ငါက ယောကျာ်းတစ်ယောက်ပဲ အသားအရေထိန်းသိမ်းစရာမလိုပါဘူး လို့ တွေးထင်နေရင် သင် မှားသွားပါလိမ့်မယ်။ တကယ်တော့ ကွီးတို့လည်း ကိုယ့်အသားအရေ ၊ ဆံကေသာအလှအပနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အစရှိသည်တို့ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက တစ်ကိုယ်ရည်သန့်ရှင်းရေးကို လိုလားတဲ့ကွီးတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
အသားအရေကို ရေဓာတ်ဖြည့်ပါ

သင့်ရဲ့ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို သင် ဂရုစိုက်ပေမယ့် ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုကို ဂရုမစိုက်မိရင်လည်း အပိုပါပဲ။ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
အရေပြား ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ခန္ဓာကိုယ်သည် အရေပြားချည်းပဲ ၈ ပေါင်ခန့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေ ရေဓာတ်ပြည့်ဝခြင်းသည် နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။
အသားအရေရေဓာတ်ပြည့်ဝဖို့အတွက် ရေများများသောက်ပေးပါ။ ရေချိုးပြီးတဲ့အချိန်မှာ အသားအရေက ခြောက်သွေ့နေသလို ခံစားရပါက လိုးရှင်းလူးပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအတွက်လည်း ရေဓာတ်ဖြည့်ပေးမယ့် Moisturizer တစ်မျိုး လိမ်းကျံသင့်ပါတယ်။
နှုတ်ခမ်းမွှေးရိတ်တဲ့အခါ မျက်နှာကို ကြိုတင်ကာကွယ်ထားပါ

နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ခြင်းသည် အခန့်မသင့်ပါက ကွီးတို့ရဲ့အသားအရေကို ယားယံစေပါတယ်။ Shaving Cream မသုံးဘဲ နှုတ်ခမ်းမွှေးရိတ်ရင် ပိုယားယံတတ်ပါတယ်။ ကွီးတို့အနေနဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်နေချိန်မှာ ယားယံခြင်း၊ နီမြန်းခြင်းကို ခံစားနေရတယ်ဆိုရင်တော့ မုတ်ဆိတ်မရိတ်ခင်မှာ Shaving Cream ကို မဖြစ်မနေ သုံးကို သုံးသင့်ပါတယ်။
မျက်နှာကို သန့်စင်ပါ

တစ်နေကုန်လုံး အပြင်သွားပြီး အိမ်ပြန်ရောက်တဲ့အခါ ကွီးတို့မျက်နှာပေါ်မှာ အညစ်အကြေးများ၊ ဖုန်မှုန့်များ၊ ချွေးများ ကပ်ငြိနေမှာဖြစ်ပါတယ်။ ထိုအညစ်အကြေး၊ ဖုန်မှုန့်များသည် ချွေးပေါက်များကို ပိတ်စေတာကြောင့် မျက်နှာမသစ်ဘဲ အိပ်ရာတန်းဝင်တဲ့အခါ အချိန်ကြာလာမယ်ဆိုရင် ဝက်ခြံပေါက်ခြင်း၊ အဖု အပိန့်များ ထွက်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မဖြစ်မနေ မျက်နှာသစ်ရမှာ ဖြစ်ပါတယ်။
အမျိုးသားသုံး ခေါင်းလျှော်ရည်များ အသုံးပြုပါ
![]()
ကွီးတို့ရဲ့ ဦးရေပြားသည် အမျိုးသမီးတွေရဲ့ ဦးရေပြားနဲ့ မတူပါဘူး။ ပိုမိုယားယံလွယ်ပြီး ခေါင်းလျှော်ရည်နဲ့ မတည့်ပါက ဆံကေသာ ပျက်စီးကြမ်းတမ်းတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ကွီးတို့အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်များကိုသာ သုံးစွဲသင့်တာဖြစ်ပါတယ်။
သွားကျန်းမာရေးကို ဂရုစိုက်ပါ

ကျန်းမာလှပပြီး ဖြူဖွေးတဲ့သွားများသည် ကွီးတို့ရဲ့အပြုံးကို ပိုမိုတောက်ပပြီး ဆွဲဆောင်မှုရှိလာအောင် ကူညီပေးနိုင်ပါတယ်။ အစား စားပြီးတိုင်း ပလုတ်ကျင်းပေးခြင်း၊ တစ်နေ့လျှင် နှစ်ကြိမ်ခန့် ပုံမှန်သွားတိုက်ပေးခြင်းတို့သည် မိမိသွားနှင့် သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တကယ်လို့ သင်သည် ကော်ဖီအလွန်အကျွံ သောက်သုံးတတ်တဲ့သူ၊ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင်တော့ သွားများ ဖြူဝင်းနေဖို့ဆိုရင် သွားဆရာဝန်ထံ သွားရောက်ပြသကာ ကုသမှုခံယူနိုင်ပါတယ်။
Source: Vicibeautyschool.com
Featured Image: Indianexpress
