ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဆိုတာ ကိုယ်ကာယတည်ဆောက်ပုံကြည့်ရုံနဲ့ ချက်ချင်းသိနိုင်ပေမယ့် စိတ်ဓါတ်ကြံ့ခိုင်မှု Mentally Strong ဖြစ်မဖြစ်ဆိုတာကိုတော့ သူ့ရဲ့ အမူအကျင့်နဲ့ တုံ့ပြန်ပုံပေါ်ကြည့်ပြီး အကဲခတ်မှ သိနိုင်မှာပါ။ တကယ်စိတ်ဓါတ်ရင့်ကျက်သူတွေရဲ့ အမူအကျင့်လေးတွေကို ကြည့်ရင် တချို့ဟာတွေက ပျော့ညံ့တဲ့အမူအယာလို့ ထင်ကြပါတယ်။ တကယ်တော့ သဘောထားကြီးပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိတဲ့သူတွေကို လေ့လာကြည့်ရင် အခုပြောမယ့်အချက်လေးတွေ တွေ့ရပါလိမ့်မယ်။

(၁) ကြင်နာတတ်တယ်

Be Kind

Photo: Unsplash

ဂရုဏာထားတယ်ဆိုတာ မြင့်မြတ်သူတို့ရဲ့ စိတ်အထာပါပဲ။ အိမ်နီးချင်းပေါ် ဂရုဏာထားတာ ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကြင်ကြင်နာနာဆက်ဆံတာ ၊ ကိုယ့်ရဲ့ အားလပ်တဲ့အချိန်ပိုတွေမှာ တခြားသူရဲ့ ပရောဂျက်မှာ ဝင်ကူညီတာ စတဲ့ ကြင်နာတဲ့လုပ်ရပ်လေးတွေဟာ စိတ်အင်အားကြီးမားခြင်းရဲ့ သင်္ကေတတစ်ခုပါပဲ။ ကြင်နာမှုပြဖို့ သတ္တိနဲ့ ယုံကြည်စိတ်လိုပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်သူတွေက ဂရုဏာထားပြီး ကြင်နာမှုလုပ်ဖို့အတွက် စွန့်စားရဲသူတွေလည်း ဖြစ်ပါတယ်။

(၂) ကိုယ့်အားနည်းချက်ကို အသိအမှတ်ပြုတယ်

Be Balance

Photo: Unsplash

အမှန်တရားကို ပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်တဲ့အကြားမှာ ခြားနားမှုရှိပါတယ်။ ချောင်ထဲ ရောက်နေတဲ့ ကိုယ့်အားနည်းချက်ကို သိအောင်လုပ်ဖို့အတွက် အမှန်တရားကို လက်ခံရဲတဲ့စိတ်သတ္တိလိုပါတယ်။ ကိုယ့်ရဲ့ မပြည့်စုံမှုကို ဝန်ခံရဲအောင် သတ္တိရှိသူဟာ သဘောထားရင့်ကျက်သူပါပဲ။

(၃) စိတ်ရှည်သည်းခံတယ်

Man Jumping

Photo: Unsplash

စိတ်ရှည်တယ်ဆိုတာ သဘောကောင်းတဲ့လူတွေရဲ့ အမူအကျင့်တွေထဲက တစ်ခုပါပဲ။ ပြဿနာတစ်ခုခု ရင်ဆိုင်ရချိန်မှာ သည်းခံစိတ်ကို အရင်းထားပြီး ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်ခြင်းက အရည်အချင်းကောင်းတစ်ခု ဖြစ်ပါတယ်။ တကယ့်အပြောင်းအလဲဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ စိတ်ရှည်သည်းခံမှု အရင်းပြုပြီးပဲ ရှေ့ဆက်ရတာပါ။ ဒါကြောင့် စိတ်ဓါတ်ရင့်ကျက်သူတွေလို့ ပြောလိုက်ရင် သည်းခံတတ်လားဆိုတာကိုပါ ကြည့်ရပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ကြိုးစားတယ်

Personal Development

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် အမြဲမြှင့်တင်နေတဲ့လူတွေ တွေ့ဖူးမှာပါ။ တချို့လူတွေဟာ သူတို့ရဲ့ မအားလပ်တဲ့အချိန်ထဲကနေ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ စာဖတ်တာ ၊ ကျန်းမာဖို့ အားကစားလုပ်တာတွေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချလေ့ရှိပါတယ်။ တိုးတက်ရင့်ကျက်တဲ့လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အဖက်ဖက်က ပိုကောင်းအောင် မြှင့်တင်နေတဲ့ လူလည်း ဖြစ်ပါတယ်။

(၅) ခေါင်းအေးအေးထားတယ်

man writing business plan

Photo: Unsplash

ဘာနဲ့ကြုံကြုံ စိတ်ကို အမြဲတည်ငြိမ်အေးချမ်းအောင် ထားတဲ့ အကျင့်ရှိတာကလည်း စိတ်ပိုင်းဆိုင်ရာရင့်ကျက်သန်မာသူတွေရဲ့ စရိုက်တစ်မျိုးပါပဲ။ ပြဿနာတွေအကြားမှာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်သွားသူကို ကြည့်ရတာလည်း အလိုလိုနေရင်း စိတ်သက်သာရာရပါတယ်။ ဒီတော့ စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်ချင်ရင် ဘယ်လိုကိစ္စတွေနဲ့ကြုံကြုံ အရင်ဆုံး စိတ်ကို အေးချမ်းအောင် ထားပြီးမှ ရင်ဆိုင်တတ်တဲ့အကျင့်လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

Featured Photo: Medium