လူတိုင်းလူတိုင်းက ပုံမှန်အားဖြင့်တော့ ရေချိုးခြင်းကို ညနေပိုင်းမှာပြုလုပ်လေ့ရှိကြပါတယ်။ တစ်ချို့ရက်တွေမှာတော့ မနက်ခင်းမှာရေချိုးလေ့ရှိကြပေမယ့် ရာသီဥတုအေးတဲ့အချိန်တွေ အချိန်မရတဲ့ရက်တွေဆိုရင် မနက်ခင်းမှာရေမချိုးပဲနေမိကြတာမျိုးတွေရှိကြပါတယ်။ တကယ်တော့ မနက်ခင်းမှာရေချိုးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရစေတာကြောင့် ဒီနေ့မှာတော့ လူတိုင်းဘာကြောင့် မနက်ခင်းမှာ ရေချိုးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Freepik

နေ့တနေ့ကိုစတင်တဲ့ မနက်ခင်းအချိန်ကို ရေချိုးခြင်းနဲ့ အစပြုမယ်ဆိုရင် နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးစရာတွေ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသက်သာစေပါတယ်။ ဘာလို့ဆို မနက်ခင်းရေချိုးခြင်းကြောင့် ဦးနှောက်သို့သွေးစီးဆင်းမှုကောင်းမွန်စေပြီး အာရုံကျောဆဲလ်များရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်အောင်အထောက်အပံ့ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပင်ခြင်းတွေ လျော့ကျသက်သာဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၂) စွမ်းအင်မြှင့်တင်ပေးတယ်

Source : Shutterstock

အိပ်ယာနိုးတဲ့အချိန်မှာ လန်းဆန်းတက်ကြွမှုတွေပျောက်ဆုံးနေပြီး ပင်ပန်းနွမ်းနယ်သလိုခံစားနေရတယ်ဆိုရင်တော့ ရေချိုးဖို့ကိုအကြံပြုပါရစေ။ သုတေသနပညာရှင်တွေရဲ့ အဆိုအရတော့ မနက်ခင်းရေချိုးခြင်းက သွေးလည်ပတ်မှုနဲ့ ဦးနှောက်စွမ်းရည်ကို မြင့်တင်ပေးတာကြောင့် လန်းဆန်းတက်ကြွမှုကိုပေးစွမ်းပါတယ်။ ဒါကြောင့် တနေ့တာကို စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာဖြတ်သန်းချင်ရင်တော့ မနက်ခင်းမှာ ရေချိုးဖို့လိုအပ်ပါတယ်။

(၃) ကိုယ်ခံအားကောင်းစေတယ်

Source : wiseGEEK

လေ့လာမှုများအရ မနက်ခင်းရေချိုးခြင်းက ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်များ ထုတ်လုပ်ခြင်းကိုအထောက်အပံ့ပေးတာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ခန္ဓာကိုယ်မှာစွဲကပ်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ကူးစက်နိုင်တဲ့ဗိုင်းရပ်စ်ပိုးများကိုဖယ်ရှားတိုက်ထုတ်ပေးတာကြောင့် မနက်ခင်းတိုင်းမှာရေချိုးပေးမယ်ဆိုရင် ကူးစက်ရောဂါနှင့် ရာသီတုပ်ကွေးကဲ့သို့ ဖျားနာခြင်းတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၄) ကလေးရဖို့အခွင့်အရေးပိုများတယ်

Source : Women’s Physicians of Jacksonville

သင်ဟာ ကလေးယူဖို့ကြိုးစားနေတဲ့ အိမ်ထောင်ရှင်ဖခင်လောင်းတစ်ယောက်ဆိုရင်တော့ မနက်ခင်းရေချိုးတာက သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုထူထောင်ဖို့ အခွင့်အရေးပိုများပါတယ်။ မနက်ခင်းရေချိုးခြင်းကြောင့် Testosterone ဟော်မုန်းဓာတ်မြင့်တက်စေရုံသာမက သုတ်ပိုးထုတ်လုပ်ခြင်းကိုလည်း တိုးမြှင်စေတာကြောင့် ကလေးရဖို့အခွင့်အရေးပိုများစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့ တွေးနေတဲ့ ဖခင်လောင်းတွေအနေနဲ့ မနက်ခင်းမှာရေချိုးခြင်းပေးသင့်ပါတယ်။