ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးကြီးပါတယ်။ ခံတွင်းအနံ့ဆိုးတွေမထွက်မှ လူကြားထဲ စကားပြောရတာ ယုံကြည်မှုရှိမှာပါ။ ပြီးတော့ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေ ဖြစ်မလာအောင်လည်း တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှ အဆင်ပြေမှာပါ။
ဒီနေ့ kwee page က ခံတွင်းကျန်းမာရေး ချို့ယွင်းနေကြောင်းပြနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။
ခံတွင်းရနံ့ဆိုးနေခြင်း

Source: CNN.com
ခံတွင်းရနံ့ဆိုးတွေထွက်နေခြင်းဟာ အစားအစာတွေကြောင့်ဖြစ်နိုင်သလို သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာ၊ ဆေးလိပ် သောက်တာ ၊ ဝမ်းချုပ်တာနဲ့ တခြားရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ သွားပုံမှန်တိုက်နေတာတောင် ခံတွင်းနံ့ဆိုးနေသေးတယ်ဆိုရင် နာတာရှည်သွားဖုံးရောဂါရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
သွားဖုံးသွေးယိုခြင်း

Source: Dentists of Alphigton
သွားဖုံးက သွေးတွေထွက်နေတယ် ၊ သွားတိုက်တိုင်းသွားပွတ်တံကြီးက နီနေတယ် သွားဖုံးကိုထိလိုက်ရင်လည်း နာနေတယ်ဆိုရင် သွားဖုံးရောင်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဗီတာမင် စီ ချို့တဲ့တာကြောင့်လည်း သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။
သွားကိုက်ခြင်း

Source: Dentist in kalamazoo, mi
သွားကိုက်တာဟာ သွားနှင့်ခံတွင်း ပြဿနာထဲက အဖြစ်အများဆုံးနဲ့ အသိသာဆုံးတစ်ခုပါ။ အဓိကကတော့ သွားပိုးစားတာကြောင့် ဖြစ်တယ်ဆိုပေမယ့် သွားဖုံးမှာ ရောဂါရှိနေတာကြောင့်လည်း သွားကိုက်တတ်ပါတယ်။
သွားကျဉ်ခြင်း

Source: Crest
ရေအေးအေးလေးပဲဖြစ်ဖြစ် ကော်ဖီပူပဲဖြစ်ဖြစ် သောက်လိုက်တာနဲ့ သွားကျဉ်နေပြီဆို သွားအမြစ်ထိပါ ပိုးစားနေပြီဆိုတဲ့ လက္ခဏာပါ။ သွားကျိုးတာ၊ သွားကြွေလွှာပါးနေတာကြောင့်လည်း သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။
