ကြီးေတြ ဒီေန႔ေတာ့ ရုပ္ရွင္ဇာတ္ကားအေၾကာင္းေျပာဖုိ႔ ကြ်န္ေတာ္ဘဒုိတုိ႔ ခိုက္သြားမယ့္ ဇာတ္ၾကမ္းကားတစ္ကားကုိ ရွာထားတယ္ဗ်။ လုံးဝအက္ရွင္ဇာတ္ၾကမ္းကားတစ္ကားပါ။ ေနာက္ၿပီး ကြ်န္ေတာ္တုိ႔ သေဘာက်ရတဲ႔ ေဘာလီးဝုဒ္မင္းသားေခ်ာ ရန္ဗီးဆင့္ရဲ႕ ဇာတ္ကားသစ္ပါ။ မႈခင္းအက္ရွင္ဇာတ္ၾကမ္းကားပုံစံျဖစ္လုိ႔ အက္ရွင္ကားေတြကုိမွ ေၾကြပါတယ္ဆုိတဲ႔ ကြီးေတြလုံးဝသေဘာေတြ႕သြားပါလိမ့္မယ္။

Photo Credit : Times Now

ဒီဇာတ္ကားရဲ႕ နာမည္ကေတာ့ Simmba ျဖစ္ပါတယ္။ Bajirao Mastani နဲ႔ Padmaavat ဇာတ္ကားေတြမွာ ဇာတ္ရုပ္ေတြကို အလန္းစားသရုပ္ေဆာင္ခဲ႔လုိ႕ ကြ်န္ေတာ္တုိ႔ေတြ ႏွစ္သက္အားေပးခဲ႔ရတဲ႔ ေဘာလီးဝုဒ္မင္းသားေခ်ာ ရန္ဗီးဆင့္က ဒီ Simmba ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားေနရာကေန သရုပ္ေဆာင္ထားတာပါ။ လာဘ္စားတဲ႔ရဲသားဆင္းဘားရဲ႕ဘဝအေၾကာင္းကုိ အေကာင္းဆုံးတင္ဆက္ထားတဲ႔ ဇာတ္ကားပုံစံမ်ိဳးျဖစ္ၿပီးေတာ့ ဆင္းဘားအေနနဲ႔ ဘာေၾကာင့္ ဒီလုိစရိတၱမေကာင္းတဲ႔ ရဲဝန္ထမ္းတစ္ေယာက္ ျဖစ္လာရတယ္ဆိုတဲ႔အေၾကာင္းကုိပါ ထည့္သြင္းပုံေဖာ္ေပးထားပါတယ္။

Video Credit : Youtube

ရန္ဗီးဆင့္က သူနာမည္ေက်ာ္ခဲ႔တဲ႔ ဇာတ္ကားတုိင္းလုိလုိမွာ အဓိကဇာတ္ရုပ္ကုိ ဗီလိန္ကာရုိက္တာမ်ိဳးေတြနဲ႔ တြဲဖက္သရုပ္ေဆာင္တဲ႔ေနရာမွာ ထူးခြ်န္လြန္းလွသူျဖစ္ေနတာေၾကာင့္ ဒီဇာတ္ကားထဲမွာလည္း လာဘ္စားလြန္းတဲ႔ ရဲတစ္ေယာက္အျဖစ္ အပီအျပင္ဆုံးသရုပ္ေဆာင္ထားတာကုိ ကြီးတုိ႔ေတြ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမွာပါ။ ဇာတ္ကားက Rating ပုိင္းအရ သိပ္မဆုိးလွေပမယ့္လည္း တျခားေဘာလီးဝုဒ္ဇာတ္ကားေတြေလာက္ေတာ့ Rating အျမင့္ႀကီးေတြေတာ့ မရထားပါဘူး။ ဒါေပမယ့္ အက္ရွင္ဇာတ္ကားႀကိဳက္သူေတြအတြက္ ဒီ Simmba ဇာတ္ကားက စိတ္ေက်နပ္မႈတစ္ခုကုိ ရရွိေစမွာ ေသခ်ာပါတယ္။ ကဲ…ကြီးတုိ႔ေရ Simmba ကုိ နီးစပ္ရာမွာ ေဒါင္းလုပ္ဆြဲၿပီး အနားယူခ်ိန္ေလးမွာ ၾကည့္ရေအာင္ေလဗ်ာ။

