တစ်ချို့လူတွေက တစ်လဝင်ငွေ (၅) သိန်းရှိနေရင် (၇) သိန်းလောက်သုံးပစ်တက်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ လတိုင်းအကြွေးတွေချည်း ဆပ်နေရတက်ကြတာပါ။ ဒါပေမယ့် သူတို့တွေဟာ ဝင်ငွေထက် ထွက်ငွေပိုများနေတာကို သတိမထားမိကြဘဲ ဆက်ပြီး သုံးနေတက်ကြပါတယ်။ ဒီလိုလူတွေဟာ ပိုက်ဆံစုမိဖို့နေနေသာသာ အိမ်ကမိဘတွေကိုတောင် လက်ဖြန့်တောင်းနေရတက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝင်ငွေနဲ့ထွက်ငွေမမျှကြောင်းသိနိုင်တဲ့ တစ်ချို့ လက္ခဏာလေးတွေကို ဖော်ပြပေးသွားမှာပါ။
လကုန်ခါနီး အသုံးစရိတ် ပြတ်နေတက်ခြင်း

Source: The London School of English
ဝင်ငွေထွက်ငွေ မမျှတဲ့လူတွေဟာ လကုန်ခါးနီးမှာ ပိုက်ဆံပြတ်လပ်လေ့ရှိပါတယ်။ သူတို့တွေဟာ လစာမရခင် အရင်လက ရတာတွေအကုန်သုံးမိသွားတာကြောင့် သုံးစရာမရှိဖြစ်သွားတက်ကြတယ်။ တစ်ချို့တွေက လစာမရခင် အသုံးစရိတ်လိုတာကြောင့် ချေးငှားပေါင်နှံတာတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ လစာထုတ်တဲ့အချိန်မှာ လစာရဲ့ တစ်ချို့တစ်ဝက်ဟာ လစာမရခင်ကြိုသုံးပြီးသားဖြစ်သွားကြတယ်။ ဒီလိုနဲ့ သံသရာလည်နေတက်ကြပါတယ်။
ဝင်ငွေရဲ့တစ်ချို့တစ်ဝက်ကိုတောင် မစုဆောင်းနိုင်ခြင်း

Source: Money Saving Expert
ဝင်ငွေထွက်ငွေ မျှအောင်ချင့်ချိန်ပြီး သုံးနိုင်တဲ့လူတွေအများစုဟာ သူတို့လစဉ်ဝင်ငွေရဲ့ (၅) ရာခိုင်နှုန်းကို အမြဲစုဆောင်းလေ့ရှိကြပါတယ်။ သင့်အနေနဲ့ ဝင်ငွေရဲ့ တစ်ချို့တစ်ဝက်ကို စုဆောင်းနိုင်စွမ်းမရှိနေဘူးဆိုရင် ဒါဟာ ရှာဖွေနိုင်တာထက် ပိုသုံးနေပြီဆိုတဲ့ လက္ခဏာပါပဲ။
အရေးပေါ်အတွက် သုံးဖို့ငွေမရှိခြင်း

Source: Money Under 30
အရေးပေါ်ငွေဆိုတာ ကျန်းမာရေးပြဿနာနဲ့ကြုံလာတဲ့အခါ (သို့) ရုတ်တရက် အလုပ်အကိုင်ဆုံးရှုံးသွားတဲ့အခါ (သို့) အိမ်အပြောင်းအရွှေ့ လုပ်ဖို့လိုတဲ့အခါမှာ စသဖြင့် သုံးဖို့စုထားတဲ့ ငွေတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေတွေအတွက် ငွေပိုစုဆောင်းထားသင့်ပါတယ်။ သင့်အနေနဲ့ ဒီလိုအရေးပေါ်အတွက် စုဆောင်းထားခြင်းမရှိဘူးဆိုရင်တော့ ရှာနိုင်တာထက် ပိုသုံးမိနေလို့ပါပဲ။
အမြဲတမ်းလိုလို အကြွေးတင်နေခြင်း

Source: Salem Five Bank
ရှာနိုင်တာထက် ပိုသုံးမိနေသူတိုင်းနီးပါးမှာ တခြားလူတွေအပေါ် အကြွေးတင်နေလေ့ရှိပါတယ်။ သူတို့တွေဟာ ပိုက်ဆံပြတ်တဲ့အခါမှာ ချေးငှားသုံးစွဲရတာကြောင့် လစာထုတ်လာတဲ့အခါ ပြန်ဆပ်ရပါတယ်။ ပြီးတော့ လကုန်ခါနီး ပိုက်ဆံပြတ်သွားရင် ပြန်ချေးရပါတယ်။ ဒီလိုနဲ့ အကြွေးသံသရာ လည်နေတက်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ အကြွေးမရှိတာ အောင်နေထိုင်ပါ။ စိတ်ချမ်းသာပါလိမ့်မယ်။
