Relationship တိုင်းမှာ ပြဿနာရှိကြစမြဲပါ။ ဒါကို ရှောင်လို့ မရပါဘူး။ ပြဿနာတက်ရုံနဲ့ ကွဲတဲ့ အတွဲရယ်လို့လည်း မရှိနိုင်ပါဘူး။ အဆင်မသင့်လို့ ကတောက်ကဆ ဖြစ်ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရင်လို ချစ်ချစ်ခင်ခင် ပြန်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုပြောမယ့် အခြေအနေမျိုးတွေ ကြုံနေရင်တော့ မကြာခင်ပြတ်ဖို့ ရှိတယ်လို့ ပြောနိုင်ပါတယ်။

(၁) ရင်းနှီးမှု မရှိတော့ဘူး

Couple Under The Sunshine

Photo: Unsplash

တစ်ယောက်နဲ့တစ်ယောက် စိမ်း သွားတယ်ဆိုတဲ့ စကားက သိပ်ကြောက်စရာကောင်းပါတယ်။ သူငယ်ချင်းတွေ စိမ်း သွားရင် ၊ မိသားစုဝင်တွေ စိမ်း သွားရင် တကယ့်ကို သူစိမ်းတွေ ဖြစ်သွားကြလို့ပါပဲ။ အရမ်းချစ်တဲ့ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် အရင်လို မနွေးထွေးတော့ရင် လျစ်လျူရှုလာရင် အန္တရာယ်ကြီးပါတယ်။ ဒါဟာ တစ်ခုခု မှားနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်သလို သိပ်မကြာခင် ပြတ်နိုင်တယ်ဆိုတဲ့ သင်္ကေတလည်း ဖြစ်တတ်ပါတယ်။

(၂) သံသယတွေ ရှိလာတယ်

Two People sitting

Photo: Unsplash

မယုံတော့ဘူးလို့ ပြောရင် သတိထားပါ။ တကယ်မယုံတော့ရင် Relationship တွေ ပျော်ရွှင်ချမ်းမြေ့တည့်တံ့ဖို့ မဖြစ်နိုင်လို့ပါ။ ချစ်သူနှစ်ဦးအကြား သံသယတွေ ရှိထားပြီး ၊ အဲ့ဒီသံသယတွေကို အမြစ်ပြတ်အောင် ရှင်းမထုတ်နိုင်ရင် တစ်ချိန်ချိန်မှာ သံယောဇဉ် ပြတ်ပြီး ဝေးကွာသွားနိုင်ပါတယ်။ သံသယ ၊ သဝန်တိုမှုနဲ့ အထင်အမြင်လွဲမှားမှုဆိုတာ အမြစ်မထိုးခင်ကတည်းက အရင်ရှင်းရမှာ ဖြစ်ပါတယ်။

(၃) ခံစားချက်ခြင်း မတိုက်ဆိုင်တော့ဘူး

Conversation In The Room

Photo: Unsplash

သဘောထားကွဲလွဲတာက ပြန်ညှိလို့ ရပါတယ်။ ခံစားချက်ချင်း မတိုက်ဆိုင်တော့ရင် ပြဿနာရှိပါတယ်။ တစ်ယောက်ပြောတာ တစ်ယောက် နားမထောင်ချင်တော့ဘူး ။ တစ်ယောက်စိတ်ပိုင်းဆိုင်ရာ လိုအင်နဲ့အခက်အခဲတွေကို မညှိဖြစ်ဘူးဆိုရင် ကွဲဖို့ ပြတ်ဖို့ များပါတယ်။

Featured Photo: yourtango