်မှု အားနည်းလာတာကြောင့် အခြားလူတွေ စကားပြောတာကိုနားထောင်ရတာ (သို့) စာအုပ်ဖက်ရတာက သင့်အတွက် ခတ်ခဲလာမယ်။

ဘယ်အရာကမှ မိမိကိုပျော်ရွှင်အောင်မလုပ်နိူင်တော့ဘူး

Source: Medical News Today

အရင်က မိမိကိုပျော်ရွှင်စေတဲ့ အားကစားတွေ၊ လူတွေက ပျော်ရွှင်မူတွေ မပေးနိူင်တော့ဘူး။ ပျင်းလာမယ်။ ပင်ပန်းသလို ခံစားလာမယ်။ သူငယ်ချင်းတွေနဲ့လည်း တွေလိုခြင်းမရှိတော့ဘူး။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။

Depression (စိတ်ကျရောဂါ) ကိုဘယ်လိုကုသမလဲ

Source: Harvard Health

လူနာရဲ့အခြေအနေပေါ်မူတည်ပြီး ဆရာဝန်တွေက ဆေး (သို့) ကုထုံးတွေ ခံယူဖို့လမ်းညွှန်နိူင်ပါတယ်။ အလင်းကုထုံး၊ အိမ်မွေးတိရစ္ဆာန်ကုထုံး စသဖြင့် ကုထုံးတွေ အမျိုးမျိုးရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ စိတ်ကျရောဂါခံစားနေရပြီဆိုရင် စိတ်ရောဂါအထူးကု ဆရာဝန်တွေနဲ့ ပုံမှန်ဆွေးနွေးတိုင်ပင်သင့်တယ်လို့ အကြံပေးထားကြပါတယ်။