အသက်ရှည်ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ဘဝကိုပဲ လူတိုင်းပိုင်ဆိုင်ချင်ကြတာပါ။ ဘယ်သူမှ အနာရောဂါခံစားပြီး အိပ်ရာထဲလှဲနေရတဲ့ လူမမာဘဝကို မလိုချင်ကြပါဘူး။ အသက်ရှည်ကျန်းမာဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပေးမယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်တွေကို ပုံမှန်စားပေးဖို့လိုအပ်ပါတယ်။

Stanford တက္ကသိုလ်ရဲ့ လေ့လာချက်အရ အခုဖော်ပြပေးမယ့်အချက်တွေက အသက်ရာကျော် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မယ့် လျှို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။

ဘာတွေဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်များ မှီဝဲပါ။

အဆီအလွန်အကျွံစားခြင်းက ကျန်းမာရေးထိခိုက်နိုင်သလိုပဲ အဆီဓာတ် လုံးဝ မစားသုံးခြင်းကလည်း ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ သံလွင်ဆီ၊ ထောပတ်သီးဆီနဲ့ အခြားအစေ့အဆံများမှ ရရှိတဲ့အဆီဓာတ်က သွေးလှည့်ပတ်မှုကမှောက်ကမဖြစ်ခြင်းကြောင့် သေဆုံးခြင်းမှ ၁၆ ရာခိုင်နှုန်းခန့် လျော့ချပြီးသားဖြစ်ပါတယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ ကြက်သား၊ အနီရောင်ရှိတဲ့အသားများကတော့ သွေးလှည့်ပတ်မှုစနစ်မှားယွင်းခြင်းကြောင့် သေဆုံးခြင်းကို၂၅ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါတယ်။

ဆိုဖာပေါ်မှာ မလှဲပါနဲ့။

တီဗွီကြည့်တဲ့အခါ ဆိုဖာပေါ်မှာ အချိန်အကြာကြီးလှဲအိပ်ပြီး ကြည့်ခြင်းကလည်း ကျန်းမာရေးနဲ့မညီညွှတ်ပါဘူး။ လေ့လာချက်များအရ တစ်နေ့ကို ၂ နာရီခန့်ကျော်ပြီး တီဗွီရှေ့မှာ အချိန်ဖြုန်းခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ သိရှိရပါတယ်။

ပိတ်ရက်မှာ ကြာကြာအိပ်ပါ။

အခုဆိုရင်တော့ ရုံးပိတ်ရက်မှာ အကြာကြီးအိပ်မိလို့ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရတဲ့စိတ်ကို ဖျောက်ဖျက်နိုင်ပါပြီ။ ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tobjörn Akerstedt ရဲ့ လေ့လာစမ်းသပ်ချက်အရ ပိတ်ရက်မှာ ကြာကြာအိပ်စက်အနားယူခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးရခြင်းကို တားဆီးပေးနိုင်ပါတယ်။

မိမိအိမ်ကို သန့်ရှင်းသပ်ရပ်နေအောင် အမြဲတမ်း ရှင်းလင်းပါ။

တစ်ရက်ကို မိနစ် ၃၀ ခန့် အချိန်ပေးပြီး ၅ ရက်လောက် လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ မိမိအိမ်ကို သန့်ရှင်းရေးပြုလုပ်ခြင်းက အားကစားခန်းမမှာ သွားရောက်ဆော့ကစားခြင်းနဲ့ ရလဒ်အတတူပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်က သန့်ရှင်းသပ်ရပ်နေတော့ ဘက်တီးရီးယားပိုးမွှားများ ခိုအောင်းနေခြင်းမှ တားဆီးပိတ်ပင်ထားနိုင်ပါတယ်။

မိမိကို နားလည်ပေးနိုင်သူများနဲ့ စကားများများပြောပါ။

မိမိရဲ့ ပတ်ဝန်းကျင်မှာ မိမိကို စာနာနားလည်ပေးနိုင်တဲ့ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများ ရှိခြင်းက အသက်ရှည် ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေ အမြောက်အများရှိစရာမလိုပါဘူး။ ကိုယ့်ကို အမှန်တကယ်နားလည်ပေးနိုင်တဲ့သူတစ်ယောက်ရှရင်ပဲ လုံလောက်နေပါပြီ။

Source: Brightside.me