လူတစ်ယောက်နဲ့ တစ်ယောက် ဖောက်ပြန်တဲ့ပုံစံချင်းတော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ကိုယ်ချစ်သူဖောက်ပြန်နေပြီလားဆိုတာ သိနိုင်မယ့် အမူအရာလေးတွေရှိပါတယ်။ ဘယ်လိုအမူအရာတွေ လက္ခဏာတွေက ဖောက်ပြန်နေတယ်ဆိုတာကို ဖော်ပြနေလဲ လေ့လာကြည့်ရအောင်။
(၁) ချစ်တယ်ဆိုတဲ့စကားတွေမကြားရတော့ဘူး

Source : Centro Psicoterapeutico
ချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် တစ်နေ့မှာအနည်းဆုံး တစ်ကြိမ်တော့ ချစ်တယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ကိုယ်ချစ်သူက ကိုယ်အပေါ်ချစ်တယ်ဆိုတဲ့စကားပြောဖို့တောင် သူ့အတွက်ဝန်လေးနေမယ်။ ချစ်တယ်လို့ မပြောမခံရတာ အချိန်တော်တော်ကြာကြာနေပြီဆိုရင် သင့်ကိုမချစ်တော့တာ သို့မဟုတ် အချစ်သစ်တွေ့နေတယ်ဆိုတာ ရာခိုင်နှုန်းတော်တော်များများမှန်တယ်လို့ ခန့်မှန်းလို့ရနိုင်ပါတယ်။
(၂) ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိလာမယ်

Souce : Shutterstock
လူတစ်ယောက်ရုပ်ပိုင်းဆိုင်ရာမှာ သိသိသာသာပြောင်းလဲမှုတွေရှိလာတယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ထူးခြားချက်တွေရှိနေလို့ဖြစ်နိုင်ပါတယ်။ အရင်ကထက် ပိုပြီးလှချင်နေမယ် ပြင်ပြင်ဆင်ဆင်နေလာမယ် ဝတ်စားဆင်ယင်မှုပုံစံတွေပြောင်းလာမယ် အရင်ကမရဘူးတဲ့ ရေမွှေးနံ့လို့ ရနံ့မျိုးတွေရနေမယ်။ ဒီလိုမျိုးပြောင်းလဲမှုတွေက ဖောက်ပြန်တယ်လို့ တိတိကျကျမဆိုနိုင်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ အမြင်မှာဆွဲဆောင်မှုရှိစေချင်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ပြောင်းလဲမှုတွေပါ။
(၃) လျို့ဝှက်ချက်တွေများနေမယ်

Source : Femina
ချစ်သူစုံတွဲတွေမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေခွဲထားတာက ကောင်းမွန်တဲ့လုပ်ရပ်ပါ။သို့သော်လည်း သံသရာဖြစ်ဖွယ် လျို့ဝှက်ချက်တွေမြင်တွေ့လာရမယ့် ဥပမာ ဖုန်းကို ဘယ်သွားသွားလက်ကမချတာမျိုး အတူတူရှိနေစဉ်အတွင်း စာဝင်လာတဲ့အသံ ဖုန်ခေါ်တဲ့အသံတွေကြားရပေမယ့် ဘယ်သူပို့တာဆိုတာ ပြောမပြတာမျိုး ကိုယ့်ကိုအသိမပေးပဲ အပြင်မကြာခဏရောက်နေတာမျိုး စသည်ဖြင့် လျို့ဝှက်ချက်တွေများနေပြီဆိုရင် သေချာတာ သင့်အပေါ်မရိုးသားတော့ပါဘူး။
(၄) အပြစ်တင်တာတွေများနေမယ်

Source : 123RF.com
ကိုယ်ချစ်သူက ကိုယ့်အပေါ်ဖောက်ပြန်နေပြီဆိုရင် သူဟာကိုယ်နဲ့ တွေ့တိုင်း တစ်စုံတစ်ခုကို ကြောက်လန့်စိုးရိမ်နေပြီး သူအပြစ်ကိုဖုံးဖို့ ကိုယ့်ကိုဦးအောင်အပြစ်ရှာနေတက်ပါတယ်။ ဒါကြောင့်ဘာပဲလုပ်လုပ်ကိုယ့်ကို အပြစ်တွေပဲမြင်နေမယ် အပြစ်ရှာနေမယ် ကိုယ်အပေါ်အလိုမကျမှုတွေဖြစ်နေမယ်ဆိုရင်တော့ သင့်ချစ်သူသင့်ကိုဖောက်ပြန်နေပြီဆိုတာ သေချာသလောက်ပါပဲ။
