လူတစ်ယောက်ဟာ ကျန်းမာနေတယ်လို့ ပြောရုံနဲ့တင် မလုံလောက်ပါဘူး။ လူကြည့်လိုက်ရင် ကျန်းမာနေတယ် ထင်ရတာတောင် ကိုယ်ခန္ဓာက အာဟာရဓါတ်တွေ လိုအပ်နေပြီး စိတ်ဖိစီးမှု ရှိနေတယ်ဆိုတာ ပြနေတဲ့ လက္ခဏာတွေ ရှိတတ်ကြပါတယ်။ ဘယ်လို လက္ခဏာတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) အမြဲ အိပ်ချင်နေတာ

Photo: Readers’ Digest

လူကြည့်လိုက်ရင် အမြဲတမ်း ထိုင်းမှိုင်းလေးလံနေတာမျိုး ဖြစ်နေရင်လည်း အိပ်စက်မှုပြဿနာ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေဟာ သွေးတိုးတာ ၊ ဝိတ်တက်တာ နဲ့ နှလုံးရောဂါလို ရောဂါဆိုးကြီးတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ အရွယ်နဲ့ ကိုယ်တွင်း ဟော်မုန်းတချို့ ဟန်ချက်မညီဖြစ်တာကြောင့်လည်း အိပ်စက်မှုပြဿနာ ရှိလာတတ်ပါတယ်။

(၂) ကြွက်သားတွေ တဆတ်ဆတ် တုန်နေတာ

Photo: Readers’ Digest

လက်မောင်းလက်ဖျံ ၊ ခြေသလုံးနဲ့ မျက်ခုံးကြွက်သားတွေ လှုပ်နေရင် သတိထားသင့်ပါတယ်။ အဲ့ဒါဟာ ကြွက်သား အားနည်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ တီဗွီရှေ့မှာ အထိုင်များလို့ ဖြစ်နိုင်ပါတယ်။ ကြာလာရင် နှလုံးစည်းချက်မမှန်ဖြစ်လာနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ဖရုံစေ့ ၊ ဗာဒံစေ့ နဲ့ ငှက်ပျောသီးမျိုး စားပေးသင့်ပါတယ်။

(၃) ခြေထောက်နဲ့ လက်အကြောကပ်နေတာ

Photo: Readers’ Digest

လက်တွေ ခြေတွေ အကြောကပ်တာကလည်း ပုံမှန် ဖြစ်တတ်တဲ့ ကိစ္စပါ။ တစ်ခါတလေမှာ ဗိုက်တာမင် ဘီ 12 ချို့တဲ့တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ စာသောက်ချိန်မှာ ဗိုက်တာမင် B 12 ပါဝင်တဲ့ ကြက်ဥ ၊ အသားနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးသင့်ပါတယ်။

(၄) အသားအရေ ခြောက်ကပ်နေတာ

Photo: Readers’ Digest

ရာသီဥတုအေးရင်လည်း အသားခြောက်တတ်ပါတယ်။ အသားအရေခြောက်လာရင် သတိထားကြည့်ပါ။ ခြောက်သွေ့လွန်းတဲ့ အသားအရေဟာ ဖက်တီးအက်ဆစ်နည်းလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်စားတဲ့ အစားအသောက်ထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓါတ် ဖြည့်ဖို့ လိုနေပြီလို့ ပြနေတာ ဖြစ်တတ်ပါတယ်။ ဒါဆို ထောပတ် ၊ သံလွင်ဆီနဲ့ တခြား ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေ စားပေးဖို့ လိုပြီ ဖြစ်ပါတယ်။

(၅) ဝက်ခြံထွက်လာတာ

Photo: Readers’ Digest

ဝက်ခြံပေါက်တဲ့ အကြောင်းအရင်းက အများကြီး ရှိပါတယ်။ မျိုးရိုးကြောင့်ရော ဟော်မုန်းအနေအထားကြောင့်အပြင် စိတ်ဖိစီးမှုကလည်း ဝက်ခြံပေါက်စေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ များနေလား ၊ သွေးတွင်း သကြားဓါတ်နဲ့ ရောင်ကိုင်းမှုကို အားပေးတဲ့ အစားအသောက်တွေ စားနေမိလား ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။