ကွီးဆီမှာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်နေရပြီဆိုတာ ဘယ်လိုသိနိူင်မလဲ။ ကွီးတို့ရဲ့အချစ်ရေးဟာကြမ်းတမ်းနေတယ် ဒါပေမယ့်အဖြေကို ရှာမတွေ့ဘူးဆိုရင်တော့ ပြန်လည်းစမ်းစစ်ကြည့်သင့်ပါပြီ။ အခု kwee ကပြောပြပေးမယ့် အချက်တွေအပေါ်အခြေခံပြီးတော့ ကွီးဆီမှာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက်ပိုင်ဆိုင်နေရပြီဆိုတာကို ခန့်မှန်းနိူင်ပါတယ်။

ကွီးကိုပြောင်းလဲပစ်ဖို့ ကြိုးစားတာ

Source: The Good Men Project

လူတိုင်းမှာ ကိုယ်စိတ်နဲ့ကိုယ် ကိုယ်လုပ်ချင်တာ အတိုင်းအတာတခုထိ လုပ်ပိုင်ခွင့်ရှိပါတယ်။ ကွီးတို့တွေဟာ အိမ်ထောင်မပြုခင်အထိ လွတ်လပ်နေသေးတဲ့ သူတွေပါ။ တကယ်လို့ ကွီးတို့နှစ်ယောက်ကြားမှာ တယောက်ယောက်က ပြောင်းလဲဖို့လိုလာပြီဆိုရင် ကိုယ့်အသိစိတ်နဲ့ကိုယ် ပြောင်းလဲတာပဲကောင်းပါတယ်။

တစ်စုံတစ်ယောက် ရဲ့တွန်အားပေးမူကြောင့် ပြောင်လဲတာမျိုးမဖြစ်သင့်ပါဘူး။ တကယ်လို့ ကွီးချစ်သူက ကွီးကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်လို့ ခံစားရရင် ဒါဟာကောင်းတဲ့ အချက်မဟုတ်ပါဘူး။

မကြာခဏ ပွစိပွစိလုပ်နေတာ

Source: The iNdependent Man

တစ်ချို့လူတွေက သူများမကောင်းကြောင်းတွေ (သို့) ကိုယ့်ရဲ့အဆင်မပြေမူတွေကို မကြာခဏ ပွစိပွစိ ပြောနေတတ်ကြတယ်။ ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်ထိုင်ပြောနေတာကို နားထောင်ရတာလောက် ငြီးငွေ့စရာကောင်းတာမရှိပါဘူး။

ကွီးချစ်သူကကော ဒီလိုမျိုးအခြားသူတွေရဲ့အပစ်တွေကို တစ်နေကုန်အောင် ထိုင်ပြောနေတတ်တဲ့သူလား။ ဒါဆိုရင်တော့ ရေရှည်အတွက် အဆင်မပြေနိူင်ပါဘူး။ မကြိုက်ရင် မကြိုက်တဲ့အကြောင်း သူမကို ပွင့်ပွင့်လင်းလင်းပြောပြထားပါ။

အရာရာတိုင်းဟာ သူမကိစ္စပဲဖြစ်နေခြင်း

Source: Youth Village

ကွီးတို့ချစ်သူနှစ်ယောက်မှာ အစီအစဉ်တခုတခုဆွဲတိုင်း သူမကိစ္စကိုပဲအမြဲတမ်းရှေ့တမ်းတင်နေပါလိမ့်မယ်။ နှစ်ယောက်သားစီစဉ်ထားတဲ့အရာ တခုခုမလုပ်ခင်မှာ ကွီးကတခုခုလုပ်ခြင်ပြီဆိုရင် သူမဆီကအမြဲတမ်း ခွင့်ပြုချက်တောင်းခံနေရပါလိမ့်မယ်။

ကွီးမှာ ဘယ်လိုအရေးကိစ္စပဲ ရှိနေရှိနေ သူမဘေးမှာ ကွီးကို တစ်နေ့လုံးရှိနေစေတာတွေ သူမဟာ ကွီးရဲ့ပထမဦးစားပေး ဖြစ်စေချင်တာတွေ စသဖြင့် ကြုံလာရပြီဆိုရင်တော့ သူမဟာ ကွီးရဲ့ဆိုးဝါးတဲ့ ချစ်သူတစ်ယောက် ဖြစ်နိူင်ပါတယ်။

အားမနာတမ်း ဝေဖန်တာ

Source: Daily Mail

ဝေဖန်တယ်ဆိုတာ အတိုင်းအတာတခုရှိပါတယ်။ ဘောင်ကျော်ပြီး ဝေဖန်ပြောဆိုတာမျိုးမပြုလုပ်သင့်ပါဘူး။ လူတော်တော်များများကတော့ အကျိုးရှိတဲ့ အကူအညီပေးနိုင်တဲ့ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် ကွီးချစ်သူက ကွီးကို အများရှေ့မှာ ပွင့်ပွင့်လင်းလင်းဝေဖန်နေရင်တော့ ကောင်းတဲ့အကျင့်တခုမဟုတ်ပါဘူး။

ချစ်သူနှစ်ဦးကြားမှာ ဝေဖန်ပြောဆိုတာထက် အမှားလေးတွေကို ထောက်ပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ ဝေဖန်ပြောဆိုရတော့မယ်ဆိုရင်လည်း နှစ်ကိုယ်ကြား အပြုသဘောဆောင်တဲ့ ဝေဖန်မူမျိုးပဲ ဖြစ်သင့်ပါတယ်။