ဘဝတစ်လျောက်လုံးမှာ တိုက်ဆိုင်မှုရှိလာတိုင်း သတိရမိတဲ့လူတစ်ယောက် ရှိပါတယ်။ ဒါကတော့အချစ်ဦးပါ။ အချိန်တွေဘယ်လောက်ကြာသွားပါစေ ပုံစံတွေဘယ်လိုပဲပြောင်းလဲသွားပါစေ ကျွန်တော်တို့နှလုံးသားထဲက ထောင့်တစ်နေရာမှာ အမှတ်တရတွေ ထင်ကျန်နေဆဲဖြစ်ပါတယ်။ သင်အနေနဲ့ ဘယ်လောက်ပဲ အချစ်ဦးကိုမေ့နိုင်ပြီးပြောပြော တိုက်ဆိုင်လာရင်တော့ သတိရသွားတက်တာပါပဲ။ ဒီတစ်ခေါက်မှာတော့ သင်ဟာအချစ်ဦးကို မေ့မရသေးဘူးဆိုတာ ဖော်ပြနေတဲ့ လက္ခဏာလေးတွေကို ပြောပြပေးချင်ပါတယ်။

Source : Pinterest

(၁) သီချင်းတစ်ပုဒ် ရုတ်တရက်ကြားလိုက်ရုံနဲ့ သင့်ကိုတုန်လှုပ်သွားစေနိုင်တာ အချစ်ဦးလို့ပြောရင်မှားနိုင်မလား။ သင်တို့အတူတူ နားထောင်ခဲ့ဖူးတဲ့သီချင်းဖြစ်စေ သင်တို့ချစ်သူနှစ်ဦးရဲ့အမှတ်တရတွေကို ပြန်ပြောင်းသတိရစေတဲ့သီချင်းဖြစ်စေ ရေဒီယိုကလွင့်တဲ့အချိန် ဒါမဟုတ် လမ်းသွားရင်း ရုတ်တရက်ကြားမိတဲ့အချိန်မှာ သင့်မျက်လုံးထဲ သူမကိုပဲ ပြေးမြင်မိတယ်ဆိုရင် သင့်မသိစိတ်ထဲမှာ အချစ်ဦးကို မမေ့သေးပါဘူးဆိုတာ သက်သေပါပဲ။

(၂) ချစ်သူတွေကြားမှာ အပြန်အလှန်အမှတ်တရလက်ဆောင်လေးတွေ ပေးတက်ကြပါတယ်။ သင့်အနေနဲ့ သူမပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို အခုထိသိမ်းထားတုန်းပဲလား။ အချစ်ဦးပေးခဲ့တဲ့အမှတ်တရပစ္စည်းလေးတွေကို မပစ်ရက်ပဲ သင့်အခန်းရဲ့ မြင်နိုင်တဲ့နေရာတစ်ခုခုမှာ သိမ်းထားတုန်းပဲဆိုရင် သူမကိုမမေ့နိုင်သေးဘူးဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။

Source : Mark Manson

(၃) အချစ်ဦးကိုမမေ့သေးတဲ့နောက်ထပ်လက္ခဏာတစ်ခုက ဘယ်လောက်ပဲအနေတွေဝေးသွားကြပေမယ့် တစ်ခါတစ်လေမှာ သူမရဲ့အကောင့်နာမည်ကို ဆိုရှယ်မီဒီယာပေါ်ကနေ ရိုက်ရှာမိတာပါ။ တိုက်ဆိုင်လို့ဖြစ်စေ တိုက်ဆိုင်မှုမရှိပါပဲ ရုတ်တရက်သတိရလို့ သွားရှာမိတာမျိုးတွေလုပ်တက်ကြပါတယ်။ ကိုယ်သုံးတဲ့အကောင့်ကို Block ထားရင်တောင် အကောင့်အသစ်တစ်ခုနဲ့ ဝင်ကြည့်နေမိတာမျိုးပါ။

(၄) သူမကိုမမေ့နိုင်သေးဘူးဆိုရင် လမ်းမှာရုတ်တရက်ပြန်တွေ့တဲ့အခါ သင့်ခန္ဓာကိုယ်ကထူးဆန်းတဲ့ အမူအရာတွေပြနေပါလိမ့်မယ်။ နေကောင်းလားလို့ တည်တည်ငြိမ်ငြိမ်စတိုင်နဲ့ နှုတ်ဆက်လိုက်ပေမယ့် ရင်ထဲမှာအရမ်းမောဟိုက်ပြီး အားမရှိသလိုခံစားလိုက်ရတာမျိုး ၊ ကတုန်ကရီဖြစ်နေတာမျိုး ၊ ဒူးတွေတုန်ပြီး လမ်းလျောက်လို့ မရအောင်ဟန်ချက်ပျက်နေမျိုးဆိုရင် သူမကိုသင့်နှလုံးသားထဲက မထုတ်ရသေးဘူးဆိုတာ သေချာပါတယ်။


Source : Lifehacks

(၅) နောက်ဆုံးတစ်ချက်ကတော့ မျှော်လင့်ချက်ထားမိနေတာပါပဲ။ သင်လည်းသူမအပေါ်ချစ်နေသေးသလို သူမလည်းသင့်အပေါ်မှာ ချစ်တဲ့စိတ်ကျန်နေသေးတယ်လို့ ယုံကြည်နေမိမယ်။ သူမသာလျှင် သင့်ဘဝအတွက်အသင့်တော်ဆုံး လူတစ်ယောက်လို့ ထင်နေမိမယ်။ တစ်ချိန်မှာ သင်တို့ပြန်ပေါင်းထုတ်လိမ့်မယ်လို့ မျှော်လင့်ချက်တွေထားနေမိသေးတယ်ဆိုရင် သင်သူမအပေါ်မှာ စွဲစွဲလန်းလန်းမေ့လို့မရနိုင်သေးဘူးဆိုတာ သိနိုင်မှာပါ။