အပြာကားကြည့်ခြင်းဟာ သိပ်ပြီး ထူးဆန်းလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ Extreme Tech Report ဆိုတဲ့ အစီရင်ခံစာတစ်စောင်မှာဆို အင်တာနက်ယာဉ်ကြော Traffic တွေအားလုံးရဲ့ ၃၀% ဟာ Porn ဝက်ဘ်ဆိုက်တွေကို သွားကြည့်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး Porn Site တစ်ခုရဲ့ Page View ဟာ တစ်လကို သန်း ၄၄၀၀ ကျော် ရှိနေပါတယ်။

ဒီတော့ သင်လည်း ဒီလို Porn ကားတွေ ကြည့်တတ်သူတွေထဲက တစ်ဦးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်ဟာမဆို လွန်လွန်ကျွံကျွံ ဖြစ်တာ မကောင်းဘူးမလား။ ဝါသနာပါလို့ ကြည့်မိတယ်ဆိုရင်တောင် အကြည့်မများဖို့ ၊ စွဲတဲ့အဆင့် မရောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ဟိုကားတွေ အကြည့်များနေပြီလားဆိုတာ တိုက်စစ်နိုင်မယ့်အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) မရပ်တန့်နိုင်တော့ဘူး

Porn Addiction

Photo: abcnews

နေ့တိုင်း Porn ကားတွေ ကြည့်ဖြစ်တယ်ဆိုရင် များနေပြီလို့ ပြောနိုင်ပါတယ်။ ဒီနေ့တော့ အပြာကားတွေ မကြည့်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားပေမယ့် ကြည့်မိတာမျိုးအဆင့်ကို ပြောတာ ဖြစ်ပါတယ်။ တကယ်လို့ အပြာဇာတ်လမ်း ၊ စာအုပ်နဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ အချိန်ကုန်တာ များလာရင် ဒီအခြေအနေကို ပြောင်းလဲဖို့ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

(၂) Porn ကားတွေထဲကအတိုင်း စိတ်ကူးယဉ်နေမိတယ်

Man Watching Porn

Photo: Men’s Health

ဆယ်ကျော်သက်လူငယ်သွေးကြွအရွယ်အဖို့တော့ အပြာဇာတ်လမ်းထဲက အချိုးအစား ၊ ပုံပန်းနဲ့ ညှို့ချက်တွေကို တကယ့်ဘဝလို စိတ်ကူးယဉ်မိတာ ဖြစ်နေကျသဘော ဆိုပေမယ့် အရွယ်ရောက်ပြီးတာတောင် Porn ဇာတ်လမ်းတွေထဲကလို မျှော်လင့်နေမိတာ ၊ Porn ကားထဲကအတိုင်း ခဏခဏ လိင်အာသာဖြေတာ နဲ့ အလိုမပြည့်နိုင်တဲ့စိတ်ပဲ ပိုများများလာတာဆိုရင် အကြည့်လျှော့ပြီး အကျင့်ကောင်းလေးတွေနဲ့ မွေးယူအစားထိုးဖို့ လိုလာပြီ ဖြစ်ပါတယ်။

(၃) စိတ်ဓါတ်တွေ ပျက်ပြားလာတယ်

signs_porn_addiction

Photo: addictioncenter

Porn ကားတွေက တကယ့်အဖြစ်အမှန်မဟုတ်ဘဲ လိင်စိတ်နှိုးဆွဖျော်ဖြေဖို့ သက်သက် Settings ချရိုက်ထားတာပါ။ ဒီထဲမှာ မဖြစ်နိုင်တဲ့အရာတွေကို တကယ်ဖြစ်နိုင်သလို ဖန်တီးထားပါတယ်။ Porn ကားအကြည့်များပြီး စိတ်စွဲနေသူအဖို့ တကယ့်လက်တွေ့ဘဝမှာ မဖြစ်နိုင်တာတွေထဲပဲ စိတ်ကူးယဉ်ရင်းနဲ့ စိတ်တွေ ရှုပ်ထွေးလာမယ် ၊ လူတွေနဲ့ အပေါင်းအသင်း မဝင်ဆံ့တော့ဘဲ Anti-Social ဖြစ်လာမယ် ၊ ကိုယ့်ကိုယ်ကိုယ် ရှက်မိသလို နောင်တရနေသလို ဖြစ်တတ်ပါတယ်။

(၄) ကိုယ့်ရဲ့ Sex Life ကို မကျေနပ်တော့ဘူး

man-watching-porn

Photo: breakupshop

သင်ရဲ့တကယ့်ဘဝထဲက လိင်ကိစ္စတွေက ပျင်းစရာဖြစ်လာတယ်လို့ ထင်လာမယ်။ သင်က ဒီထက်ပို လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုတွေ အတွေ့အကြုံအဆန်းတွေ လိုချင်လာမယ်။ သင့်ပါတနာထက် သင်ကြည့်နေကျ Porn ကားထဲက Porn Stars တွေကိုပဲ စိတ်ပါပြီး စိတ်ထဲမှာ စွဲနေမယ်။ Porn ကားထဲက စွမ်းဆောင်ရည်မျိုး သင့်မှာ မရှိဘူးလို့ ထင်လာမယ်။ နောက် သင့်ကိုယ့်သင်ပါ မကျေနပ်တော့ဘူးအထိ ဖြစ်လာနိုင်ပါတယ်။

Featured Photo: addictioncenter