ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်အတွက် စစ်မှန်တဲ့ အချစ်စစ်နဲ့ပဲ ဆုံဆည်းခွင့်ရချင်ကြတာ ဖြစ်ပါတယ်။ အချစ်စစ်နဲ့ တွေ့ဖို့ဆိုတာ ပြောတော့သာ လွယ်ကူပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ခက်ခဲကောင်းခက်ခဲ ပါလိမ့်မယ်။ ဘဝတစ်လျောက်မှာ ကိုယ့်အတွက်မဟုတ်တဲ့ မှားယွင်းတဲ့အချစ်တွေ မျက်စိလည်လမ်းမှားပြီး မကြာခဏ ကိုယ်ဆီရောက်လာနိုင်သလို အချိန်မကျသေးလို့ အချစ်စစ်နဲ့ မတွေ့သေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အချစ်စစ်နဲ့ တွေ့ဆုံမိပြီဆိုရင်လည်း အရာရာကပြောင်းလဲသွားပြီး ထူးခြားမှုတွေကို သင်ခံစားမိမှာ သေချာပါတယ်။ အကယ်၍ သင့်လက်ရှိအချစ်ရေးမှာ အခုပြောပြမယ့် အချက်လေးတွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင့်ရဲ့ ပျောက်ဆုံးနေတဲ့ နံရိုးလေးတစ်ချောင်းကို ရှာတွေ့ပြီလို့သာ မှတ်ယူလိုက်ပါ။

(၁) ငြိမ်းချမ်းခြင်းတွေကို ခံစားရတယ်

Photo : HerBeauty.co

သူမနဲ့အတူရှိချိန်တိုင်းက စိုးရိမ်ပူပင်ခြင်း ၊ စိတ်ဖိစီးခြင်းတွေ မရှိဘူး။ ငြိမ်းချမ်းခြင်း ၊ နွေးထွေးခြင်းတွေနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုမျိုး ခံစားရတယ်ဆိုတာ အချစ်စစ်နဲ့ ဆုံတွေ့ကြသူတွေမှာသာ ရနိုင်တာဖြစ်ပါတယ်။

(၂) စိတ်ချင်းဆက်နွယ်နေတယ်

Photo : Freepik

အချစ်စစ်နဲ့ ချစ်ကြသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်နေကြတာ များပါတယ်။ တစ်ယောက်စိတ်ကို တစ်ယောက်က ကောင်းကောင်းနားလည်နိုင်ပြီး Chemistry မိမိ နဲ့ စိတ်ချင်းရင်းနှီး ဆက်နွယ်နေတာမျိုးပါ။ လူချင်းဘယ်လောက်ပဲ ဝေးနေပါစေ စိတ်ချင်းအမြဲနီးစပ်နေတယ်လို့ခံစားရတယ်ဆိုရင် သင့်အနေနဲ့ အချစ်စစ်ကို ရှာတွေ့နေပြီလို့ ပြောနိုင်ပါပြီ။

(၃) နာကျင်မှုတွေ မပေးကြဘူး

Photo : The Vida Consultancy

Relationship တိုင်းမှာ ရန်ဖြစ်ရတဲ့အချိန် ကတောက်ကဆဖြစ်ချိန်တွေဆိုတာ ရှိကြတာ ပုံမှန်ပါပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ ရန်ဖြစ်စကားများနေပါစေ တစ်ယောက်ကိုတစ်ယောက် နာကျင်မှုတွေ မပေးကြဘူး။ စိတ်ထိခိုက်စေမယ့်အရာတွေကို ရှောင်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အလျော့ပေးခြင်းတွေနဲ့  ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။

(၄) သူငယ်ချင်းကောင်း တစ်ယောက်လိုခံစားရစေတယ်

Photo : The Couple Connection

အချစ်စစ်နဲ့ ချစ်ကြသူတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုနဲ့အတူ တန်ဖိုးထား ချစ်ကြတာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက် ၊ ခံစားချက်အားလုံးကို နားလည်မှုရှိရှိနဲ့ လေးစားတန်ဖိုးထားပေးနိုင်တယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေမှာ ကိုယ်အတွက် ချစ်သူတစ်ယောက်လိုသာမက အရင်းနှီးဆုံးမိတ်ဆွေကောင်းတစ်ယောက်လိုပါ ခံစားရစေတာ ဖြစ်ပါတယ်။

Featured Photo :  PureWow