ရေများများသောက်တာ ကောင်းပါတယ်။ များလွန်းသွားရင်လည်း သွေးထဲ ဆိုဒီယမ် Level ပုံစံမမှန်တဲ့ ကျဆင်းမှုကြောင့် ဆဲလ်တွေ ဖောင်းပွလာတဲ့ Hyponatremia ဆိုတဲ့ အခြေအနေ ဖြစ်လာတတ်ပါတယ်။ ရေအဆိပ်တောက်ခြင်း ဖြစ်ပြီး သေတဲ့အထိ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ရေအလွန်အကျွံသောက်တယ်ဆိုတာ သွားလေရာ ရေဗူးတစ်ဗူး လက်ထဲက မချစတမ်း သယ်သွားပြီး ရေမဆာလည်း သောက်နေမိတာမျိုး ဖြစ်ပါတယ်။ ရေအလွန်အကျွံသောက်နေမိပြီလားလို့ ကိုယ့်ကိုယ်ကိုယ် သိနိုင်မယ့် လက္ခဏာတစ်ချို့ကို မျှဝေချင်ပါတယ်။
(၁) ဆီးအရောင် ကြည်တဲ့တိုင်အောင် ရေကို ဆက်တိုက် သောက်နေမိခြင်း

Photo: thehealthy
ဒါကလည်း ရေအသောက်လွန်တဲ့ လက္ခဏာတစ်ခု ဖြစ်လေ့ရှိပါတယ်။ ကျန်းမာတဲ့ ရေသောက်သုံးမှုပုံစံ ရှိသူရဲ့ ဆီးအရောင်ဟာ အဝါရေင်အကြည်ကာလာ ဖြစ်ပါတယ်။ လူအများစုက ဆီးအရောင် ကြည်လွန်းမှ ရေသောက်သုံးမှုမှန်တယ်ထင်တတ်ကြပါတယ်။ လူအများစုအတွက တစ်နေ့ကို ရေ ၈ ဖန်ခွက်ကနေ ၁၀ ဖန်ခွက်ဆို ပုံမှန်ကျန်းမာတဲ့ ရေသောက်သုံးမှုစနစ် ဖြစ်ပါတယ်။
(၂) ပျို့ချင်အန်ချင်စိတ်ခဏခဏ ဖြစ်နေမိခြင်း

Photo: thehealthy
ရေသောက်များလွန်းသွားရင်လည်း ရေဓါတ်ခမ်းခြောက်သလိုမျိုး လက္ခဏာတွေ ပြပါတယ်။ ရေသောက်တာ များလွန်းသွားရင် ကျောက်ကပ်ဟာ ပိုလျှံတဲ့ အရည်တွေကို မစွန့်ထုတ်နိုင်တာကနေ ကိုယ်တွင်းထဲ ရေတွေ စုဝေးလာတတ်ပါတယ်။ ဒီနည်းနဲ့ မအီမသာ ဖြစ်လာပြီး အန်ချင် ၊ ဝမ်းပျက်ချင် ဖြစ်လာတတ်ပါတယ်။
(၃) ခေါင်းအုံခေါင်းကိုက်နေခြင်း

Photo: thehealthy
ခေါင်းကိုက်ခြင်းဟာ ရေဓါတ်ခမ်းခြောက်ခြင်းမှာရော ရေသောက်လွန်ကဲခြင်းမှာပါ တွေ့ရတတ်တဲ့ လက္ခဏာပါ။ ပျို့ခြင်းအန်ခြင်း ၊ ဝမ်းပျက်ဝမ်းလျှောခြင်းလိုပဲ ရေသောက်များလွန်းတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။
ရေသောက်များသွားတဲ့အခါ ကိုယ်တွင်းထဲက ဆားဓါတ်နည်းသွားပြီး ဆဲလ်တွေ ကြီးလာတတ်ပါတယ်။ ရေသောက်လွန်ကဲလာတာနဲ့အမျှ ဦးနှောက်အရွယ်အစားကြီးလာပြီး ဦးခေါင်းခွံကို ဖိအားပေးပါတယ်။ ဒီနည်းနဲ့ ခေါင်းကိုက်ပြီး အသက်ရှုရခက်လာတတ်ပါတယ်။
(၄) လက်ချောင်း ၊ နှုတ်ခမ်းနဲ့ ခြေထောက်များ ရောင်ကိုင်းနေခြင်း

Photo: thehealthy
Hyponatremia ဖြစ်တဲ့သူအများစုဟာ လက်တွေ ၊ ခြေတွေနဲ့ နှုတ်ခမ်းတွေ အရောင်ပြောင်းတာ ၊ ယောင်ကိုင်းနေတာတွေ ဖြစ်တတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ်တွင်းထဲက ဆဲလ်တွေ ပွယောင်းလာရာကနေ အရေပြားဟာ သိသိသာသာ ဖောရောင်လာတာ ဖြစ်ပါတယ်။
(၅) ကြွက်သားအားနည်းခြင်း ၊ ပင်ပန်းနုံးခွေခြင်း

Photo: thehealthy
ရေသောက်များလွန်းရင် ကြွက်တက်ခြင်းနဲ့ ကြွက်သားအားနည်းခြင်းတွေလည်း ဖြစ်လေ့ရှိပါတယ်။ အဲလိုဖြစ်တတ်တယ်ဆိုရင် အီလက်ထရိုလိုဒ်လည်း ပြည့်ဝတဲ့ သဘာဝအုန်းရည်လေးတွေ အစားထိုး သောက်သုံးပေးနိုင်ပါတယ်။
နောက်ထပ် ကြုံနိုင်တာက ရေသောက်များပြီး ကျောက်ကပ် အလုပ်ပြင်းပြင်းထန်ထန် လုပ်ရတဲ့ အခါမျိုးမှာ ကိုယ်ခန္ဓာကနေမခံနိုင်ဘဲ ပင်ပန်း နွမ်းနယ်လာတတ်ပါတယ်။ ရေကို အလွန်အကျွံသောက်တာဟာ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးရာရောက်လို့ ရေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပမာဏလောက်ပဲ သောက်သုံးသင့်တယ်လို့ အကြံပြုချင်ပါတယ်။
