သောက်တတ်စားတတ်သူတွေမှာ လစ်မစ်ရယ်လို့ ရှိကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်တော့လည်း မတူဘူးပေါ့။ အိမ်ထောင်စုအလိုက် ကောက်ခံတဲ့ မူးယစ်သောက်သုံးမှုဆိုင်ရာ အမျိုးသားစစ်တမ်းအရ ဩစတြေးလျသား ၅ ဦးမှာ ၁ ဦးဟာ ကိုယ့်အတွက် အန္တရာယ်ဖြစ်လောက်အောင်အထိ အရက်သောက်လွန်တတ်ကြတယ်လို့ ဆိုပါတယ်။ အရက်သောက်တာ စိုးရိမ်ရလောက်အောင် များသွားတတ်တဲ့ အရွယ်အများစုက ၁၈ ကနေ ၂၉ နှစ်အတွင်း ဖြစ်ပါတယ်။
ဆိုတော့ ကိုယ်ရော သောက်ဝိုင်းစားဝိုင်းမှာ များသွားပြီလားဆိုတာကို သိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်လို့ပါ။ အခုတစ်ခေါက်တော့ အခုမှ ယမကာနဲ့ Fresher ဖြစ်နေသူတွေအတွက် ဝိုင်းမှာ သောက်တာများနေပြီလား အလွယ်တကူ သိနိုင်မယ့် Signs လေးတွေ Share ပေးချင်ပါတယ်။
(၁) မလုပ်ဖူးတာတွေ လျှောက်လာမိတာ

Photo: Freepik
ပုံမှန်ဆို အနေအေးပြီး ရှက်တတ်တဲ့ ကိုယ်က သောက်ရင်းစားရင်းနဲ့ ပေါက်ကရ ရူးကြောင်ကြောင်တွေ လျှောက်လုပ်လာရင် သောက်တာ များသွားပြီဆိုတာ ချက်ချင်းသတိရလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် မူးလို့ မူးမှန်းမသိအောင် မဖြစ်ခင်မှာ အမြန်ဖမ်းထိန်းနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် အရက်မူးလွန်ရာကနေ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တာတွေ လုပ်မိနိုင်လို့ ဖြစ်ပါတယ်။
(၂) တစ်ခွက်နဲ့ တစ်ခွက် အကူးမြန်လာတာ

Photo: Freepik
ယမကာသမားတွေပဲ ကိုယ့် Limit ကို ထိန်းပြီး သောက်တဲ့အကျင့် လုပ်တာများပါတယ်။ အူရိုင်းသမားတွေက စသောက်သောက်ချင်း မူးမှန်းမသိတော့ တစ်ခွက်နဲ့ တစ်ခွက် ဆက်ဆက်သွားပြီး တကယ်လည်း ဆောင့်တက်ပြီး မူးလာရော ဒုက္ခရောက်ရောတွေ ဖြစ်ကုန်တတ်ပါတယ်။ အလောတကြီး မသောက်ပါနဲ့။ဖြည်းဖြည်းလေး သောက်ပါ။ဦးနှောက်ရဲ့ အချက်ပြမှုကိုလည်း စောင့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း အကဲခတ်နေပါ။
(၃) သောက်ရင်း ပြောလက်စ စကားတွေ မေ့လာတာ

Photo: Freepik
အယ်လ်ကိုဟောက တစ်ယောက်နဲ့တစ်ယောက် သက်ရောက်မှုချင်း မတူပါဘူး။ တချို့ကျတော့ လူကတော့ လွတ်သွားတဲ့အထိ မဖြစ်ဘူး။ ဒါပေမယ့် ပြောလက်စ စကားတွေ ဘာပြောနေမှန်း မသိအောင် မှတ်ဉာဏ်တွေ ယာယီပျောက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်လာရင် ဆက်မသောက်ပါနဲ့။ ခေါင်းကြည်အောင် ခဏလောက်စောင့်တာ ဒါမှမဟုတ် ဆက်မသောက်ဘဲ ရပ်လိုက်တာမျိုး လုပ်ပါ။
