ရှာမယ် ၊ သုံးမယ် ဆိုတဲ့ အဆင့်မှာတင် ရပ်နေရင် ငွေကို ကိုင်တွယ်တဲ့ပုံစံ မှားနေပြီလို့ ဆိုနိုင်ပါတယ်။လူငယ်ဘဝ ရှာနိုင် ဖွေနိုင်တုန်းမှာ ငွေကြေးကို ကောင်းကောင်း စီမံမှု မလုပ်နိုင်ရင် အရွယ်ကြီးလာချိန်မှာ ဒုက္ခရောက်သွားပါလိမ့်မယ်။ငယ်တုန်းရွယ်တုန်း အလုပ်ဝင်ချိန်မှာ ငွေကြေးနဲ့ ပတ်သက်ပြိး ဒီလို စည်းကမ်းတွေ လိုက်နာသင့်ပါတယ်။

(၁) အသုံးစရိတ် ပြန်ကြည့်ပါ

Photo: Pexels

တစ်ပတ်တစ်ပတ် သင်ရှာထားတဲ့ ငွေတွေအားလုံး ဘယ်ရောက်သွားသလဲ ပြန်ကြည့်မိပါသလား။ ဘယ်ပစ္စည်းကို ဘယ်လောက် သုံးလိုက်သလဲ သိအောင် လုပ်ခြင်းဟာ ထွက်ငွေရဲ့ လမ်းကြောင်းကို ရှာလိုက်တာပါပဲ။ အပတ်စဉ် အသုံးဇယားဆွဲပြီး ကိုယ်သုံးလိုက်တဲ့ ငွေဘယ်လောက်လဲ ပြန်ပြန်ကြည့်ပေးဖို့ လိုပါတယ်။

(၂) အရစ်ကျ ငွေပေးမှုတွေကို ဂရုစိုက်ပါ

Photo: Unsplash

ဒီဘက်ခေတ်မှာ အရစ်ကျနဲ့ ဝယ်လိုရတဲ့ ဇိမ်ခံပစ္စည်းတွေ အသုံးအဆောင်တွေ မနည်းမနောပါပဲ။ တတ်နိုင်သလောက် Credit ကဒ်သုံးတာမျိုး ၊ ဘဏ်နဲ့ ချိတ်ပြီး အရစ်ကျဝယ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။

ဒီအတွက် လိုက်နာသင့်တဲ့ နည်းဥပဒေသကတော့ ငွေသားနဲ့ မချေနိုင်ရင် မဝယ်နဲ့ ဆိုတာပါပဲ။ သုံးမယ်ဆို ငွေကို သုံးစရာနေရာတွေ အများကြီး ရှိပါတယ်။ ဂိမ်းကစားသူတွေဆို In-Item ဝယ်တာကနေ အွန်လိုင်းပေါ်က Discount ချတာတွေအထိ ဝယ်ချင်သူတွေအတွက် မက်စရာပါ။

(၃) ငွေကြေးပန်းတိုင် ချပါ

Photo: National Debt Relief

Financial Goal တစ်ခုဟာ ရှာထားတဲ့ ငွေကို ထိန်းသိမ်းဖို့ အရေးပါတဲ့ အရာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၈၀၀ တန် high-end iPhone ကို နောက်နှစ်နှစ်မှာ ဝယ်ချင်တယ်ဆိုရင် ကိုယ့်အသုံးစရိတ်ထဲက တစ်ပတ်ကို ၁၇ ဒေါ်လာ စုဆောင်းဖို့ လိုပါတယ်။ ဒီနည်းအတိုင်း ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုအတွက် တင်ကြိုပြီး ငွေကြေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင် ချမှတ်ထားသင့်ပါတယ်။

(၄) အရေးပေါ် ရန်ပုံငွေ ထားပါ

Photo: Pexels

တစ်ချိန်ချိန်မှာ အရေးတကြီး ငွေလိုတဲ့ ကိစ္စဆိုတာ ပေါ်လာပါလိမ့်မယ်။ အရေးပေါ် ထားမယ့် ငွေဟာ ကျန်းမာရေးအတွက်လည်း ဖြစ်နိုင်သလို မိသားစုအရေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အရေးပေါ် အရန်ငွေဟာ အနည်းဆုံး သင့်လစာရဲ့ ၃ ဆ ကနေ ၆ လစာ ဖြစ်သင့်ပါတယ်။

(၅) နောင်ရေးအတွက် ငွေစုငွေရင်းပါ

Photo: Unsplash

လူငယ်တစ်ယောက်အနေနဲ့ ဖိနပ်သစ်လေး ဝယ်ချင်တာ ၊ ဖုန်းသစ်လေး ကိုင်ချင်တာတွေ ရှိမှာပါ။ ဒီလို ဝယ်ချင်တာတွေ ခေါက်ထားပါ။ အနာဂါတ်မှာ သုံးဖို့အတွက် ငွေစုထားသင့်ပါတယ်။ ဒီငွေဟာ ဘာအလုပ်မှ မလုပ်နိုင်တဲ့ အချိန်မှာ သုံးဖို့အတွက်လည်း ဖြစ်နိုင်သလို ပညာသစ်ရှာဖို့ ၊ လုပ်ငန်းတစ်ခု ကိုယ်တိုင် ထောင်ဖို့ ငွေပင်ငွေရင်း ဖြစ်လာပါလိမ့်မယ်။