အပြန်အလှန်လေးစားမှုက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ရာမှာ အခြေခံကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လေးစားမှုမရှိဘူးဆိုရင် ဘယ်လိုဆက်ဆံရေးမျိုးကိုမဆို ရေရှည်တည်တန့်အောင် ထိန်းထားဖို့က ခက်ခဲမှာပါ။ ဒီတစ်ခေါက်မှာတော့ သင့်မိတ်ဆွေအပေါင်းအ သင်းတွေထဲမှာ မည်သူက သင့်အပေါ်လေးစားမှုမရှိတဲ့ အတုအယောင်မိတ်ဆွေဖြစ်တယ်ဆိုတာ သိနိုင်ဖို့ စရိုက်လက္ခဏာတချို့ကို ပြောပြပေးသွားမှာပါ။

(၁) သင့်အကြောင်းနောက်ကွယ်မှာမကောင်းပြောမယ်

Young woman looking at man

Source : LiveAbout

သင့်အပေါ်လေးစားမှုမရှိတဲ့ သူငယ်ချင်းတွေက နောက်ကွယ်မှာ သင့်အကြောင်းကိုအပုတ်ချ ပြောဆိုလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင်လူတွေရဲ့အမြင်မှာ သင့်ထက်သူတို့က သာလွန်ကြောင်းကို ပြချတဲ့သဘောပါ။ သင့်ရှေ့မှာတော့ သင့်အပေါ်ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်ဟန်ဆောင်နေပေမယ့် သင့်နောက်ကွယ်မှာ ဟန်ဆောင်မှုမျက်နှာဖုံးတွေ ကွာကျပြီး သင့်ကိုမကောင်းပြောနေတယ်ဆိုရင်တော့ ရေရှည်မဆက်ဆံသင့်တဲ့ လေးစားမှုမရှိသူတွေဆိုတာ သိနိုင်ပါတယ်။

(၂) သင့်အပေါ်အမြဲလိမ်ညာမယ်

Mid-adult man talking with friend

Source : Restaurant Association of New Zealand

လူတွေမှာလိမ်ညာရတဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့လုံခြုံမှုကိုထိန်းသိမ်းရန် (သို့) အန္တရာယ်ရှိတဲ့အခြေအနေတွေကိုရှောင်ရှားရန်စတဲ့ အကြောင်းပြချက်တွေကြောင့် လိမ်ညာမိတက်ကြပါတယ်။ သို့သော် ကိစ္စတိုင်းလိုလို သင့်အပေါ်ရိုးသားမှုမရှိပဲ အမြဲတမ်းလိမ်ညာပြောဆိုနေမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလျော့နည်းစေပြီး သင့်တို့ကြားက ဆက်ဆံရေးကို ရေရှည်ထိန်းထားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ သင့်အပေါ်အမြဲလိမ်ညာတက်တဲ့ သူငယ်ချင်းရှိတယ်ဆိုရင် သူနဲ့ ဆက်ဆံရေးကိုအမြန်ဆုံးဖြတ်တောက်ဖို့ လိုအပ်ပါတယ်။

(၃) သင့်ဘဝလျို့ဝှက်ချက်တွေကိုထုတ်ပြောမယ်

 man putting his hand on the shoulder of a crying person while talking to him

Source : KSL NewsRadio

သင့်ဘဝနဲ့ပတ်သတ်တဲ့ လျို့ဝှက်ချက်တွေကို တခြားတွေထံ ထုတ်ဖော်ပြောပြခြင်းဟာ သင့်အပေါ် လေးစားမှု လုံးဝမရှိဘူးဆိုတာကို ဖော်ပြရာရောက်ပါတယ်။ အများစုက ကိုယ့်အတွက်မိတ်ဆွေသူငယ်ချင်းကောင်းတစ်ယောက်အထင်နဲ့ ကိုယ့်ဘဝရဲ့လျို့ဝှက်ချက်တွေကိုပြောပြတက်ကြပါတယ်။ သင့်အပေါ်လေးစားမှုမရှိတဲ့ သူငယ်ချင်းအတုတွေကတော့ သင့်ဘဝလျို့ဝှက်ချက်တွေကို ဖော်ကောင်လုပ်ပြီး လူတွေရဲ့အမြင်မှာ သင့်ကိုအားနည်းသွားစေချင်တာဖြစ်ပါတယ်။

(၄) သင့်ဘက်ကပဲအမြဲစဆက်သွယ်နေရမယ်

man calling by phone while making notes and working in cafe

Source : Freepik

သင့်သူငယ်ချင်းက သင့်အပေါ်လေးစားမှုရှိလား မရှိဘူးလားဆိုတာကို သင့်တို့နောက်ဆုံးဆက်သွယ်ခဲ့တဲ့ အခြေအနေကို ပြန်စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ သူတို့ဘက်က သင့်ကိုစဆက်သွယ်ခဲ့တာလား ၊ သင့်ဘက်ကပဲ အမြဲလိုက်ဆက်သွယ်နေရလားဆိုတာကိုပါ။ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့က ဘယ်တော့မှ တစ်ဖက်သက်ဆန်နေလို့မရပါဘူး။ နောက်ပြီး သင့်ကိုအကူညီတစ်ခုခုလိုမှ ဆက်သွယ်တာမျိုးကလည်း လေးစားမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဆိုတာ နားလည်ထားသင့်ပါတယ်။