ယောင်္ကျားလေးတွေအတွက် မုတ်ဆိတ်ရိတ်တယ်ဆိုတာ တစ်ပတ်တစ်ခါပုံမှန် လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အတော်များများက မုတ်ဆိတ်ကို ဒီအတိုင်း ရိတ်လိုက်ရင် ပြီးသွားတာပဲလို့ ထင်တတ်ပါတယ်။ တကယ်က မုတ်ဆိတ်ရိတ်ပြီး အသားအရေမထိခိုက်အောင် ကာကွယ်ဖို့ပါ လိုပါတယ်။

Aftershave လို့ ခေါ်ကြတဲ့ မုတ်ဆိတ်ရိတ်ပြီးနောက် ဘာတွေ လုပ်ပေးဖို့ လိုမလဲဆိုတဲ့ အချက်ကို သိထားမယ်ဆိုရင် မုတ်ဆိတ်ရိတ်ပြီး ဓါးထိတာနဲ့ အသားအရေ နီမြန်းနာကျင်တာမျိုးကို လျှော့ချနိုင်မှာပါ။ မုတ်ဆိတ်ရိတ်ပြီးတိုင်း အသားအရေ ချောမွေ့ဖို့အတွက် Aftershave Balm ဒါမှမဟုတ် Lotion တစ်ခုခု ဖြစ်စေ အရည်ဖြန်းပေးတဲ့ အရာတစ်ခုခု ဖြစ်စေ သုံးနိုင်ပါတယ်။

Photo: curriedayspa

အသားအရေ ချောမွေ့ချင်ရင်တော့ Aftershave Splash မသုံးပါနဲ့။ ဒီအမျိုးအစားတွေက ပိုးသတ်ဖို့ အဓိကထုတ်ထားတာ ဖြစ်လို့ အယ်လ်ကိုဟောပါဝင်ကြလို့ ဖြစ်ပါတယ်။ အယ်လ်ကိုဟောဓါတ်ဟာ အသားအရေ ခြောက်ပြီး ယားယံစေနိုင်လို့ ဖြစ်ပါတယ်။ အကောင်းဆုံးက Aftershave Balm တစ်ခု သုံးတာ ဖြစ်ပါတယ်။

Aftershave Balm ဆီက အသားအရေချောမွေ့စေဖို့ အတွက် ထိရောက်မှု ရှိလို့ပါ။ အဓိကကတော့ အယ်လ်ကိုဟောမပါတဲ့ Aftershave ထုတ်ကုန်တွေ ရွေးချယ်ဖို့ ဖြစ်ပါတယ်။ Aftershave သုံးမယ်ဆိုရင် မျက်နှာကို အရင်ဆုံး ရေအေးအေးနဲ့ ဖျန်းပက်ပြီး နူးညံ့တဲ့ Towel တစ်ခုခုနဲ့ ခြောက်အောင် သုတ်ပါ။ ပြီးရင် လက်ဖဝါးထဲ Aftershave Balm ကို ထည့်ပြီးမှ မျက်နှာကို ညင်ညင်သာသာလေး နှိပ်နယ်ပွတ်သပ်ပေးလိုက်ပါ။

Source : Science ABC

ဒါတွေကတော့ မုတ်ဆိတ်ရိတ်ပြီး သိစရာလေးတွေ ဖြစ်ပါတယ်။မုတ်ဆိတ်မရိတ်ခင်မှာလည်း သတိထားဖို့ လိုတာလေးတွေ ရှိပါတယ်။ မုတ်ဆိတ်ဓါးမရှအောင် နဲ့ အရေပြား ယားယံမှု မဖြစ်အောင် အခြောက်တိုက် ရိတ်ခြင်း Dry Shave မလုပ်ပါနဲ့။ ရေခပ်နွေးနွေးနဲ့ ၁၀ မိနစ်လောက်ကြာအောင် မုတ်ဆိတ်ကို ဆွတ်ထားပါ။ ဆပ်ပြာမသုံးဘဲ Shaving Cream ပဲ သုံးပါ။

ဒီနည်းလမ်းလေးကို မုတ်ဆိတ်ရိတ်တိုင်း လိုက်နာသွားမယ်ဆိုရင် အသားအရေလည်း နူးညံ့ချောမွေ့စေသလို မုတ်ဆိတ်ရိတ်တာလည်း ပိုပြီး သပ်ရပ်ပြောင်စင်သွားမှာ ဖြစ်ပါတယ်။