(Unicode)

ကွီးတွေ ဒီနေ့တော့ ရုပ်ရှင်ဇာတ်ကားအကြောင်းပြောဖို့ ကျွန်တော်ဘဒိုတို့ ခိုက်သွားမယ့် ဇာတ်ကြမ်းကားတစ်ကားကို ရှာထားတယ်ဗျ။ လုံးဝအက်ရှင်ဇာတ်ကြမ်းကားတစ်ကားပါ။ နောက်ပြီး ကျွန်တော်တို့ သဘောကျရတဲ့ ဘောလီးဝုဒ်မင်းသားချော ရန်ဗီးဆင့်ရဲ့ ဇာတ်ကားသစ်ပါ။ မှုခင်းအက်ရှင်ဇာတ်ကြမ်းကားပုံစံဖြစ်လို့ အက်ရှင်ကားတွေကိုမှ ကြွေပါတယ်ဆိုတဲ့ ကွီးတွေလုံးဝသဘောတွေ့သွားပါလိမ့်မယ်။

Photo Credit : Times Now

ဒီဇာတ်ကားရဲ့ နာမည်ကတော့ Simmba ဖြစ်ပါတယ်။ Bajirao Mastani နဲ့ Padmaavat ဇာတ်ကားတွေမှာ ဇာတ်ရုပ်တွေကို အလန်းစားသရုပ်ဆောင်ခဲ့လို့ ကျွန်တော်တို့တွေ နှစ်သက်အားပေးခဲ့ရတဲ့ ဘောလီးဝုဒ်မင်းသားချော ရန်ဗီးဆင့်က ဒီ Simmba ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်ထားတာပါ။ လာဘ်စားတဲ့ရဲသားဆင်းဘားရဲ့ဘဝအကြောင်းကို အကောင်းဆုံးတင်ဆက်ထားတဲ့ ဇာတ်ကားပုံစံမျိုးဖြစ်ပြီးတော့ ဆင်းဘားအနေနဲ့ ဘာကြောင့် ဒီလိုစရိတ္တမကောင်းတဲ့ ရဲဝန်ထမ်းတစ်ယောက် ဖြစ်လာရတယ်ဆိုတဲ့အကြောင်းကိုပါ ထည့်သွင်းပုံဖော်ပေးထားပါတယ်။

Video Credit : Youtube

ရန်ဗီးဆင့်က သူနာမည်ကျော်ခဲ့တဲ့ ဇာတ်ကားတိုင်းလိုလိုမှာ အဓိကဇာတ်ရုပ်ကို ဗီလိန်ကာရိုက်တာမျိုးတွေနဲ့ တွဲဖက်သရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်လွန်းလှသူဖြစ်နေတာကြောင့် ဒီဇာတ်ကားထဲမှာလည်း လာဘ်စားလွန်းတဲ့ ရဲတစ်ယောက်အဖြစ် အပီအပြင်ဆုံးသရုပ်ဆောင်ထားတာကို ကွီးတို့တွေ မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။ ဇာတ်ကားက Rating ပိုင်းအရ သိပ်မဆိုးလှပေမယ့်လည်း တခြားဘောလီးဝုဒ်ဇာတ်ကားတွေလောက်တော့ Rating အမြင့်ကြီးတွေတော့ မရထားပါဘူး။ ဒါပေမယ့် အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ဒီ Simmba ဇာတ်ကားက စိတ်ကျေနပ်မှုတစ်ခုကို ရရှိစေမှာ သေချာပါတယ်။ ကဲ…ကွီးတို့ရေ Simmba ကို နီးစပ်ရာမှာ ဒေါင်းလုပ်ဆွဲပြီး အနားယူချိန်လေးမှာ ကြည့်ရအောင်လေဗျာ။