ပထမဆုံးအနေနဲ့ ပြောထားချင်တာကတော့ ပုံမှန်အသက်ကြီးလို့ ဦးနှောက်ပြောင်းလဲမှုရှိတာနဲ့ Alzheimer ရောဂါနဲ့ အခြားစိတ်ဖောက်ပြန်တဲ့ ရောဂါတွေဟာ မတူပါဘူး။ ကျန်းမာတဲ့ဦးနှောက်ဟာ ပုံမှန်အသက်ကြီးလာလို့ အာရုံကြောလုပ်ဆောင်ချက်တွေ အနည်းငယ်နှေးကွေးသွားရုံသာရှိပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒီနေ့မှာ ရှိရင်းအသက်ထက် ဦးနှောက်အိုမင်းနေပြီဆိုတာသိနိုင်တဲ့ လက္ခဏာတွေအကြောင်း ပြေပြပေးသွားမှာပါ။

အာရုံစိုက်မှု ခက်ခဲခြင်း

Source: RCI

အာရုံစူးစိုက်ရတာ ခက်ခဲနေတာ ဖြစ်ပါတယ်။ ရုတ်တရက် မေ့သွားတာ၊ မမှတ်မိတာမျိုးတွေဟာ မှတ်ဉာဏ်ယိုယွင်းလာတယ်ဆိုတဲ့လက္ခဏာတွေပါ။ အသက်ကြီးလေ အဖြစ်များလေပါပဲ။ မှတ်ဉာဏ်ယိုယွင်းတဲ့ လက္ခဏာတွေထဲမှာ အဖြစ်များဆုံး လက္ခဏာလည်း ဖြစ်ပါတယ်။

စိုးရိမ်မှု များလာတာ

Source: Nature’s Way

သာမန်ထက် စိုးရိမ်တတ်မှုဟာ အရွယ်မတိုင်ခင် မှတ်ဉာဏ်အိုမင်းလာတဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ ဦးနှောက်အိုမင်းလာခြင်းရဲ့ အစောဆုံးကနဦး လက္ခဏာလည်း ဖြစ်ပါတယ်။

အမြင်အာရုံပြဿနာ

Source: American-Optometric-Association

အမြင်ပြဿနာတွေဟာလည်း ဦးနှောက်မှတ်ဉာဏ်အားနည်းလာခြင်းနဲ့ သက်ဆိုင်နိုင်ပါတယ်။ အမြင်စွမ်းရည် လျော့ကျမှုဟာ အမြင်အာရုံကြောတွေနဲ့ ဆိုင်တာကြောင့်ပါ။

အကြားအာရုံ

Source: The University of Manchester

အကြားအာရုံလည်း ချို့ယွင်းလာပါတယ်။ နားနဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်သလို ဦးနှောက်နဲ့ နား ဆက်သွယ်ထားတဲ့ အာရုံကြောလမ်းကြောင်းတစ်လျှောက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စကားထစ်တာ

Source: Medical News Today

ပြောနေကြစကားတွေကိုပဲ ပြောဖို့ ထစ်နေတာ၊ ပြောဖို့ နှေးနှေးတာတွေဟာလည်း မှတ်ဉာဏ်ပြဿနာ ဖြစ်နိုင်ပါတယ်။ စကားလုံးတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အပိုင်းဟာ ပြဿနာ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။  အဆိုပါအပိုင်း ယိုယွင်းလာတာကြောင့် ကိုယ့်ကိုယ်ကိုယ် စကားလုံးတွေသုံးစွဲပြီး ဖော်ပြရာမှာ ပြဿနာတွေရှိလာတာ ဖြစ်ပါတယ်။