Covid – 19 ရောဂါလှိုင်းက နောက်ထပ်တစ်ကြိမ်ပြန်လည်ရိုက်ခတ်လာပြန်တာကြောင့် လက်ရှိအခြေအနေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဂရုတစိုက်နေထိုင်မှသာ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်လွယ်လွယ်ကူကူလုပ်နိုင်တဲ့ ကိုယ်ခံအားကောင်းစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။

Source : Change Your Energy

ရေများများသောက်ပါ – ခန္ဓာကိုယ်အတွက် လုံလောက်ရေဓာတ်ဖြည့်ပေးခြင်းကလည်း ကိုယ်ခံအားစနစ်အပေါ်ကောင်းမွန်တဲ့ အကျိုးရလဒ်တွေရရှိစေပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ကျန်းမာလန်းဆန်းပြီး ရောဂါပိုးတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။

ရယ်မောပါ – ရယ်မောခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ချပေးတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ ခန္ဓာကိုယ်နာမကျန်းမှုများနဲ့ ရောဂါပိုးတွေကို အထိရောက်ဆုံးတိုက်ထုတ်ပေးပါတယ်။

သီချင်းဆိုပါ – ဂျာမန်ဂီတအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုအရ သီချင်းဆိုခြင်းဟာ ပျော်ရွှင်မှုဟော်မုန်းတိုးစေပြီး ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားလပ်ချိန်မှာ မိသားစုနဲ့ အဖွဲ့လိုက်ဖြစ်စေ တစ်ယောက်တည်းဖြစ်စေ သီချင်းဆိုပေးသင့်ပါတယ်။

Source : Cold-Fix

လေ့ကျင့်ခန်းလုပ်ပါ – နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တနေ့တာမှာအချိန်နာရီဝက်လောက်ပေးပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်ပါတယ်။

လုံလောက်စွာအိပ်ပါ – ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အိပ်စက်ခြင်းကလည်းမေ့ထားလို့မရပါဘူး။ လူတစ်ယောက်ဟာ တနေ့တာမှာ အနည်းဆုံး ရ နာရီခန့်အိပ်စက်ဖို့ လိုအပ်ပြီး လုံလောက်တဲ့အိပ်စက်ရှိမှာလည်း ခန္ဓာကိုယ်မှာစွမ်းအင်တွေပြည့်ဝနေမှာဖြစ်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေမှာဖြစ်ပါတယ်။