အခုလိုကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ပြန့်ပွားနေချိန်မှာ လူတိုင်းလိုလိုကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို အထူးလိုက်နာဆောင်ရွှက်ဖို့အရေးကြီးပါတယ်။ ရောဂါပိုးကူစက်မခံရဖို့ မကြာခဏလက်ဆေးခြင်း လူစုလူဝေးရှောင်ကျဉ်ခြင်း အပြင်သွားရင် Mask တပ်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ရောဂါပိုးကာကွယ်နိုင်ပေမယ့် အဓိကခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးတွေအလွယ်တကူမဝင်ရောက်နိုင်ရန် ကိုယ်ခံအားကောင်းနေဖို့အရေးကြီးပါတယ်။ အကယ်၍ အခုပြောပြမယ့် လက္ခဏာတွေသာဖြစ်နေပြီဆိုရင်တော့ သင်အမြန်ဆုံး ကိုယ်ခံအားပြည့်ဝအောင်နေထိုင်ဖို့ အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများနေမယ်

Source : Shutterstock

စိတ်ဖိစီးမှုအရမ်းကိုများနေခြင်းကလည်း ကိုယ်ခံအားစနစ်ရဲ့ တုန့်ပြန်မှုကို အားနည်းစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုများနေတဲ့အခါ ကူးစက်ရောဂါနဲ့ ဖျားနာခြင်းတွေကို တိုက်ထုတ်ပေးမယ့် သွေးဖြူဥ ပမာဏလျော့နည်းလာပြီး ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့် စိတ်ဖိစီးတွေကိုလျော့ချပြီး ကိုယ်ခံအားစနစ်ပြန်လည်ကောင်းမွန်အောင်နေထိုင်သင့်ပါတယ်။

(၂) ပင်ပန်းနွမ်းနယ်နေမယ်

Source : Shutterstock

ဘားမှပင်ပန်းတဲ့အရာတွေမလုပ်ထားပေမယ့် အချိန်တိုင်းလိုလို မောပန်းနွမ်းနယ်နေခြင်း အားမရှိသလိုမလုပ်ချင်မကိုင်ချင်ဖြစ်ခြင်းစတဲ့ လက္ခဏာတွေခံစားနေရပြီလား။ သင့်အနေနဲ့ နေကောင်းသော်လည်း ခန္ဓာကိုယ်မှာအားမရှိသလိုခံစားရမယ် လှုပ်လှုပ်ရှားရှားဘာတစ်ခုမှမလုပ်ချင်ဘဲ အိပ်ယာထဲခွေနေချင်မယ် နေမကောင်းသလိုခံစားနေရမယ်ဆိုရင်တော့ ဒါဟာကိုယ်ခံအားစနစ်ကျဆင်းနေတယ်ဆိုပြနေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

(၃) ဝမ်းပျက် (သို့) ဝမ်းချုပ်ခြင်းဖြစ်နေမယ်

Source : Medical News Today

ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းက အစာအိမ်နဲ့အူလမ်းကြောင်းပေါ်မှာမူတည်နေတာဖြစ်ပြီး အစာခြေလမ်းကြောင်းမှာရှိတဲ့ ဇီဝသက်ရှိတွေက အူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနေတာဖြစ်ပါတယ်။တစ်ခါတစ်လေမှာ အစားမှားတာ မတည့်တဲ့အစားအစာတွေကြောင့် ဝမ်းပျက်တက်တာလူတိုင်းကြုံဖူးမှာပါ။ သို့ပေမယ့်ဒီလိုအရာတွေကြောင့်မဟုတ်ဘဲ မကြာခဏ ဝမ်းပျက်နေမယ် သို့မဟုတ် ဝမ်းချုပ်နေမယ်ဆိုရင်တော့ သင့်ရဲ့ကိုယ်ခံအားစနစ်မှာ ပြဿနာတစ်စုံတစ်ရာရှိနေတယ်ဆိုတာ ပြသနေတာပါ။

(၄) မကြာခဏအအေးမိနေမယ်

Source : Medical News Today

မကြာခဏ အအေးမိခြင်း ခေါင်းကိုက်ခြင်း ကိုယ်လက်များထုံကျင်ကိုက်ခဲခြင်း စတဲ့ဝေဒနာတွေကလည်း ကိုယ်ခံအားစနစ်အားနည်းတဲ့အခါ ဖြစ်ပေါ်လာတက်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ရာသီဥတုအခြေအနေ အနေအထိုင်မှားယွင်းမှုတို့ကြောင့် အအေးမိခြင်းဖြစ်တက်ပေမယ့်လည်း တစ်ကြိမ် အအေးမိပြီး နောက်၁၀ရက်အတွင်း ပြန်ဖြစ်နေတယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်မှာအားနည်းနေလို့ပါ။ သာမာန်လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ဟာ သုံးရက်ကနေ ၅ရက်အတွင်းပြန်ကောင်းနိုင်ပေမယ့် ကိုယ်ခံအားစနစ်ပြန်မကောင်းရင်တော့ အခုလိုခဏခဏ အအေးမိနေမှာဖြစ်ပါတယ်။